နအဖစစ်တပ်မှ ဗိုလ်မှူးတဦး ကေအန်အယ်လ်အေသို့ လာရောက်ပူးပေါင်း

NEJ / ၂ အောက်တိုဘာ ၂၀၀၇- ဆန္ဒပြသံဃာတော်များအား အကြမ်းဖက်ဖြိုခွင်းခိုင်းသည့် အမိန့်အား ငြင်းပယ်၍ မြန်
မာစစ်တပ်မှ ဗိုလ်မှူးတဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်စခန်းတခုသို့
လာရောက် ပူးပေါင်းခဲ့သည်။

မြန်မာစစ်တပ် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတရင်းမှ ဒု-ရင်းမှူး ဗိုလ်မှူးဌေးဝင်းသည် စက်တင်ဘာ (၂၆) ရက်
၌ ရောက်ရှိလာခြင်းဖြစ်သည်။

သံဃာတော်များအား အကြမ်းဖက်ဖြိုခွင်းရမည့် အမိန့်တာဝန်အား ငြင်းပယ်ခဲ့သဖြင့် အထက်မှ ၎င်းအား အရေးယူမည်
ကို ကြိုတင်သိရှိထားသဖြင့် တိမ်းရှောင်လာခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိဗိုလ်မှူးဌေးဝင်းအား ကေအန်အယ်လ်အေ စစ်ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီး စောနယ်ဒါးမြကတာဝန်ယူစောင့်ရှောက်
ထားသည်။

ဗိုလ်မှူးကြီး စောနယ်ဒါးမြက ဗိုလ်မှူးဌေးဝင်းရောက်ရှိခြင်းကို အတည်ပြုပြောကြားပြီး ရောက်ရှိသည့် နေရာဒေသတပ်
စခန်းကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

ဗိုလ်မှူးဌေးဝင်းသည် ၎င်း၏ သားဖြစ်သူတဦးနှင့်အတူ တပ်စခန်းမှ ထွက်ခွာလာခြင်းဖြစ်သည်။

ယခင်လ (၂၇) ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က မြန်မာစစ်တပ်မှ စစ်သည်များအား တော်
လှန်ရေးအဖွဲ့အစည်းအသီးသီးနှင့် လာရောက်ပူးပေါင်းရန်၊ ပြည်သူဘက်မှ ရပ်တည် န် ဖိတ်ခေါ်သည့် ကြေညာချက်
တစောင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဗိုလ်မှူးဌေးဝင်းသည် ပထမဆုံးဝင်ရောက်သည့် မြန်မာစစ်တပ်မှ အရာရှိတဦးဖြစ်
သည်။

ဗိုလ်မှူးဌေးဝင်းသည် ၎င်းထွက်လာသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း သတင်းစာရှင်းလင်း
ပွဲ ပြုလုပ်မည်ဟု သိရသည်။

အမှားပြင်ဆင်ချက်-

၂၊ ၁၀၊၂၀၀၇ နေ့ ခေတ်ပြိုင်အင်တာနက် စာမျက်နှာတွင်ဖော်ပြခဲ့သော “နအဖ စစ်တပ်မှ ဗိုလ်မှူးတဦး ကေအန်အယ်
လ်အေသို့ လာရောက်ပူးပေါင်း” သတင်းတွင် ဗိုလ်မှူးဌေးဝင်းဟု မှားယွင်းဖော်ပြမိသည်ကို ဗိုလ်မှူးလှဝင်းဟု ပြင်ဆင်
ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: