နအဖကိုထောက်ခံသည့် တရုတ်အစိုးရကို တရုတ်ပြည်သူများက စတင်ဝေဖန်လာ

NEJ/ ၁ အောက်တိုဘာ၂၀၀၇-မြန်မာနိုင်ငံအတွင်း ရဟန်းရှင်လူကျောင်းသားပြည်သူများ၏ငြိမ်း
ချမ်းစွာ ဆန္ဒပြမှုအပေါ် နအဖစစ်အစိုးရက နှိမ်နင်း သတ်ဖြတ်နေသည့် သတင်း၊ဓာတ်ပုံ၊ဗွီဒီယို
မှတ်တမ်းများကို တရုတ်ပြည်အတွင်းရှိ အင်တာနက်စာမျက်နှာတွင် ဖော်ပြနေ ပြီးတရုတ်အစိုးရ
အားဝေဖန်ရေးသားမှုများ ပြုလုပ်လာသည်။တရုတ်ပြည်တွင်းရှိ တရုတ်စာနှင့်ဖော်ပြသည့် အင်
တာနက်ပေါ်ရှိ Web စာမျက်နှာများ၊ Chat Room များတွင် သတင်း၊ဓာတ်ပုံများ၊ ဗွီဒီယိုမှတ်
တမ်းများ ဖော်ပြလာနေပြီး မြန်မာစစ်အစိုးရကို ကူညီထောက်ပံ့ကာ ရင်းရင်း နှီးနှီးဆက်ဆံမှုပြု
နေသည့် တရုတ်အစိုးရကို ဝေဖန်နေကြသည်ဟု အင်တာနက်သုံးစွဲသည့် တရုတ် လူငယ်တဦး
ကပြောသည်။၎င်းက “မြန်မာပြည်ထဲမှာ ဆန္ဒပြနေတာတွေကို ဒီကလူတွေ စိတ်ဝင်စားကြတယ်။
အထူးသဖြင့် ဂျပန် သတင်းထောက်ကို အနီးကပ်ပစ်သတ်တဲ့ပုံတွေဆို အသားပေးဖော်ပြကြ
တယ်။ ဒီလိုအစိုးရမျိုးကို တရင်းတနှီး ဆက်ဆံနေရသလား၊ အားပေးထောက်ခံနေရသလားဆို
ပြီး ဝေဖန်လာကြတယ်” ဟုပြော သည်။

တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားနှင့်သတင်းစာများတွင် မြန်မာနိုင်ငံအတွင်း လတ်တလော ဆ
န္ဒပြသူ သံဃာတော်များအား ရိုက်နှက်၊ ပစ်ခတ်၊ ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ဖော်ပြခြင်းမရှိ
သေးဘဲ တရုတ်ပြည်အတွင်း ကြည့်ရှုနိုင်သည့် ဟောင်ကောင်ရုပ်သံလှိုင်းတွင် ထုတ်လွှင့်ပြသ
မှုများ ရှိနေသည်ဟု ယူနန်ပြည်နယ် ကူမင်းမြို့မှ ဒေသခံတဦးကပြောသည်။

တရုတ်ပြည်တွင်းထုတ် သတင်းစာများတွင်လည်း မြန်မာနိုင်ငံအတွင်း သံဃာတော်များ၏ ဆ
န္ဒပြမှုများ၊ လောင်စာဆီဈေးတက်မှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကို ရေးသားလာ
နေကြောင်း တရုတ်ပြည်အတွင်း နှစ်ပေါင်းအတော်ကြာနေလာသည့် မြန်မာနိုင်ငံသားတဦးက
ပြောသည်။

၎င်းက “နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တာ ဖော်ပြတာ အတော်ကိုရှားပါတယ်။ မူးယစ်ဆေး
တို့၊ ကုန်သွယ်ရေးကိစ္စတို့၊ နယ်စပ်ကိစ္စတို့တော့ဖော်ပြတာရှိတာပေါ့။ မှတ်မှတ်ရရဆိုလို့ ၂၀၀၃
ခု ဒီပဲယင်းအရေးအခင်းတုန်းကတော့ တခါဖော်ပြတယ်။ အခုတော့ တရုတ်ပြည်သူတွေကပါ
အာရုံစိုက် လာကြတော့ ဖော်ပြတာနည်းနည်းများလာတာ ဖြစ်နိုင်တယ်” ဟုပြောသည်။

တရုတ်အစိုးရသည် နအဖအား စီးပွားရေး၊ စစ်ရေးအကူအညီများသာမက နိုင်ငံရေးအရပါ
ကျောထောက်နောက်ခံပြုထားကြောင်း မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတကာ၏
ထောက်ပြဝေဖန်မှုကို ခံနေရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: