စင်္ကာပူမြန်မာသံရုံးရှေ့တွင် အတိုက်အခံဒီမိုကရက်မှ ရက်ရှည်ဆန္ဒပြ

ကျော်ထင်(ထိုင်း) / ၁ အောက်တိုဘာ ၂၀၀၇-ဆန္ဒပြသံဃာများနှင့် ပြည်သူလူထုကို အကြမ်း
ဖက်နှိမ်နင်းသတ်ဖြတ် နေသော နအဖစစ်အစိုးရအား ကန့်ကွက်သည့်အနေဖြင့် စင်္ကာပူနိုင်ငံ၊
မြန်မာသံရုံးတွင် အဓိကအတိုက်အခံပါတီကြီးဖြစ်သည့်ဒီမိုကရက်ပါတီမှ ဦးဆောင်ပြီး (၄) ရက်
ဆက်တိုက် ဆန္ဒပြလက်မှတ်ရေးထိုးမှုကို ယမန်နေ့က စတင်ခဲ့သည်။ဒီမိုကရက်ပါတီ အထွေ
ထွေအတွင်းရေးမှူး Mr. Chee Soonjuan ကမြန်မာပြည်သူများနှင့် သွေးစည်းညီညွတ်မှုရှိ
ကြောင်းပြသရန်၊ စင်္ကာပူအစိုးရမှ မြန်မာစစ်အစိုးရအား လက်နက်ရောင်းချနေ မှုကို ရပ်တန့်
ရန်၊ မူးယစ်ရာဇာ လော်စစ်ဟန်နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်နေ
ခြင်းကို ရပ်တန့်ပေးရန်နှင့် ရင်းနှီးမြုပ်နှံမှုများရုပ်သိမ်းပေးရန် ရည်ရွယ်ပြီး ယခုကဲ့သို့ တောင်း
ဆိုရခြင်းဖြစ်ကြောင်းပြောသည်။ဆန္ဒပြမှုကို ယမန်နေ့ နေ့လည် (၁၂) နာရီက စတင်ခဲ့ပြီး
လာမည့်ဗုဒ္ဒဟူးနေ့အထိ ဆက်လက်လုပ် ဆောင်သွားမည်ဟု သိရသည်။ ဆန္ဒပြပွဲသို့ အနီ
ရောင်တီရှပ်များ ၀တ်ဆင်ထားသော မြန်မာလူမျိုး အချို့လာရောက်ပူးပေါင်းလက်မှတ်ထိုးကြ
သည်။

ကန့်ကွက်ဆန္ဒပြ လက်မှတ်ရေးထိုးခဲ့သည့် မြန်မာလူမျိုးတဦးက “စင်ကာပူရဲ့ အဓိက အတိုက်
အခံ ပါတီဖြစ်တဲ့ ဒီမိုကရက်က လူတွေ (၁၁) ယောက်ရှိနေသေးတယ်ဗျ။ သူတို့ပါတီ အတွင်း
ရေးမှူး ကိုယ်တိုင် ပါလာတာဗျ။ Dr Chee Soon Juan ကိုယ်တိုင်လေ။ သူပြောတာက သူ
တို့က ဒီမိုကရေစီ လိုလားတဲ့ ပါတီဖြစ်တဲ့အတွက် ဗမာပြည်မှာ ဒီလိုမျိုးဖြစ်နေတာကို လက်မခံ
ဘူး။ ဒေါ်စုကို သူတို့က လေးစား တယ်။ ဒါကြောင့် ဗမာသံရုံးအပါအ၀င် ယူအန်ကတဆင့် အ
ခုလုပ်ရပ်တွေကို ရပ်တန်းကရပ်ပေးဖို့ တောင်းဆိုတာလို့ ပြောတယ်ဗျ” ပြောသည်။

“ဒီဆန္ဒပြမှုကို စင်္ကာပူနိုင်ငံသားဆီကပဲ တဆင့်ကြားရတာ။ ကျနော်တို့ရောက်သွားတော့ သံရုံး
ရှေ့မှာ အန်တီစုပုံကို အကြီးကြီးချထားပြီးတော့ Right to protest ဆိုတဲ့ စာတမ်းတွေချိတ်
ထားပြီး သံရုံးရှေ့ အုတ်ခုံမှာ ပန်းခြင်းတွေ၊ လွမ်းသူ့ပန်းခွေတွေချထားပြီးတော့ ခုံတခုံနဲ့ကန့်
ကွက်လက်မှတ်ရေးထိုးမှုကို လုပ်နေတာ” ဟု ဆက်လက်ပြောပြသည်။

ဆန္ဒပြလက်မှတ်ကောက်ခံမှုကို ယနေ့နံနက်ပိုင်းအထိ စင်္ကာပူရဲတပ်ဖွဲ့ကတားမြစ်ခြိမ်းခြောက်
မှုများ ပြုလုပ်ခဲ့ကြောင်း ဒီမိုကရက်ပါတီ၏ အင်တာနက်ဝက်ဆိုက်တွင် ဖေါ်ပြထားသည်။

စစ်အစိုးရ၏ အကြမ်းဖက်သတ်ဖြတ်နေမှုကို ကန့်ကွက်သည့်အနေဖြင့် မလေးရှား၊ ဂျပန်၊ အ
မေရိကန်၊ တောင်ကိုးရီးယား၊ အိန္ဒိယနှင့် ထိုင်းအပါအ၀င် ဥရောပနိုင်ငံများတွင်လည်း ဆက်
လက်ဆန္ဒပြနေဆဲဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: