ငြိမ်းအဖွဲ့များ ဆန္ဒပြမှုနှင့်ပူပေါင်းရန် KNU တိုက်တွန်း

ကျော်ထင်(ထိုင်း)/ ၂၇ စက်တင်ဘာ ၂၀၀၇-နိုင်ငံတ၀န်း ငြိမ်းချမ်းစွာဆန္ဒပြနေကြသော သံဃာများ၊ ပြည်သူများနှင့်ပူး
ပေါင်းရန်အပစ်အခတ် ရပ်စဲရေးအဖွဲ့များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးဖြစ်သည့် ကရင်အမျိုးသား
အစည်းအရုံး KNU က တိုက်တွန်းလိုက်သည်။

စစ်အစိုးရမှဆန္ဒပြသံဃာများနှင့် ပြည်သူများအား အကြမ်းဖက်နှိမ်နင်းနေချိန်တွင် အပစ်အခတ်ရပ်လူမျိုးစုအဖွဲ့အစည်း
အားလုံးက သံဃာများ၊ ပြည်သူများနှင့်ပူးပေါင်း၍ နအဖကို ထကြွပုန်ကန်ကြရန် KNU က ယနေ့ကြေညာချက်ထုတ်
ပြန်ပြီး တိုက်တွန်းထားသည်။

KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာက “သံဃာတွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေကို ပစ်ခတ်တယ်ဆိုတဲ့အ
လုပ်၊လှံစွပ်နဲ့ထိုးသတ်တယ်ဆိုတဲ့အလုပ်က ကောင်းတဲ့အလုပ်မဟုတ်ဘူးဗျ။ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေအနေ
နဲ့လည်း နအဖက လိုရင်လိုသလို ခေါ်ခေါ်ထုတ်သွားပြီးတော့ ကျွန်တွေလိုခိုင်းနေတာကို မခံဖို့သိပ်အရေးကြီးတယ်”
ဟု ပြောသည်။

“ဒီကေဘီအေဘက်က ကား (၁၁) စီး၊ (ကလလတ) ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး ကိုလည်း နအဖ
က ခေါ်ထုတ်သွားပြီ။ သံဃာတွေ၊ ကျောင်းသားတွေနဲ့ လူထုတွေကို နှိမ်နင်းဖို့ဆိုပြီးတော့၊ ဒါမျိုးအလုပ်တွေက မိစ္ဆာ
ဒိဋ္ဌိတွေရဲ့အလုပ်ဗျ။ သူတို့ကို မတော်မတရားခိုင်းစေနေတာကို ဆန့်ကျင်ဖို့၊ ရဟန်းသံဃာတွေ၊ ပြည်သူလူထုတွေနဲ့
ပေါင်းဖို့ ကျနော်တို့ ဆော်သြတာ၊ တကယ်လို့ နအဖခိုင်းတဲ့ အတိုင်းသာလုပ်နေမယ်ဆိုရင် အင်မတန်ဆိုးဝါးတဲ့ ပြည်
သူတွေရဲ့ ဒဏ်ခတ်မှုကို ခံရမယ်လေ” ဟု ၎င်းက ပြောသည်။

KNU ကြေညာချက်တွင် ရှေ့တန်းစစ်မျက်နှာရောက် ဗမာ့တပ်မတော်တပ်မှူး၊ တပ်သားများအနေဖြင့် ဗိုလ်ချုပ်များကို
ပုန်ကန်ပြီး သံဃာတော်များ၊ ပြည်သူများနှင့် ပူးပေါင်းကြရန်နှင့် တော်လှန်ရေးအဖွဲ့ အစည်းများနှင့် အဆက်သွယ်ပြု
ကြရန် ပါရှိသည်။

ပဒိုမန်းရှာက “ကျနော်တို့က နအဖရှေ့တန်းတပ်တွေကိုတော့ ကမ်းလှမ်းထားပြီးပြီ။ သို့သော်လည်း သူတို့ဘက်က
တုံ့ပြန်မှုတော့ ဘာမှမတွေ့ရသေးဘူး။ ဒါပေမယ့် ဒီအဖြေကို သူတို့ဖြေရမယ့် အခြေအနေကိုရောက်နေပြီလေ” ဟု
ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အထွေထွေအတွင်းရေးမှူး ရီမွန်ထူးက ကရင်နီလူမျိုး ပေါင်းစုံလွတ်
မြောက်ရေးတပ်ဦး (ကလလတ) အား ကယားပြည်နယ်အတွင်း အချို့နေရာများရှိ ဘုန်းကြီးကျောင်းများတွင်သံဃာ
များ အပြင်မထွက်နိုင်ရန် ၀ိုင်းရံခိုင်းထားသည်ဟု ဆိုသည်။

၎င်းမှ “ဒီလုပ်ရပ်ကတော့ နအဖဘက်ကို လုံးဝသြဇာခံဖြစ်သွားသလိုလေ။ ဗမာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုကို လိုလား
တဲ့ အုပ်စုတွေမဟုတ်တော့ဘူးလေ။ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေက နိုင်ငံရေးအရ တစုံတရာ အခြေအနေပြောင်း
လဲအောင် ငြိမ်းချမ်းရေးလုပ်ရတာလို့ အမြဲတမ်းပြောခဲ့ပါတယ်။ အခုဒီအချိန်ခါမျိုးမှာ ပြည်သူတွေဆန္ဒကို မလိုက်လျော
ဘဲနေရင်တော့ နအဖနဲ့ တတန်းစားတည်း ဖြစ်သွားလိမ့်မယ်” ဟု ပြောသည်။

ကလလတ မှ တာဝန်ရှိသူတဦး အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းများ ၀င်မလာသေးကြောင်းနှင့် ယခုကဲ့သို့ပြောဆို
ချက်များအပေါ် မည်သို့မှ မှတ်ချက်မပေးလိုကြောင်း ပြောသည်။

အပစ်အခတ်ရပ်စဲရေးအဖွဲ့တခုဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ ယမန်နေ့က ထုတ်ပြန်ကြေညာချက် တွင် သံဃာတော်
များဦးဆောင်သော တောင်းဆိုဆန္ဒပြမှုသည် ပြည်သူလူထုကြုံတွေ့နေရသော လူမှုရေး၊ စီးပွားရေးအကျပ်အတည်းမှ လွတ်မြောက်ရန်ကြိုးပမ်းမှုဖြစ်ပြီး စစ်အစိုးရအနေဖြင့် အတိုက်အခံနိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး
ကာ ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် အကြံပြုထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: