မြန်မာစစ်တပ်၏အကြမ်းဖက်မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ စိုးရိမ်

AP / ၂၇ စက်တင်ဘာ ၂၀၀၇-မြန်မာနိုင်ငံရှိ ဆန္ဒပြသံဃာတော်များကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းနေမှု အပေါ်စိုး
ရိမ်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ကြေညာပြီး ၎င်းတို့၏ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့
ဝင်ခွင့်ပေးရန် နအဖစစ်အစိုးရအား တိုက်တွန်းလိုက်သည်။ယမန်နေ့က ထုတ်ပြန်သည့် ကုသမဂ္ဂလုံခြုံရေးကောင်စီ၏
ထုတ်ပြန်ချက်တွင် အထူးကိုယ်စားလှယ်အား အာရှသို့ အရေးပေါ်စေလွှတ်ရန် အတွင်းရေးမှူးချုပ်ဘန်ကီမွန်း၏ဆုံးဖြတ်
ချက်ကို ကြိုဆိုကြောင်းနှင့် အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီက မြန်မာအာဏာပိုင်များနှင့် အမြန်ဆုံးတွေ့ဆုံရန်
လိုအပ်ကြောင်း တင်ပြထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် အီးယူအဖွဲ့ဝင်များဖြစ်သည့် ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့က နအဖ
စစ်အစိုးရ၏ ဆန္ဒပြလှုပ်ရှားသူများအပေါ် အကြမ်းဖက်နှိမ်နင်းမှုကို ရှုတ်ချပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ ဒီမိုက
ရေစီ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် နအဖ စစ်အစိုးရအား တောင်းဆိုသည်။

မြန်မာနိုင်ငံတွင်း ဖြစ်နေသည့်ကိစ္စများသည် လက်ခံနိုင်ဖွယ်မရှို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က
စက်မှုနိုင်ငံကြီး (၈) နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲတွင် ပြောသည်။

၎င်းက “စစ်အစိုးရအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းတာတွေကို ရပ်တန့်ပြီး တွေ့ဆုံဆွေး
နွေးရေးလုပ်ဖို့လိုအပ်တယ်။ ဒါမှသူတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရရှိမှာဖြစ်တယ်” ဟုပြောသည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် Wang Guangya က မြန်မာအာဏာပိုင်များအနေဖြင့်တည်ငြိမ်အေးချမ်းရေး
ကိုပြန်လည်ထိန်းသိမ်းပြီး မစ္စတာဂမ်ဘာရီအား နိုင်ငံတွင်းသို့ အမြန်ဆုံးဝင်ခွင့်ပေးရန် အရေးကြီးကြောင်း ပြောသည်။

၎င်းက “တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတခု ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ တခြားသူတွေ
ထက် စိုးရိမ်ပူပန်ပြီး မြန်မာနိုင်ငံမှာ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း
ရေးတိုးတက်မှုတွေကို ပိုပြီးမြင်ချင်ပါတယ်” ဟုပြောသည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှသံအမတ် Vitaly Churkin ကလည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ထုတ်ပြန်ကြေညာ
ချက်ကို ထောက်ခံအားပေးပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ အတွက် စိုးရိမ်နေပြီး အသက်ဆုံး
ရှုံးမှုများအတွက် ၀မ်းနည်းကြောင်း ပြောကြားသည်။

ကုလသမဂ္ဂအတွင်းရေမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဟီဘရာဟင်ဂမ်ဘာရီ သည် ယမန်နေ့ည
ကတည်းက နယူးယော့မှ အာရှဒေသတို့ထွက်ခွာလာပြီဖြစ်သည်။ သို့သော် ၎င်းအား မြန်မာစစ်အစိုးရက ပြည်ဝင်ခွင့်
ဗီဇာပေးမည့်ကိစ္စမှာ သေချာခြင်းမရှိသေးပေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: