သံဃာနှင့်လူထုအား စစ်တပ်က ဆက်လက်ပစ်ခတ်နှိမ်နင်း နိုင်ငံခြားသားတဦးအပါအ၀င် လူအချို့ သေနတ်ထိမှန်

ပီတာအောင်/၂၇ စက်တင်ဘာ ၂၀၀၇-ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ဆူးလေဘုရားအနီး၌ သပိတ်မှောက်သံဃာတော်
နှင့်လူထုကို နအဖ စစ်တပ်က ပစ်ခတ်မှုကြောင့် နိုင်ငံခြားသားတဦးအပါအ၀င် အနည်းဆုံး (၃) ဦး သေဆုံးဖွယ်ရှိ
ကြောင်း မျက်မြင်တွေ့သူများကပြောသည်။ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံ ကျောက်တံတားရဲစခန်းအနီး၌
ယနေ့မွန်းလွဲပိုင်း (၂) နာရီခန့်က သံဃာတော်နှင့်လူထု မေတ္တာပို့ချီတက်နေစဉ် ဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးဆောင်သည့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့်စစ်ကားများ ရောက်ရှိလာကာ စတင်ပစ်ခတ်ခြင်းဖြစ်သည်။

မျက်မြင်တဦးက “ရဟန်းသံဃာတွေနဲ့ လူတွေက မေတ္တာပို့နေတာ။ အဲဒီအချိန်မှာ သေနတ်ကို မိုးပေါ်ထောင်ပစ်တယ်။
ဆယ့်လေးငါးချက် ပစ်ပြီးတော့မှ လူအုပ်ထဲကို ထိုးပစ်လိုက်တာ။ လူအုပ်ထဲမှာ ကျနော့်ဘေးနားက အင်္ဂလိပ်တိုးရစ်ကြီး
တယောက် ညာဘက်ရင်အုံကို မှန်တာ။ မှန်တော့ ဘုန်းဆို လဲကျသွားပြီး သေရော။ သူ့ရဲ့ကင်မရာရယ်၊ စကားပြောတဲ့
ဟမ်းဖုန်း၊ သူကိုင်တဲ့ပိုက်ဆံအိတ်နဲ့ အမေရိကန် အလံပါတဲ့တံဆိပ်လေးတွေ့တယ်” ဟုပြောသည်။

လုံထိန်းရဲတပ်ဖွဲ့များက ဒိုင်းများဖြင့်လူအုပ်အတွင်းသို့တိုးဝင်လာပြီး သေဆုံးသွားသည့် နိုင်ငံခြားသား၏ အလောင်းကို
ကောက်ကာ စစ်ကားပေါ်တင်ဆောင်သွားကြောင်း၊ ယင်းနေရာ၌ပင် အမျိုးသမီးတဦးနှင့် လူငယ်တဦးလည်း သေနတ်
ဒဏ်ရာဖြင့် လဲကျနေကြောင်း ၎င်းက ပြောသည်။

၎င်းကဆက်လက်ပြီး “အသက် (၂၅) နှစ်လောက်ရှိတဲ့ အမျိုးသမီးတယောက် ဘယ်ဘက်ဗိုက်ပွင့်သွားတယ်။ အင်္ကျီ
အနက်ဝတ်ထားတယ်။ နောက် မီးပွိုင့်ဘေးမှာလည်း အသက် (၂၁) နှစ်လောက် ရှိတဲ့ ကုလားလေးတယောက် ဖိနပ်
မပါဘူး။ ဘောင်းဘီအ၀ါလေးနဲ့ ဒီကလေးလည်း အနောက်က ပွင့်သွားတယ်။ ယာဉ်ထိန်းရဲရုံးထဲမှာ ခွေခွေလေးလဲနေ
တယ်” ဟု ပြောသည်။

ယနေ့ရန်ကုန်မြို့၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူ အများအပြားရှိနိုင်ပြီး ဂျပန်နိုင်ငံသားတဦးလည်း သေဆုံးသွားကြောင်း ရန်ကုန်မှလာသော အေအက်ဖ်ပီ သတင်း၌ဖော်ပြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: