ဘုန်းကြီးကျောင်းများကို နအဖစစ်တပ်က ၀င်ရောက်စီးနင်းကာ သံဃာတော်များအား အကြမ်းဖက်ဖမ်းဆီး

NEJ/ ၂၇ စက်တင်ဘာ ၂၀၀၇-ယမန်နေ့ညက ရန်ကုန်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတိုက်များကို
နအဖစစ်တပ်ဝင်ရောက်စီးနင်းကာ သံဃာတော်များကို အကြမ်းဖက်ရိုက်နှက် ပစ်ခတ်ဖမ်းဆီး
ခဲ့သည်။ညသန်းခေါင်ယံအချိန်၌ တောင်ဥက္ကလာပ ငွေကြာယံကျောင်းတိုက်သို့ စစ်အင်အားအ
လုံးအရင်းဖြင့်ဝင်ရောက်ကာ ပိတ်ထားသည့် ဘုန်းကြီးကျောင်းဝင်းတံခါးကြီးအား စစ်ကားနှင့်
တိုက်ဖွင့်ကာ ဆရာတော် ဦးရေ၀တနှင့် ဦးဥတ္တမ တို့အပါအ၀င် သံဃာတော် (၂၀၀) ခန့်ကို
ရိုက်နှက်ဖမ်းဆီးသွားသည်ဟု ဘုန်းကြီးကျောင်းဘေး၌ နေထိုင်သူတဦးက ပြောသည်။

၎င်းက “ည (၁၂) နာရီနဲ့ (၁) နာရီကြားမှာ။ သေနတ်သံတွေနဲ့ဘုန်းကြီးတွေရဲ့အော်သံတွေကြား
ရတယ်။ မနက်သွားကြည့်တဲ့အခါကျတော့ ဘုန်းကြီးကျောင်းတကျောင်းလုံးကို ဖျက်ဆီးသွား
တယ်။ ကိုယ်ရင်လေးနဲ့ ကျောင်းသားလေး တယောက်ကပြောတယ်၊ ဘုန်းကြီးတွေကိုလည်း
ခွေးသွား သွားခိုင်းတယ်တဲ့။ မော့ကြည့်တဲ့ ဘုန်းကြီးတွေကို ခြေထောက်နဲ့ ခေါင်းကိုကန်တယ်
တဲ့။ ကျန်တဲ့ ဘုန်းကြီးတွေက ထွက်ပြေးကြတာ သေနတ်တွေနဲ့လိုက်ပစ်တယ်တဲ့။ ဘုန်းကြီး
ကျောင်းထဲမှာ သွေးကွက်တွေတွေ့ရတယ်။ ကျမကိုယ်တိုင်မြင်ခဲ့တယ်။ ကျောင်းတကျောင်းလုံး
မှာသွေးကွက်တွေမြင်မကောင်း အောင်တွေ့ခဲ့ရတယ်” ဟုပြောသည်။အလားတူ အေ့ဒ်စ်ဝေဒနာ
ရှင်များကို ကူညီစောင့်ရှောက်မှုပေးနေသည့် သင်္ကန်းကျွန်းရှိ မဂ္ဂင် ကျောင်းတိုက်ကိုလည်း ၀င်
ရောက်စီးနင်းခဲ့ပြီး ဆရာတော် ဦးဣန္ဒက အပါအ၀င် ဦးပဉ္စင်း ဦးဣဿရိယ၊ ဦးကေတု၊ ဦးနန္ဒိ
ယနှင့် ဘုန်းကြီးကျောင်းတွင်နေထိုင်သူ ကိုအောင်သန်း၊ ကိုဘိုထွန်း၊ ကိုအောင်ဇော်ဝင်းနှင့် အေ့
ဒ်စ်ဝေဒနာရှင်များအား ဆေးအကူအညီပေးနေသည့် ကိုသန်းထိုက်အောင် တို့ဖမ်းဆီးခံရသည်။

မဂ္ဂင်ကျောင်းမှ အဖမ်းမခံရဘဲ ကျန်ရှိသူတဦးက “ဖိုက်ဘာဦးထုတ် အစိမ်းတွေနဲ့ လှံစွပ်တပ်
သေနတ် တွေကိုင်ပြီး စနစ်တကျ စစ်မြေပြင်တခုကို ၀င်စီးသလို ၀င်စီးလိုက်တာပါ။ ရှေ့ရော
နောက်ရော ဘေးရော ဘယ်လိုမှထွက်ပေါက် ပြေးပေါက်မရှိပါဘူး။ ကျောင်းတွေပေါ်မှာ ဖိနပ်
စီးပြီး တက်တယ်။ ဘုရားခန်းတွေမှာ ကိုရင်တွေကို ခြေထောက်နဲ့ကန်ပြီးနှိုးတယ်။ ဆရာတော်
ကိုလည်း ရိုက်နှိုးပြီးတော့ ကျောင်းအောက်ကိုခေါ်တယ်။ ဆရာတော်ကို ခေါင်းမြီးခြုံခိုင်းတယ်”
ဟုပြောသည်။

ကျောင်းတွင်ရှိသည့် အိတ်ခ်ျအိုင်ဗီလူနာများအား ဆွဲယူခေါ်ထုတ်ပြီး စစ်ဆေးမေးမြန်းမှုများ ပြု
လုပ်ခဲ့ သော်လည်း အဖမ်းအဆီးမရှိခဲ့ကြောင်းသိရသည်။ ထိုသို့ သံဃာတော်များ ပစ်ခတ်ဖြို
ခွင်းခံရမှုနှင့် ပတ်သက်၍ သံဃာ့တပ်ပေါင်းစုအဖွဲ့က မေတ္တာတရားရှေ့ထားပြီး ဆက်လက်
တိုက်ပွဲသွားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

ယင်းအဖွဲ့မှသံဃာ့တော်တပါးက “ဖြိုခွင်းခံလိုက်ရတဲ့အတွက်ကြောင့် ခေါင်းဆောင်ပိုင်းတာဝန်
ထမ်းဆောင်နေတဲ့ သံဃာတပ်ပေါင်းစု ကိုယ်စားလှယ်တော်တော်များများအဖမ်းခံလိုက်ရတယ်။
ဒီလိုထိန်းသိမ်းခံနေရပေမယ့် ဘယ်လိုမှ နောက်မဆုတ်သွားဘူး၊ ဆက်လက်တိုက်ပွဲဝင်မှာပဲ”
ဟု မိန့်ကြားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: