နအဖစစ်တပ် ပစ်ခတ်မှုကြောင့် ခွပ်ဒေါင်းတဦးကျဆုံး တာမွေအထက (၃) ရှေ့၌ ကျောင်းသားမိဘများပါပစ်ခတ်ခံရ

NEJ / ၂၇ စက်တင်ဘာ ၂၀၀၇-ရန်ကုန်မြို့၌ ယနေ့ညနေပိုင်းတွင် သပိတ်မှောက်သံဃာနှင့်လူထုကို နအဖ စစ်တပ်က
ပစ်ခတ်မှုကြောင့် ခွပ်ဒေါင်းအလံကိုင်ဆောင်ထားသည့် ကျောင်းသားတဦးကျဆုံးသွားသည်ဟု မျက်မြင်တွေ့သူ တဦးက
ပြောသည်။

ယနေ့ညနေ (၃)နာရီ (၄၅) မိနစ်ခန့်က ပန်းဆိုးတန်းခုံးကျော်တံတားအဆင်း ပစ်ခတ်မှု၌ သေဆုံးသွားခြင်းဖြစ်သည်။

မျက်မြင်တွေ့သူတဦးက “ပန်းဆိုးတန်းခုံးမှာ ၀င်လာပြီးပစ်တော့ ကျောင်းသားတယောက် အလံကိုင်ထားတာ၊ သူက
တော့လုံးဝကျသွားတယ်။ ကျနော်တို့တွေ ရှေ့ကိုဆက်ပြေးရတယ်။ အနောက်ကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ အလံ
ကိုင်လျက်ပဲ ဘုတ်ဆိုပြုတ်ကျသွားတယ်။ ၀ါးလုံးကတော့ လက်ထဲကလုံးဝမလွှတ်ဘူး။လုံးဝတွန့်တာတို့ ဘာတို့တောင်
မရှိဘူး ငြိမ်သွားတယ်”ဟုပြောသည်။

ပန်းဆိုးတန်းခုံးကျော်တံတားပစ်ခတ်မှု၌ အမျိုးသမီးများအပါအ၀င် လူအတော်များများ ထိခိုက်သေဆုံး ဒဏ်ရာရမှု
များရှိသည့်အပြင် ယနေ့ညနေပိုင်း တာမွေမြို့နယ်အထက (၃) အနီး ပစ်ခတ်မှု ၌လည်း ဆန္ဒပြနေသည့် သံဃာနှင့်
လူထုအများအပြား သေဆုံးဒဏ်ရာရခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ရန်ကုန်မြို့ခံတဦးက “စစ်ကား (၅) စီးက မီးတွေထိုးဝင်လာပြီး လူအုပ်ထဲကို ၀င်တိုက်လိုက်တာ။ ကားအောက်မှာ
လည်း သေတဲ့သူသေပဲ။ အဲဒီလိုဖြစ်ပြီး စစ်ကားပေါ်ကဆင်းလာပြီး လူတွေကို လိုက်ပစ်တာ လူတွေကဘယ်လောက်
ပြေးကြသလဲဆို တချို့မြောင်းတွေထဲကျတယ်။ စစ်ကားပေါ်ကလည်း စက်သေနတ်နဲ့ ဆွဲနေတယ်။ အောက်ဆင်းပစ်
တဲ့စစ်သားတွေကထိသွားတဲ့သူတွေကို ဆောင့်ကန်ပစ်တာတွေ့ရတယ်။ ကားပေါ်ကလည်းပစ်တယ်အောက်ကိုလည်း
ဆင်းပစ်တယ်” ဟုပြောသည်။

ကျောင်းဆင်းချိန်ဖြစ်သည့်အတွက် ကျောင်းသားများအားလာကြိုသည့်ကျောင်းသားမိဘများလည်း ပစ်ခတ်ခံရပြီး
ယင်းနေရာ၌ ပစ်ခတ်မှုကြောင့် အသေအပျောက်များမည်ဟု မျက်မြင်များကခန့်မှန်းကြသည်။

အလားတူ မန္တလေးမြို့၌လည်း သာသနာ့တက္ကသိုလ်နှင့် မဟာဂန္ဓာရုံကျောင်းတိုက်တို့မှ သံဃာတော် အပါး (၁,၀၀၀)
ကျော်နှင့် ပြည်သူသိန်းနှင့်ချီ၍ ဆန္ဒပြကြရာ နအဖ စစ်တပ်က ရိုက်နှက်၊ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း မျက်မြင်များ
က ပြောသည်။

(၃၂) နှင့် (၃၃) ကြား (၈၅) လမ်း၌ ပစ်ခတ်မှု၊ ရိုက်နှက်မှုများဖြစ်ပွားခဲ့ရာ ဆန္ဒပြသည့်လူများကို စစ်တပ်ကမီးသတ်
ကားဖြင့်လာ၍ အနံ့ဆိုးဝါးသည့် ဆေးရည်များရောထားသည့် ရေများဖြင့် ပက်ခဲ့သည်ဟု မျက်မြင်များကပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: