NCUB က စစ်အစိုးရကို နိုင်ငံတကာတရားရုံးများတွင် တရားစွဲမည်

ကျော်ထင်(ထိုင်း) / ၂၆ စက်တင်ဘာ ၂၀၀၇-စစ်အစိုးရအား ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာများနှင့် ပြည်သူလူ
ထုအား အကြမ်းဖက်ဖြိုခွဲမှုကြောင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံတပ်ပေါင်းစုကြီးဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုသားကောင်စီ NCUB က နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုသွားမည်ဟုကြေညာချက်ထုတ်ပြန်
လိုက်သည်။

ရန်ကုန်မြို့တွင် ယနေ့ဆက်လက်ဆန္ဒပြနေကြသော သံဃာများနှင့် ပြည်သူထုအား မျက်ရည်ယိုဗုံးများသုံးပြီး လူစုခွဲ
ခြင်း၊ သေနတ်များဖြင့် ပစ်ခတ်အကြမ်းဖက်ဖြိုခွဲခြင်းများကြောင့် နိုင်ငံတကာ ရာဇ၀တ်တရားရုံးတွင် အမြန်ဆုံးတရားစွဲ
ဆိုနိုင်ရန်စီစဉ်နေကြောင်း NCUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

၎င်းက “လက်ရှိမှာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းအပါအ၀င် ယူအက်စ်၊ အီးယူနိုင်ငံတွေကလည်း
အခုဆန္ဒပြတာကို ငြိမ်းချမ်းစွာဆန္ဒပြခြင်းလို့ သတ်မှတ်ပြောဆိုနေတဲ့ကြားက အကြမ်းဖက်ဖြိုခွဲတဲ့အတွက်ကြောင့် နိုင်ငံ
တကာရာဇ၀တ်တရားရုံး (သို့မဟုတ်) နိုင်ငံတကာ တရားရုံးတို့မှာ တရားစွဲနိုင်ဖို့အတွက် ရှေ့နေတွေနဲ့ ညှိနှိုင်းတိုင်ပင်
နေပြီး ဒီနေ့ပဲ စတင်လုပ်ဆောင်နေပါပြီ။ ဒီညပဲ သက်ဆိုင်ရာကို စာပို့တော့မှာပါ” ဟုပြောသည်။

နိုင်ငံတကာတွင်လည်း နအဖကဲ့သို့ ရာဇတ်မှုကျူးလွန်သည့်အစိုးရများအား နိုင်ငံတကာရာဇ၀တ် တရားရုံး (သို့မဟုတ်) နိုင်ငံတကာတရားရုံးတို့တွင် တရားစွဲဆိုမှုများရှိသည်ဟု သိရသည်။ “ဒါမျိုး နိုင်ငံတကာတရားရုံးတွေကို သွားတဲ့နေရာ
မှာ အစိုးရတခုက အစိုးရတခုကို တရားစွဲဆိုတာ ရှိတယ်။ အခုကိစ္စက အစိုးရတခုတည်းတင်မကဘူးပေါ့နော်။ ကုလသမ
ဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်ကိုယ်တိုင်ပြောထားတာရှိတယ်၊ ပြင်သစ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ပြောထား
တယ်၊ အကြမ်းဖက်မဖြိုခွင်းဖို့ဆိုတာကို။ ဒီလိုပြောထားတဲ့ကြားတဲ့က ချိုးဖောက်မှုဆိုတာက ထပ်ပြီးတော့ သက်သေပြ
စရာလည်းမလိုဘူး” ဟု ၎င်းက ပြောသည်။ ပစ်ခတ်နှိမ်နင်းမှုများကြောင့် သေဆုံးမှုများရှိနေကြောင်းနှင့် ဖမ်းဆီးထား
သော သံဃာများအား ကျိုက္ကဆံစစ်ကြောရေးစခန်းတွင် အဓမ္မလူဝတ်လဲခိုင်းမှုများ ရှိနေကြောင်း ရန်ကုန်မှလာသော
သတင်းများအရ သိရသည်။

၁၉၈၈ ကကဲ့သို့မဟုတ်တော့ဘဲ နအဖ၏ အကြမ်းဖက်မှုများကို ပြည်သူလူထုမှ သတင်းအချက်အလက်များ၊ဓာတ်ပုံ၊ ဗွီဒီ
ယိုအထောက် အထားများကို နိုင်ငံတကာသို့ ခေတ်မီဆက်သွယ်ရေး စနစ်များဖြင့် ပေးပို့နိုင်ခြင်းကြောင့် ကျူးလွန်သော
ပြစ်မှုများကို မည်သို့မှ မငြင်းကွယ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ “အခုလိုမျိုးတရားစွဲဆိုတဲ့နေရာမှာ လုပ်ငန်းစဉ်တွေအများကြီးရှိပါတယ်။ တခုတည်းကိုပဲ မမြင်စေ ချင်ပါဘူး။ ကျနော်တို့အနေနဲ့ နိုင်ငံတကာတရားရုံးတွေ
မှာတရားစွဲမယ်၊ နအဖဟာ အပြည်ပြည်ဆိုင်ရာမှာ ဥပမာ ယူအန်တို့လို နေရာတွေမှာ ဗမာပြည်ကို ကိုယ်စားမပြုဘူးဆို
တဲ့အဆင့်အထိလုပ်သွားဖို့ ရှိပါတယ်။ ဒါကြောင့်မို့တခုတည်းအနေနဲ့ ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ အတိအကျ
ပြောလို့မရဘူး။ ကျနော်တို့ရှေ့နေနဲ့တိုင်ပင်ပြီး ဖြစ်ပေါ်လာမယ့် လုပ်ငန်းတွေ ရှေ့ဆက်သွား ရပါလိမ့်မယ်” ဟု ဦးမောင်
မောင်က ပြောသည်။ လက်နက်ဖြင့် အကြမ်းဖက်ပစ်ခတ်မှုများသည် တိုင်းပြည်ကို စစ်မြေပြင်ကဲ့သို့ ဖန်တီးလုပ်ဆောင်
နေခြင်းဖြစ်ပြီး ယင်းကြောင့်ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည် နအဖစစ်အုပ်စုတွင်သာအဓိက တာဝန်ရှိသည်ဟု
NCUB ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: