နေ၀င်မီးငြိမ်းအမိန့် စစ်အစိုးရထုတ်ပြန် ရန်ကုန်သို့ ညဘက်ဝင်မည့် လေယာဉ်ခရီးစဉ်ရွှေ့ဆိုင်း

ပီတာအောင် / ၂၆ စက်တင်ဘာ ၂၀၀၇-ငြိမ်းချမ်းစွာသပိတ်မှောက်ကံဆောင်နေသည့် သံဃာတော်များကို ဟန့်တားရန်
ရန်ကုန်နှင့် မန္တလေးမြို့များ၌ ညမထွက်ရအမိန့် ထုတ်ပြန်ကာ မြို့တွင်းအချက်အခြာကျသည့် လမ်းများပေါ်၌ လုံထိန်းရဲ
နှင့် စစ်သားတို့က နေရာယူထားသည်ဟု မြို့ခံများထံမှ သိရသည်။အဆိုပါအမိန့် ကြေညာချက်ကို ယမန်နေ့ညနှင့်ယနေ့
နံနက်ပိုင်း၌ အာဏာပိုင်များက မြို့နယ်အချို့တွင် ရပ်ကွက်များအတွင်းကားဖြင့်လှည့်လယ်ကာ အသံချဲ့စက်ဖြင့်လှည့်
လည်ကြေညာ ခြင်းဖြစ်သည်။

ရန်ကုန်မြို့လမ်းမတော်မြို့နယ်၌ နေထိုင်သူတဦးက “ တရားဝင်ပြန်တမ်းအနေနဲ့ ထုတ်တာမဟုတ်ဘဲနဲ့ တိုင်းအထွေထွေ အုပ်ချုပ်ချုပ်ရေးမှူးလက်မှတ်ထိုးပြီး ထုတ်တဲ့အနေအထားပါ။ ငါးယောက် ထက်မပိုရ။ စီတန်းလှည့်လည် လမ်းလျှောက်
ဆန္ဒပြခြင်းမပြုရ ဒါတွေအားလုံးပါတဲ့သဘောပါ။အရပ်ဝတ်နဲ့ လူတွေက ကြေညာချက်ကို ကားနဲ့လှည့်ပြီး ဖတ်ပြတာတွေ့
ရတယ်” ဟု ပြောသည်။

ယင်းသို့အမိန့်ထုတ်ပြန်ထားသော်လည်း ရွှေတိဂုံဘုရား၌ သံဃာတော်မျာ လာရောက်စုရုံးနေကြပြီးယခင်နေ့များအတိုင်း မြို့တွင်းလှည့်လည်ချီတက်ရန် ပြင်ဆင်နေကြပြီး အာဏာပိုင်များက သံဃာတော်များထံမှ မှတ်ပုံတင်တောင်းယူစစ်ဆေး
မှုများ ပြုလုပ်နေကြောင်း သိရသည်။

အလားတူ မန္တလေးမြို့၌လည်း မဟာမြတ်မုနိဘုရားကြီးအနီးတ၀ိုက်နှင့်ထင်ရှားသည့် ဘုန်းကြီးကျောင်းများ ၀န်းကျင်၌ စစ်တပ်နှင့်လုံထိန်းများနေရာယူထားသည်ဟု မြို့ခံတဦးက ပြောသည်။

၎င်းက “ဘုန်းကြီးကျောင်းတွေနားမှာ သံဆူးကြိုးတွေချပြီး လုံထိန်းတွေ၊ စစ်သားတွေ၊ စွမ်းအာရှင်တွေ၊ ရယကတွေ
စောင့်နေကြတယ်။ တချို့ကျောင်းတွေ ဆွမ်းခံထွက်ရတယ်။ တချို့ကျောင်းတွေ မထွက်ရဘူးပြောတယ်။ အထူးသဖြင့် ဘုရားကြီးပတ်ပတ်လည်နဲ့ နာမည်ကြီးတဲ့ဘုန်းကြီးကျောင်းကြီး တွေမှာ လုံခြုံရေးတွေ အများစုရှိပါတယ်” ဟု ပြော
သည်။

စစ်အစိုးရက ရန်ကုန်မြို့၌ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း
MAI ဘန်ကောက်-ရန်ကုန်လေယာဉ် ခရီးစဉ်ကို ဘန်ကောက်စံတော်ချိန်ည (၈) နာရီ ခွဲပုံမှန် ထွက်နေရာမှ ညနေ
၆နာရီ ၁၅ မိနစ်သို့ ယနေ့စတင်ပြောင်းရွှေ့လိုက်ကြောင်း ရန်ကုန် MAI ရုံးမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်နှင့်မန္တလေးမြို့ကြီးများ အပါအ၀င် မြန်မာနိုင်ငံဒေသအနှံ့အပြား၌ နေ့စဉ်ရက်
ဆက်ဖြစ်ပွားနေသော သံဃာနှင့်လူထု သိန်းချီပါဝင်သည့် အထွေထွေသပိတ် တိုက်ပွဲကိုဟန့်တားရန် နအဖစစ်အစိုးရ
က စစ်တပ်ကို အသုံးပြုကာ ကြိုးပမ်းလာခြင်းဖြစ်သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: