မန္တလေးတွင် ကျောင်းတိုက်များ၌ လက်နက်ကိုင် စစ်သားနှင့်ရဲများချထား

NEJ / ၂၆ စက်တင်ဘာ ၂၀၀၇-မန္တလေးမြို့တွင် လုံခြုံရေးများ အထူးတင်းကြပ်ထားကြောင်း မန္တလေးဘုရားကြီး
ကျောင်းတိုက်မှ သံဃာတော်တပါးက မိန့်ကြားသည်။“ကျောင်းတိုက်တွေရှေ့မှာ စစ်သား၊ ရဲနဲ့ စွမ်းအားရှင်တွေ စုဖွဲ့ပြီး
တော့စောင့်ကြတယ်။ လက်နက်အပြည့်စုံနဲ့ ဒိုင်းတွေ ရိုင်ဖယ်တွေကိုင်ထားကြတယ်။ကျောင်းတိုက်ငယ်တွေကို စစ်သား
(၅) ယောက်၊ ရဲ (၅) ယောက်၊ စွမ်းအားရှင် (၅) ယောက်ချတယ်။ တိုက်ကြီးတွေမှာစစ်သား၊ ရဲ၊ စွမ်းအားရှင် အားလုံး
ပူးပေါင်းပြီး အယောက် (၅၀) လောက်ချတယ်။ ယူနီဖောင်းတွေအပြည့်အစုံနဲ့၊ အဲဒီမှာ စွမ်းအားရှင်တွေကတော့ဝါးရင်း
ဒုတ်တွေကိုင် ထားပြီး စစ်သားနဲ့ရဲတွေကတော့ လက်နက်တွေကိုင်ထားကြတယ်။ ကျောင်းငယ်တွေရဲ့ ကျောင်းပေါက်
တွေမှာတော့ ဟိုဘက်ထိပ်ဒီဘက်ထိပ်မှာ ပိတ်စောင့်နေကြတယ်။ လမ်းတွေမှာလည်း သံဆူးကြိုးတွေချထားတယ်” ဟု
မိန့်ကြားသည်။

ယမန်နေ့ညကတည်းက မန္တလေးတွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ည (၂) နာရီတွင် လမ်းများပေါ်၌ စစ်ကား
များချထားကြောင်း သိရသည်။

ယနေ့တွင် မန္တလေး၌ စာအောင်သံဃာဆုပေးပွဲ အစီအစဉ်ရှိသဖြင့် ညနေပိုင်း (၃) နာရီခန့်တွင် ဘုရားကြီးမှ သံဃာ
တော်များ မေတ္တာပို့စီတန်းလှည့်လည်မည်ဟု သိရသည်။

ဘုရားကြီးအပါအ၀င် နီးစပ်ရာကျောင်းများ စုပေါင်းပြီး သံဃာအင်အား (၁) သောင်းခန့်ရှိမည်ဟု ခန့်မှန်းကြောင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုအဖွဲ့မှ သံဃာတော်တပါးကမိန့်ကြားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: