မန္တလေးတွင် သပိတ်မှောက်ကံဆောင်သူများကို မျက်ရည်ယိုဗုံးဖြင့်ခွဲ လူအချို့ဖမ်းဆီးခံရ

NEJ / ၂၆ စက်တင်ဘာ ၂၀၀၇-မန္တလေးမြို့တွင် လုံခြုံရေးတင်းကျပ်စွာချထားသည့်ကြားမှ မေတ္တာပို့ချီတက်လမ်း
လျှောက်ကြသည့် သံဃာတော်များနှင့်လူထုကို စစ်တပ်က မျက်ရည်ယိုဗုံးများခွဲကာ သေနတ်မိုးပေါ်ထောင်ဖောက်၍
လူစုခွဲခဲ့သည်ဟု မြို့ခံမျက်မြင်တဦးက ပြောသည်။

၎င်းက မရဘူး။ စနိုးတာဝါလည်း မရဘူး။ အဲဒီငါးပါးကို ဆွဲထုတ်သွားတယ်၊ အဲဒီအချိန်မှာ ခေါင်းပေါ်ကနေကျော်ပြီး
ဆွဲပစ်တယ်။ လူစုကွဲသွားတယ်” ဟု ပြောသည်။

ယနေ့မွန်းလွဲပိုင်းက အာသောကရာမ၊ ညောင်ကန်တိုက်၊ တောင်ထီးလင်း၊ မြတောင် စသည့် ကျောင်းတိုက်များမှ
သံဃာတော်များနှင့် လူထု ထောင်သောင်းချီကာ မြို့တွင်းလှည့်လည်ဆန္ဒပြသည်ကို စစ်တပ်က ၃၄/၈၀ လမ်းနှင့်
၃၆/၈၀ လမ်းတို့တွင် မျက်ရေယိုဗုံးဖြင့် ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

လဲကျသွားသည့် သံဃာတော်များကို ညောင်ကန်တိုက်သို့ ဆိုက်ကားသမားများက ပို့ဆောင်လိုက်သည်ကို တွေ့
ရကြောင်း မျက်မြင်တဦးက ပြောသည်။

ယနေ့ နေ့လည် (၁၂) နာရီခွဲတွင် နန်းရှေ့အရပ် အောင်တော်မူဘုရားမှ စတင်ကာ သံဃာတော်အပါး (၃၀၀) တို့က မေတ္တာပို့ချီတက်လမ်းလျှောက်ကြပြီး သံဃာတော်အင်အား ပိုမိုများပြားလာသည်ဟု သိရသည်။

သံဃာတော်များက ယနေ့တွင် လမ်းကြောင်းနှစ်ကြောင်းခွဲ၍ ချီတက်ကြကြောင်း၊ သီလရှင်အပါး(၄၀) အပါအ၀င်
သံဃာတော် အပါး (၁၅၀၀) ခန့် လမ်းကြောင်းတကြောင်းနှင့် အခြားသံဃာတော် (၁၃၀၀) ခန့်က လမ်းကြောင်း
တကြောင်းခွဲ၍ ချီတက်ကြသည်ဟု မျက်မြင်တဦးက ပြောသည်။

၎င်းက “ဘေးက ပြည်သူတွေက လက်ချင်းချိတ်ပြီးလိုက်ကြတယ်။ ပရိသတ်အရမ်းများတယ်၊ အရမ်း အားပေး၊
လက်ခုတ်တွေ တီးကြတယ်။ မန်းမြို့ဈေးလို့ခေါ်တဲ့ ၃၈ နှင့် ၃၉ ကြား ၈၄ လမ်းမှာလုံထိန်း၊ စစ်တပ်နဲ့တိုးလို့ လမ်း
ပိတ်မိနေပြီး ပြည်သူတွေက မခံမရပ်နိုင်ဖြစ်ပြီး ဆဲဆိုနေကြတယ်” ဟု ပြောသည်။

ယမန်နေ့ညကတည်းက မန္တလေးတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ည (၂) နာရီတွင်လမ်းများပေါ်၌ စစ်ကား
များ ချထားကြောင်း သိရသည်။

“ကျောင်းတိုက်တွေရှေ့မှာ စစ်သား၊ ရဲနဲ့ စွမ်းအားရှင်တွေ စုဖွဲ့ပြီးတော့ စောင့်ကြတယ်။ လက်နက်အပြည့်စုံနဲ့ ဒိုင်း
တွေ ရိုင်ဖယ်တွေကိုင်ထားကြတယ်။ ကျောင်းတိုက်ငယ်တွေကို စစ်သား (၅)ယောက်၊ ရဲ (၅) ယောက်၊ စွမ်းအားရှင်
(၅) ယောက်ချတယ်။ တိုက်ကြီးတွေမှာ စစ်သား၊ ရဲ၊ စွမ်း အားရှင် အားလုံးပူးပေါင်းပြီး အယောက် (၅၀) လောက်
ချတယ်။ ယူနီဖောင်းတွေ အပြည့်အစုံနဲ့၊ အဲဒီမှာ စွမ်းအားရှင်တွေကတော့ ၀ါးရင်းဒုတ်တွေ ကိုင်ထားပြီး စစ်သားနဲ့
ရဲတွေကတော့ လက်နက် တွေကိုင်ထားကြတယ်။ ကျောင်းငယ်တွေရဲ့ ကျောင်းပေါက်တွေမှာတော့ ဟိုဘက်ထိပ်ဒီ
ဘက်ထိပ်မှာ ပိတ်စောင့်နေကြတယ်။ လမ်းတွေမှာလည်း သံဆူးကြိုးတွေချထားတယ်” ဟု သံဃာတပ်ပေါင်းစု
အဖွဲ့မှ သံဃာတော်တပါးက မိန့်ကြားသည်။

မန္တလေးမြို့၌ ပြီးခဲ့သည့်ညက အဖမ်းအဆီးအချို့ရှိခဲ့ပြီး လူရွှင်တော် ပါပါလေး၊ အန်အယ်လ်ဒီ ပါတီဝင်များဖြစ်သည့် အနောက်မြောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်အောင်နှင့် ဦးမျိုးနိုင်၊ ဦးခင်မောင်သောင်း၊ ကိုမြင့်စိုး၊
ကိုဇော်ဝင်း၊ မစန်းစန်းအေး၊ ဒေါ်မြင့်မြင့်အေး၊ ကိုမင်းသူ၊ မပွင့်ဖြူ၊ မသင်းသင်း၊ မခင်မာလာတို့ဖမ်းဆီးခံရကြောင်း သိ
ရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: