ကြခတ်ဝိုင်းကျောင်းတိုက်ဖျက်ဆီးမှု နအဖ စွပ်စွဲချက် ပဲခူးအန်အယ်လ်ဒီ ငြင်းဆို

ပီတာအောင် / ၂၅ စက်တင်ဘာ ၂၀၀၇-ပဲခူးမြို့ကြခတ်ဝိုင်းကျောင်းတိုက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ဖျက်ဆီးခဲ့သည်ဟု နအဖ စစ်အစိုးရသတင်းစာစွပ်စွဲချက် မဟုတ်မမှန်ဟု ပဲခူးအန်အယ်လ်ဒီက တုံ့ပြန်ပြောကြားသည်။

ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာ၌ ဆန္ဒပြသံဃာ (၃၅၀) ခန့်နှင့် အန်အယ်လ်ဒီပါတီဝင် (၅၀) ခန့်က ကြခတ်ဝိုင်း
ကျောင်းတိုက်သို့ ယမန်နေ့က သွားရောက်ကာ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ကာ ကျောင်းဆောင်အချို့ကိုဖျက်ဆီးခဲ့
ကြောင်း ကြခတ်ဝိုင်းဆရာတော် ဘဒ္ဒန္တဇောတိပါလ၏ ပဲခူးတိုင်း တယဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကိုကိုထံ တိုင်ကြားစာနှင့်အ
တူ ပူးတွဲဖော်ပြသည်။

ယမန်နေ့က သံဃာတော်အပါး (၆၀၀) ကျော်နှင့် လူထုထောင်သောင်းချီ ဆန္ဒပြကြပြီးနောက်အချို့က ကြခတ်ဝိုင်း
ကျောင်းတိုက်သို့ သွားရောက်ကြကြောင်း ဆရာတော်က ကျောင်းကို သော့ခတ်ထားသဖြင့် သံဃာတော်များ အပြင်
ထွက်၍ မရဘဲဖြစ်နေသည့်အတွက် ဒေါသဖြစ်နေသည့် သံဃာတော်အချို့က ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်
ကြောင်း ပဲခူးတိုင်း အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

၎င်းက “ဘုန်းကြီးတွေက ခေါ်လို့မရတော့ ဒေါသထွက်ပြီးတော့ ပစ်တာပေါ့။ အဲဒါကို အန်အယ်လ်ဒီ တွေပါ ပါတယ်
ဆိုပြီးစွပ်စွဲတာ။ အန်အယ်လ်ဒီတွေက လှူလိုက်တဲ့ရေသန့်ဘူးတွေပါဆိုပြီး။ ဒိပြင်လူတွေလည်း အများကြီးလှူကြတာပဲ၊
အန်အယ်လ်ဒီရဲ့ ရေသန့်ဘူးလို့ ဘယ်လိုလုပ်ပြောမလဲ။ ရေဘူးမှာ အန်အယ်လ်ဒီ တံဆိပ်ပါလို့လား။ ရေဘူးဆိုတာ လူတိုင်းသုံးနေတဲ့ဟာပဲ။ အန်အယ်လ်ဒီ ကိုတော့ ရမယ်ရှာနေပြီပေါ့ကွာ” ဟု ပြောသည်။

ယနေ့နံနက်၌ ရွေးကောက်ပွဲကော်မရှင်က ဦးမြတ်လှကို လာရောက်ခေါ်ဆောင်ရာ ဦးမြတ်လှက လိုက်ပါရန် ငြင်းဆို
သဖြင့် မြို့နယ်ဗဟိုကော်မတီဝင် ဦးဖေညွှန့်နှင့် ဦးတင်သိန်းတို့ကို ခေါ်ဆောင် သွားပြီး အဆိုပါအဖြစ်အပျက်ကို သိရှိ
ကြောင်း ၀န်ခံကတိလက်မှတ်ထိုးခိုင်းရာ လက်မှတ်မထိုးခဲ့ ကြောင်း သိရသည်။

ထို့အတူ ပဲခူးမြို့တွင်နေထိုင်သည့် အဓမ္မလုပ်အားပေး ခိုင်းစေခံရသူများအား ဥပဒေကြောင်းအရ အကူအညီပေးနေသူ လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်ကို ယနေ့မွန်းလွဲ (၂) နာရီခန့်၌ ရဲက ဖမ်းဆီး သွားသည်ဟု ဦးမြတ်လှက ပြောသည်။

ကြခတ်ဝိုင်းကျောင်းတိုက်၌ ပြီးခဲ့သည့် ညကတည်းက စစ်တပ်နှင့်ရဲများကို လုံခြုံရေးအပြည့်ချ ထားကြောင်း သိရ
သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: