စစ်တွေတွင် ထပ်မံဆန္ဒပြ ရခိုင်ပြည်နယ်အနှံတွင် ဆန္ဒပြမှုများ ဖြစ်ပွား

ကျော်ထင်(ထိုင်း) / ၂၅ စက်တင်ဘာ ၂၀၀၇-ဆန္ဒပြမှုများကို အရေးယူနှိမ်နင်းမည်ဟု စစ်အစိုးရက ကြေညာသည့်ကြား
မှ စစ်တွေလူထု ထောင်ပေါင်းများစွာ ယနေ့ဆက်လက် ဆန္ဒပြလျက်ရှိသည်။

သံဃာ( ၁၀၀) ကျော်ခန့်နှင့် လူထုအင်အား (၂) သောင်းကျော်ခန့်သည် ကုန်ဈေးနှုန်းကျဆင်းရေး၊အမျိုးသားပြန်လည်
သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးစသည့် ကြွေးကြော်သံ များတိုင်ကာ ဆန္ဒပြလျက်ရှိကြောင်း
မျက်မြင်တဦးက ပြောသည်။

“ဓည၀တီကနေ စထွက်၊ ကုန်တန်းရပ်ကွက်ကိုဖြတ်၊ ပြီးရင် ဘုရားကြီးကနေတဆင့် မင်းဗာကြီးလမ်းကိုဖြတ်ပြီး လမ်း
မကြီးကိုရောက်တယ်၊ ပြီးတော့မှ ဦးဥတ္တမ ပန်းခြံကိုရောက်လာတယ်။ အဲဒီမှာ မေတ္တာသုတ်တွေရွတ်ပီးတော့ ကမ်းနား
လမ်း၊ ကုန်သည်လမ်းကတဆင့်မှ စထွက်လာတဲ့ ဓည၀တီရပ်ကွက်ဘက်ကို ချီတက်နေကြတယ်” ဟု ၎င်းက ပြော
သည်။

ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ရှိ ရပ်ကွက်များတွင် ဆန္ဒပြပါက အရေးယူမည်ဟု ရယကများက လှည့်လည်ကြေညာ
ခဲ့သော်လည်း ဆန္ဒပြနေချိန်အတွင်း အာဏာပိုင်များက တစုံတရာအနှောင့် အယှက် မပေးသေးကြောင်း သိရသည်။

၎င်းက “ဒီနေ့ဆန္ဒပြရာမှာ မူဆလင်တွေ မနေ့ကထက် ပိုပါလာတွေ့တယ်။ မူဆလင်အမျိုးသမီးရော အမျိုးသားပါ (၅) ထောင်နီးပါးလောက်ပါတယ်။ ပြီးရင် အန်အယ်လ်ဒီ ရင်ထိုးတံဆိပ်နဲ့ အမျိုးသမီး တွေလည်းပါတယ်” ဟု ပြောသည်။

ယနေ့တွင် ရခိုင်ပြည်နယ်ရှိ မင်းပြား၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့များတွင်လည်း အလား
တူဆန္ဒပြကြသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: