စစ်အစိုးရ၏ခြိမ်းခြောက်မှုကို အံတု၍ အထွေထွေသပိတ်တိုက်ပွဲ ဆင်နွှဲ

NEJ / ၂၅ စက်တင်ဘာ ၂၀၀၇-သပိတ်မှောက်မှုတွင် ပါဝင်သူများအားအရေးယူမည်ဟု နအဖစစ်အစိုးရကခြိမ်းခြောက်
နေသည့် ကြားမှ သံဃာတော်များနှင့် သိန်းချီသည့်လူထုကြီးက ယနေ့ ရန်ကုန်မြို့၌ ဆက်လက်ချီတက်ဆန္ဒပြမှုများ ပြု လုပ်ကြသည်။ယနေ့မွန်းလွဲပိုင်းမှ စတင်ကာ ရန်ကုန်မြို့နေရာအနှံ့အပြားမှ သံဃာတော်များနှင့်မြို့ခံလူထုများသည် ဆူး
လေဘုရားတ၀ိုက်နှင့် မြို့တော်ခမ်းမရှေ့တို့၌ စုရုံးရောက်ရှိကာ ဆန္ဒထုတ်ဖော်ကြသည်။

မြို့ခံတဦးက “အရေအတွက်ကတော့ ကျနော်တို့ မမှန်းနိုင်တော့ဘူး။ သံဃာအင်အားကတော့ ဆူးလေတပတ်လုံး
ပြည့်နေတာပဲ။ အဲဒီမှာဆရာလေးတွေပါတယ်၊ အကြမ်းမဖက် လှုပ်ရှားမှုအဖွဲ့ လည်းပါတယ်၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါတယ်၊ တခြားကျောင်းသားအင်အားစုတွေလည်းကျောင်းသားခွပ်
ဒေါင်းအလံကိုင်ပြီးတော့ ထွက်လာတာကို တွေ့ရပါတယ်။ လူထုအင်အားကတော့ သိန်းဂဏန်းပဲခင်ဗျ။ သိန်းဂဏန်း
အောက်မရှိဘူး” ဟုပြောသည်။

ဆန္ဒပြသည့်လူထုကို သံဃာ၊ ကျောင်းသားနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က စပီကာအငယ်စားလေးများဖြင့် အ
လှည့်ကျ တရားဟောပြောကြကြောင်း သိရသည်။

“ဆူးလေနဲ့ မြို့တော်ခန်းမ မျက်စောင်းထိုးလေးပေါ့ခင်ဗျာ။ ခုံလေးတခုပေါ်မှာတက်ပြီး ကျောင်းသား ကိုယ်စားလှယ် တဦးတက်ပြောတယ်၊ ဘုန်းကြီးတွေပြောတယ်၊ လွှတ်တော်ကိုယ်စားလှယ်ကိုပြောဖို့ ဖိတ်ခေါ်တော့ ကိုယ်စားလှယ်
တဦး တက်ပြောတယ်။ နာမည်တော့ ကျနော်အတိအကျ မသိလိုက်ဘူးဗျ။ လူအုပ်ကြီးကလည်း သိပ်များတယ်၊ စပီ
ကာကလည်း အသံတိုးတော့ သိပ်ကြည် ကြည်လင်လင်မကြားရဘူးခင်ဗျ” ဟု မြို့တော်ခန်းမရှေ့ ရောက်နေသူတဦး
က ပြောသည်။

ဆန္ဒပြသူများက ဟောပြောမှုများအား လူအများ ပိုမိုကြားသိရစေရန် အသံချဲ့စက်များနှင့် ဆောင်းဘောက်များ တပ်
ဆင်ဟောပြောရန် စီစဉ်နေစဉ် မြို့တော်ခန်းမအတွင်းမှ ရဲနှင့်အာဏာပိုင်အချို့ ထွက်လာပြီး လာရောက်သိမ်းယူသွား
ခဲ့ကြောင်း၊ ညနေပိုင်းတွင် ဆန္ဒပြသူများက ငြိမ်းချမ်းစွာ လူစု ခွဲ၍ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

သပိတ်မှောက်သံဃာတော်များအား ရုပ်ရှင်သရုပ်ဆောင် ကျော်သူနှင့် ဇာဂနာတို့ပါဝင်သည့် အနုပညာရှင်များက ရွှေ
တိဂုံဘုရား အရှေ့ဘက်မုခ်၌ ဒုတိယနေ့အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြ သည်ဟု သံဃာတော်တပါးက မိန့်ကြား
သည်။

၎င်းက “ ဦပဉ္စင်းတို့ အရမ်းပဲ အားရ၀မ်းသာဖြစ်မိပါတယ်။ အားလုံးလိုအပ်နေတာလေ။ ဆွမ်းကလည်းပဲ သာသနာအ
တွက်က အသက်တမျှအရေးကြီးတာကိုး။ သာသနာတင်မဟုတ်ပါဘူး၊ တိုင်းသူပြည်သားတွေအားလုံးအတွက် အရေး
ကြီးတယ်လို့ထင်ပါတယ်” ဟု မိန့်ကြားသည်။

သပိတ်မှောက်သည့် သံဃာတော်များကို အရေးယူမည်ဖြစ်ကြောင်း နအဖစစ်အစိုးရက ၎င်းပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများမှ ထုတ်ပြန်ကြေညာနေပြီး ရပ်ကွက်များအတွင်း၌လည်း သံဃာတော်များအား လိုက်ပါအကူအညီပေးမှုများ မလုပ်ရန် ယနေ့နံနက်ကတည်းက ကားဖြင့် လှည့်လည်ကြေညာခဲ့သည်။

မန္တလေးမြို့တွင်လည်း သံဃာ (၂,၀၀၀) ခန်နှင့် ပြည်သူလူထု (၂) သောင်းခန့်တို့က ယနေ့နံနက်
(၁၁) နာရီခန့်မှ ညနေပိုင်းအထိ မြို့တွင်း၌ မေတ္တာပို့လှည့်လည် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: