စစ်အစိုးရက သံဃာအချင်းချင်း သွေးခွဲနေကြောင်း ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ပြောကြား

NEJ / ၂၅ စက်တင်ဘာ ၂၀၀၇-နအဖစစ်အစိုးရက သံဃာတော်များကိုဂိုဏ်းခွဲပြီး အသုံးချနိုင်
ရန်ကြိုးစားနေခြင်းဖြစ်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေး
ကြွယ်က ပြောသည်။ယမန်နေ့၌ သာသနာရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်က
သံဃာတော်များ လိုက်နာရန် သတ်မှတ်ချက်များကို ဓမ္မစက်ဖြင့်ဆောင်ရွက်ခြင်းအပေါ်လိုက်နာ
မှုမရှိပါကလုပ်ထုံးလုပ်နည်း ဥပဒေကြောင်းအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်
ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်ကြီးများအား လျှောက်ထားချက်အ
ပေါ် ကိုဌေးကြွယ်ကပြန်လည်တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။သံဃာတော်များ မြန်မာနိုင်ငံအနှံ့
မြို့များတွင် စီတန်းလှည့်လည်မေတ္တာပို့သမှုများ လုပ်နေသည်ကိုရည်စူး၍ ဗိုလ်မှူးသူရမြင့်မောင်
က သာသနာညှိုးနွမ်းမည့် အန္တရာယ်နီးကပ်နေသဖြင့် အမျိုးဘာသာသာသနာအကျိုးကို မျှော်
ကိုးကာ လမ်းညွှန်သြ၀ါဒမိန့်ကြားရန် ဆရာတော်ကြီးများအား ယမန်နေ့က လျှောက်ထားခဲ့
သည်။

ယင်းလျှောက်ထားချက်ကို ကိုဌေးကြွယ်က “သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုဟာ
ဘာကြောင့်ဆောင်ရသလဲဆိုတဲ့ ကံဆောင်မှုအတွက်ကိုတော့ သူတို့ထည့်ပြောမသွားဘူး။ ဆရာ
တော်တွေဘက်ကလည်း သာသနာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အရေးယူပါ။ သူတို့
ကလည်း အရေးယူမယ်ဆိုပြီးတော့ ပြောလိုက်တာပါ။ ဒါဟာ ခြိမ်းခြောက်မှုတခုပါ။ ဒါပေမယ့်
သံဃ၀န်ဆောင်ဆရာတော်တွေမှာ သဘောထားကွဲလွဲမှုတွေ အများကြီးရှိပါတယ်” ဟု ပြော
သည်။

သံဃာတော်များသည် လူထုရှေ့မှရပ်တည်ကာ လူထုအရေးအတွက်ဆောင်ရွက်နေသည်ကို
ပြည်သူတရပ်လုံးနှင့် ကမ္ဘာကပါ သိရှိသည့်အတွက် အာဏာပိုင်များအနေဖြင့် အကြမ်းဖက်
နှိမ်နင်းမှုများ ပြုလုပ်လာပါက ယခုတိုက်ပွဲသည် ပိုမိုပြင်းထန်သွားလိမ့်မည်ဟု ၎င်းက ပြော
သည်။

“သံဃာတွေအနေနဲ့ ဒီကံဆောင်မှုနဲ့အတူ လမ်းမပေါ်မှာမေတ္တာပို့ပြီးတော့ ဆန္ဒပြတာဟာ ရပ်
တန့်သွားမှာမဟုတ်ဘူး။ သူတို့ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ ရပ်တန့်သွားမှာမဟုတ်ဘူး၊ အခုသူ
တို့ဟာ သံဃာကိုဂိုဏ်းခွဲပြီးတော့ အသုံးချနိုင်အောင် ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့်
သံဃာတွေရဲ့ ညီညွတ်ရေးဟာ ပျက်ပြားသွားမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင်းရှိမြို့များတွင် လှည့်လည်မေတ္တာပို့ကံဆောင်မှုပြုနေကြသည့် သံဃာအင်အား
စုမှာ(၂) ရာခိုင်နှုန်းမျှပင် မရှိကြောင်း ဗိုလ်မှူးသူရမြင့်မောင်က ဆရာတော်များအား ထည့်သွင်း
ပြောဆို သွားသည်။

ထိုသို့ သာသနာရေးဝန်ကြီးက ပြောဆိုခဲ့သော်လည်း ယမန်နေ့က သံဃာတော်များ ဦးဆောင်၍
မြို့အသီးသီး၌ မေတ္တာပို့ လှည့်လည်လမ်းလျှောက်ရာတွင် ရန်ကုန်တမြို့တည်း၌ သံဃာတော်
ပေါင်း (၆) သောင်းကျော်ရှိကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် (၃) သိန်းကျော်ရှိကြောင်း မြန်
မာတနိုင်ငံလုံးတွင် သံဃာတော် (၆) သိန်းကျော်ရှိကြောင်း သံဃာ့တပ်ပေါင်းစု သတင်းနှင့်ပြန်
ကြားရေးမှ ပြုစုထားသည့်စာရင်းများအရ သိရသည်။

သံဃာတော်များက မြန်မာနိုင်ငံတွင် ပြည်သူလူထု ခံစားနေရသည့် အခြေအနေကို ပြည်သူနှင့်
တသားတည်းရပ်ပြီး လုပ်ဆောင်သည့်အရေးသည် အမျိုးသားရေးဖြစ်သည်ဟုကိုဌေးကြွယ်က
ပြောသည်။

“သံဃာအရေးကိစ္စတခုတည်းမဟုတ်တော့ဘူး။ ပါတီအရေးကိစ္စလည်းမဟုတ်ဘူး။ ကျောင်း
သား အရေးကိစ္စတခုတည်းလည်း မဟုတ်တော့ပါဘူး။ အမျိုးသားရေးဆိုင်ရာ လှုပ်ရှားမှုကြီး
တခုပါ။ ဒီ အမျိုးသားရေးပေါ်မှာ ရပ်တည်ပြီးတော့ ဆောင်ရွက်တဲ့သံဃာတွေကို မည်သည့်
စွပ်စွဲချက်ဖြင့် စွပ်စွဲသည်ဖြစ်စေ သူတို့ဟာ ဓမ္မဘက်က ရပ်တည်နေတာပါ။ အမှန်ဘက်က
ရပ်တည်နေတာပါ။ လူထုဘက်က ရပ်တည်နေတာပါ” ဟု ၎င်းက ပြောသည်။

ထိုသို့ပြည်သူများဘက်မှ ရပ်တည်ဆောင်ရွက်နေသည့်သံဃာတော်များအား စစ်အစိုးရအနေ
ဖြင့် အကြမ်းဖက်တုံ့ပြန်လာလျှင် ယခုထက်ပိုမိုပြင်းထန်သည့် သပိတ်တိုက်ပွဲကြီးကို ပြည်သူ
များနှင့်အတူ ဆက်လက်ဆင်နွှဲသွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေး
ကြွယ်က ပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: