ဟောလီးဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီ မြန်မာကလေးငယ်တဦးကို မွေးစားရန်စီစဉ်

NEJ / ၂၄ စက်တင်ဘာ ၂၀၀၇-ဟောလီးဝုဒ်နာမည်ကြီးသရုပ်ဆောင်ဇနီးမောင်နှံဖြစ်သည့် မင်း
သမီးအန်ဂျလီနာဂျိုလီနှင့်မင်းသား ဘရက်ပစ်တို့က မြန်မာနိုင်ငံမှ ကလေးငယ်တဦးကို မွေးစား
လိုကြောင်း ဗြိတိန်နိုင်ငံDaily Mail သတင်းတွင် ဖော်ပြထားသည်။မင်းသမီးအန်ဂျလီနာဂျိုလီအ
နေဖြင့် ကမ္ဘောဒီးယား၊ အီသီယိုးပီယားနှင့် ဗီယက်နမ်တို့မှ ကလေးငယ်များကို မွေးစားထားပြီး
ဖြစ်၍ ယခုလက်ရှိတွင် မြန်မာနိုင်ငံမှ မိန်းကလေး ကလေးငယ်တဦးကို မွေးစားလိုနေခြင်းဖြစ်
ကြောင်း သတင်းတွင် ရေးသားထားသည်။

အန်ဂျလီနာဂျိုလီတွင် ကလေးငယ် (၄) ဦးရှိရာ တဦးမှာ ပြီးခဲ့သည့် (၅) နှစ်တွင် ကမ္ဘောဒီးယား
နိုင်ငံမှ မွေးစားထားသည့် အကြီးဆုံးသားMaddox အသက် (၆) နှစ်ဖြစ်သည်။ ထို့နောက်ပြီးခဲ့
သည့် (၂) နှစ်တွင် မင်းသားဘရက်ပစ်နှင့် လက်ထပ်ခဲ့ပြီး အီသီယိုးပီးယားနိုင်ငံမှ သမီးမိန်းက
လေး Zahara ကို မွေးစားခဲ့သည်။ယမန်နှစ်တွင် အန်ဂျလီနာဂျိုလီက သမီးငယ် Shiloh ကို
မွေးဖွားခဲ့သည်။ ထို့ပြင် ဂျိုလီတို့ဇနီးမောင်နှံက ဗီယက်နမ်မှ သားယောကျာ်းလေး Pax Thien
ကို ယခုနှစ်အစောပိုင်းတွင် ထပ်မံမွေးစားခဲ့သည်။

အန်ဂျလီနာဂျိုလီက စစ်ပွဲကြောင့် ဒုက္ခအကြီးအကျယ်ရောက်နေသည့် နိုင်ငံဒေသများတွင်သူမ
၏အကူအညီပေးမှုကို မြှင့်တင်လုပ်ဆောင်လိုနေကြောင်း သူမနှင့်နီးစပ်သူတဦးကပြောကြောင်း
Daily Mail တွင် ဖော်ပြထားသည်။

“သူ့အနေနဲ့ ကျောင်းသူကျောင်းသားတွေကို ကူညီဖို့နဲ့ ဝေဒနာပြင်းပြင်းထန်ထန် ခံစားနေရတဲ့
အေအိုင်ဒီအက်စ်ရောဂါသည်တွေကို ကူညီဖို့အတွက် မြန်မာနိုင်ငံကိုသွားရောက်ဖို့ဆွေးနွေးနေ
ပါတယ်” ဟုလည်း အဆိုပါနီးစပ်သူက ပြောသည်။

အန်ဂျလီနာဂျိုလီက ကမ္ဘာတ၀န်း မိဘမဲ့ကလေးငယ်များ ဖောင်ဒေးရှင်းမှ ကလေးမွေးစားမှု
ဆိုင်ရာ အထူးကျွမ်းကျင်သူ ဒေါက်တာ Jane Aronson ထံမှ အကြံဥာဏ်နှင့် အကူအညီ
များကို ရယူခဲ့သည် ဟုလည်း သိရသည်။

အန်ဂျလီနာဂျိုလီက သူ့အနေဖြင့် ကမ္ဘာတ၀န်းရှိ နိုင်ငံများမှ ကလေးငယ်များကို မွေးစားခြင်း
ဖြင့် “သက်တန့်” မိသားစုတစုကို ထူထောင်ချင်ကြောင်း ယခင်က ပြောခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ချစ်ကြည်ရေးသံတမန်ဖြစ်သည့် အန်ဂျ
လီနာ ဂျိုလီသည် ပြီးခဲ့သည့် ၂၀၀၂ ခု မေလတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ထမ်ဟင်ဒုက္ခသည်
စခန်းသို့ လာရောက်၍ မြန်မာဒုက္ခသည်များအတွက် အကူအညီ အမေရိကန်ဒေါ်လာတသိန်း
လှူဒါန်းခဲ့သည်။

ထို့ပြင် ၂၀၀၄ ခု အောက်တိုဘာတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းသို့ သွား
ရောက် လေ့လာခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင်လည်း အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည် မိ
သားစုတစုနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: