ကျောင်းသားပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ရန် ဗကသများအဖွဲ့ချုပ် တိုက်တွန်း

ကျော်ထင်(ထိုင်း) / ၂၄ စက်တင်ဘာ ၂၀၀၇-ရန်ကုန်မြို့ဆန္ဒပြပွဲများတွင် ယနေ့စတင်ပူးပေါင်းပါဝင်လာသည့် ဗမာနိုင်ငံ
လုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ကျောင်းသားထုတရပ်လုံးနှင့်ပြည်သူလူထုအားလုံးပါဝင်ဆင်နွှဲ
ကြရန် တိုက်တွန်းလိုက်သည်။

ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားထုသို့ ပန်ကြားချက်ကို အထက်တန်းကျောင်းများ၊ တက္ကသိုလ် ကျောင်းများတွင်
ယနေ့ဖြန့်ဝေသည်။

ပန်ကြားချက်တွင် ကျန်ရှိနေသေးသော ကျောင်းသားများအနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြနေသော ကျောင်းသားများ
နှင့်အတူ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

ဗကသပြောရေးဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်က “ကျနော်တို့ အခု သံဃာထုအပါအ၀င် ပြည်သူ လူထုတွေနဲ့ ပူးပေါင်း
ချီတက်နေတယ်။ အခုဆိုရင် ကျောင်းသားထု တော်တော်များများကပါဝင်နေပါပြီ။ အခြေအနေအမျိုးမျိုးကြောင့်တချို့
တ၀က်ကျန်ရှိနေတာပါ။ တချို့ကျောင်းတွေမှာ စာမေးပွဲတွေရှိနေတဲ့အတွက် သူတို့မထွက်လာနိုင်သေးတာပါ။ နောက်
ပိုင်းမှာတော့ ထွက်လာ တော့မှာပါ” ဟု ပြောသည်။

တိုင်းပြည်အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် ယနေ့အချိန်တွင် သံဃာထုက ဦးဆောင် ဆန္ဒပြနေသည့်အတွက် ပြည်သူလူထုကလည်း မိမိတို့ဆန္ဒများကို ရဲရဲရင့်ရင့် ထုတ်ဖော်ကြရန်လိုကြောင်း ဗကသများအဖွဲ့ချုပ်၏ တိုက်တွန်းချက်
တွင် ပါရှိသည်။

ရဟန်းသံဃာများကဦးဆောင်ကာ ဆန္ဒပြပြီး သီတင်းတပတ်အကြာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုကြီး
မှယနေ့တွင် ပြည်သူလူထုတရပ်လုံး ဆန္ဒပြပွဲတွင်ပါဝင်ကြရန်နှိုးဆော်ထားသည်။ ဆန္ဒပြပွဲများကြောင့်ရန်ကုန်ရှိအထက် တန်းကျောင်းအချို့ကို ပိတ်ထားသည်ဟု သိရသည်။

“ဒီမိုကရေစီရဖို့ဆိုတာ ပြည်သူလူထုတရပ်လုံးက ပူးပေါင်းပါဝင်တောင်းဆိုမှ ရမှာပါ၊ မည်သူတယောက်ကိုမှ အားကိုး
နေလို့မရပါဘူး။ လက်ရှိမှာ လူထုကြီးကလမ်းမပေါ်ထွက်လာပါပြီ။ ဒါကိုမျက်စိမှိတ်ပြီးမနေကြဖို့ တိုက်တွန်းလိုပါတယ်”
ဟု ကိုလင်းထက်နိုင်က ပြောသည်။

ဗကသများအဖွဲ့ချုပ်သည် အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့်တိုင်းရင်း
သားတန်းတူအခွင့်အရေး ကြိုးပမ်းမှုများအပါအ၀င် ၁၉၈၈ ခု ဒီမိုကရေစီ အရေးတော်ပုံတွင်လည်း အဓိကအခန်းကဏ္ဍ
မှ ဦးဆောင်လှုပ်ရှားခဲ့သော ကျောင်းသားအဖွဲ့အစည်း တခုဖြစ်သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: