အထွေထွေသပိတ်တိုက်ပွဲ တိုင်းရင်းသားခေါင်းဆောင်များပါဝင်

ပီတာအောင် / ၂၄ စက်တင်ဘာ ၂၀၀၇-သံဃာသပိတ်တိုက်ပွဲကိုထောက်ခံအားပေးသည့်အနေဖြင့် တိုင်းရင်းသားခေါင်း
ဆောင်များကသံဃာတော်များနှင့်အတူ ပူးပေါင်းပါဝင်၍ ဆန္ဒထုတ်ဖော်လျက်ရှိကြသည်ဟု တိုင်းရင်းသား ခေါင်းဆောင်
တို့က ပြောကြားသည်။ယနေ့ ရန်ကုန်မြို့၌ ကျင်းပနေသည့် သပိတ်တိုက်ပွဲ၌ တိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်၊ ဦးပူကျင့်ရှင်းထန်၊ ဦးထောင်ခိုထန်း၊ ဦးသာဘန်း၊ ဦးကျော်မြင့် ဒေါက်တာ အောင်တင်ဦးတို့နှင့်အတူ တိုင်းရင်းသားလူငယ်များလည်း ပူးပေါင်းပါဝင်ကြသည်။

မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျပ်အတည်းကြောင့် စီးပွားရေးကမောက်ကမဖြစ်လာပြီး ပြည်သူလူထုစားဝတ်နေရေးခက်ခဲ
လာခြင်းဖြစ်ကြောင်း၊ ယင်းအခက်အခဲကို ဖြေရှင်းပေးရန် ကျောင်းသားထုနှင့် သံဃာထုဦးဆောင်ကာ ဆန္ဒထုတ်ဖော်
သည်ကို ထောက်ခံသည့်အနေဖြင့် ဆန္ဒပြခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်က
ပြောသည်။

၎င်းက “အခုသံဃာတွေ တောင်းဆိုတဲ့ အချက်လေးချက်မှာပါတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အန်ကယ်တို့က သဘောကျပါတယ်။ အထူးသဖြင့် ရဟန်းသံဃာတွေ ကမကထလုပ်ပြီးဖြစ်လာမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို အန်ကယ်တို့က ပိုပြီးသဘောကျတယ်၊ ဒါကြောင့်မို့လို့ အခုသံဃာတွေဦးဆောင်တဲ့ ဆန္ဒပြတဲ့ထဲ
မှာ အန်ကယ်တို့ပါ ထုတ်ဖော်ပြီးတော့ဆန္ဒပြဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ တိုင်းရင်းသားလူငယ်တွေ ထွက်လာတာ
ဖြစ်တယ်” ဟု ပြောသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထောင်ခိုထန်းကလည်း “တိုင်းပြည်ရဲ့ စီးပွားရေးကျဆင်း
မှုအခြေအနေ၊ အခက်အခဲ၊ အကျပ်အတည်းပြဿနာ ဒီလောက်ကြီးတဲ့အချိန်မှာ ကျနော်တို့ နိုင်ငံရေးအင်အားစုတွေက ဒီအတိုင်းထိုင်ကြည့်လို့ မရဘူး။ အဲ့ဒါလောလောဆယ် သံဃာတော်တွေနဲ့ပူးပေါင်းဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ကြတယ်”
ဟု ပြောသည်။

၎င်းတို့သည် ယခုအခါ မြို့တော်ခန်းမရှေ့သို့ရောက်ရှိနေကြပြီး ကုန်ဈေးနှုန်းကျဆင်းရေး၊ နိုင်ငံရေးအကျဉ်းသားများအား
လုံးလွတ်မြောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်အောင်ဆောင်ရွက်ရေး ပိုစတာများ ကိုင်ဆောင်ထားကြသည်ဟု သိရ
သည်။

“သံဃာတွေလုပ်တာကို အားပေးလိုက်ပါမှာပါ။ အားလုံးပါသင့်ပြီး ချန်လို့မဖြစ်တော့ဘူး” ဟု ဇိုမီး အမျိုးသားကွန်ကရက်မှ ဦးပူကျင့်ရှင်းထန်က ပြောကြားသည်။

သံဃာတော်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် သံဃာတော်များ၏ကျန်းမာရေး ကူညီစောင့် ရှောက်ရန်တို့အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

သံဃာတော်များနောက်မှ လိုက်သည့်လူထုအနေဖြင့် ငြိမ်းချမ်းစွာလိုက်ရန်၊ လက်ကိုင်ပိုစတာများ ကိုင်ဆောင်ပြီးအသံ
တိတ်ဖော် ထုတ်ကြရန်နှင့် မေတ္တာသုတ်ကို ရွတ်ဆိုကြရန် သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက တိုက်တွန်းထားသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: