သပိတ်မှောက် သံဃာတော်များကို အနုပညာရှင်များက ဆွမ်းကပ်လှူဒါန်း

NEJ / ၂၄ စက်တင်ဘာ ၂၀၀၇-စာပေနှင့် အနုပညာရှင်များက သပိတ်မှောက်သံဃာများကို ရွှေ
တိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးဝင်းထဲ၌ ယနေ့နံနက်တွင် နေ့ဆွမ်းဆက်ကပ်
လှူဒါန်းကြသည်။မင်းသားကျော်သူ၊ ဟာသသရုပ်ဆောင်ဇာဂနာနှင့် ပိုးဖြူတို့ပါဝင်သည့် အနုပ
ညာရှင်များနှင့် အမျိုးသားရေးဦးဝင်းနိုင်အဖွဲ့တို့ ပူးပါင်းကာ သံဃာတော်အပါး (၇၀၀) ကျော်ကို
ဆွမ်းကပ်လှူကြ ခြင်းဖြစ်သည်။ဇာဂနာက “ကျနော်တို့ စာပေနဲ့အနုပညာရှင်တွေအကုန်လုံးရယ်။
အမျိုးသားရေးဦးဝင်းနိုင်တို့အဖွဲ့ရယ် ပေါင်းပြီးတော့ကပ်တာပါ။ ထမင်းဖြူနဲ့ ဟင်းချက်ပြီးကပ်တာ
ပါ။ ကျနော်တို့ အရေအတွက် သံဃာ အပါး (၅၅၀) လို့မှန်းထားတာ့ မလောက်လို့ နောက်ထပ်
ဒန်ပေါက် (၂၂၀) ထပ်ဝယ်လာတော့ (၇၇၀) ဖြစ်သွားတာပေါ့” ဟု ပြောသည်။

စာပေနှင့် အနုပညာရှင်များသည် ယနေ့ နေ့လယ်ပိုင်း၌ သံဃာတော်များနှင့်အတူ သပိတ်တိုက်
ပွဲ၌ပူးပေါင်းပါဝင်မည်ဟု သိရသည်။

သပိတ်မှောက် သံဃာတော်များအား ဒေါက်တာ အလင်္ကာနှင့် ဆရာဝန်များအဖွဲ့ကလည်းကြေး
သွန်းဘုရားကြီးဝင်းထဲ၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ ပေးနေ
ကြောင်း သိရသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: