ရန်ကုန်မြို့၌ သံဃာတော်များနှင့် လူပင်လယ်ကြီးပါဝင်သည့် အထွေထွေသပိတ်စတင်

NEJ/ ၂၄ စက်တင်ဘာ ၂၀၀၇-ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့နှင့် ကမ္ဘာအေးဘုရားတို့၌ သံဃာ
တော်များနှင့်အတူ လူပေါင်းသိန်းချီပါဝင်သည့် အထွေထွေသပိတ်ကြီးကို ယနေ့ စတင်လိုက်
သည်။သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်သည့် (၇) ရက်မြောက်နေ့တွင် ပြည်သူလူထု
သိန်းချီပါဝင်လာကြခြင်းဖြစ်ပြီး စံချိန်တင်လောက်အောင် များပြားသည်ဟု မြို့ခံများက ပြော
သည်။

ရန်ကုန်မြို့ခံတဦးက “တော်တော်များတယ်၊ ခါတိုင်းနေ့ထက်အများဆုံးနေ့ပဲ။ စံချိန်ပဲ၊ ဆူးလေ
မှာ ငါးသောင်းလောက်ကနေ နောက်ပိုင်း တသိန်းလောက်ရှိလာတာပေါ့။ လူတွေက ဒီဘက်ကို
ဆင်းလာတာ နည်းတာမှမဟုတ်ဘဲနဲ့။ သမ္မတရုံကနေ ဆူးလေအထိကို အကုန်လုံးပြည့်နေတာ။
ကမ္ဘာအေးမှာ ပိုများတယ်၊ အဲဒီမှာလည်း လူသိန်းချီတယ်” ဟု ပြောသည်။

မြို့တွင်းလှည့်လည် မေတ္တာပို့ လမ်းလျှောက်သည့် သံဃာတော်များနှင့်အတူ ပြည်သူများသည်
ညနေ (၄) နာရီ၌ မြို့တော်ခန်းမရှေ့မှ လူစုခွဲကာ မဟာဗန္ဓုလလမ်းအတိုင်း ချီတက်သွားကြပြီး
ထိုမှတဆင့် သိမ်ဖြူလမ်းနှင့်တာမွေဘက်သို့ ထွက်ခွာသွားကြကြောင်း၊ မြို့တော်ခန်းမရှေ့၌ သံ
ဃာတော်တပါးက သခင်ကိုယ်တော်မှိုင်းဓာတ်ပုံကို လိုက်လံဝေငှနေကြောင်း မျက်မြင်တဦးက
ပြောသည်။

အခြားမြို့ခံတဦးကလည်း “ကျနော်တို့မြင်သလောက်တော့ လူပင်လယ်ကြီးကိုဖြစ်သွားတာပဲ။
လိုက်ပါကြတဲ့ ပြည်သူတွေက မေတ္တာပို့စာနှစ်ပိုဒ်ကို ရွတ်ကြတယ်။ ပရိသတ်ကတော့ ရေလို့
တောင်မရတော့ဘူး။ လမ်းတွေဆို ပိတ်ဆို့ကုန်ပြီး တိုက်တွေပေါ်မှာလည်း တက်ကြည့်တဲ့သူ
တွေ ပြည့်နေတာပဲ” ဟု ပြောသည်။

ယနေ့ ဆန္ဒပြပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအပါ
အ၀င် ပါတီဝင် (၁၀၀) ခန့်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဆိုသည့် ဆိုင်းဘုတ်ကို
ကိုင်ဆောင်ကာ သံဃာတော်များနှင့်အတူ ပူးပေါင်းပါဝင်လမ်းလျှောက်ကြသည်ဟုအန်အယ်လ်
ဒီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒီနေ့ အဖွဲ့ချုပ်ရဲ့ပြည်နယ်၊ တိုင်းနဲ့ဗဟို ဆွေးနွေးပွဲစတာပေါ့။ မစခင်လေးမှာပဲ သံဃာ
တွေ ချီတက်ပွဲက ရုံးရှေ့ကဖြတ်သွားတော့ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ပြည်နယ်စည်း
တွေရော လူတရာလောက် ချီတက်ပွဲမှာ ပါသွားတယ်။ ဦးအောင်ရွှေနဲ့ လူကြီးတွေကတော့
လျှောက်နိုင်တဲ့လူ မရှိဘူး။ သံဃာတွေကို အောက်ဆင်းပြီး ဂါရ၀ပြုကြတယ်။ အခုသံဃာတွေ
ရဲ့ ဆန္ဒပြလှုပ်ရှားမှုဟာ အန်အယ်လ်ဒီရဲ့ အရင်တုန်းကတည်းက နိုင်ငံရေးအရတောင်းဆိုနေ
တဲ့အချက်တွေနဲ့ တထပ်တည်း ဖြစ်တယ်။ ဒါ့ကြောင့် ပါသွားကြတာပါ” ဟု ပြောသည်။

သပိတ်မှောက်ကြွချီမည့်သံဃာတော်များကို ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ ဟာသသရုပ်ဆောင်
ဇာဂနာ၊ ပိုးဖြူ၊ စာရေးဆရာ မောင်မိုးသူ၊ ကဗျာဆရာ အောင်ဝေး စသည့်စာပေနှင့်အနုပညာရှင်
များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး စေတနာ့ဝန်ထမ်း ဆရာဝန်များက ကျန်းမာရေးစောင့်
ရှောက်မှုများ ပေးကြသည်။

ဟာသသရုပ်ဆောင် ပိုးဖြူက “ဆွမ်းကပ်လိုက်ရတဲ့အတွက် ကျနော်တို့ အင်မတန်ပီတိဖြစ်ပါ
တယ်။ သံဃာတော်တပါးကို အရှင်ဘုရား အဆင်ပြေရဲ့လားလို့ မေးလိုက်တဲ့အချိန်မှာ အဲဒီ
ဘုန်းကြီး တပါးဖြေတဲ့ အဖြေကို ကျနော် တော်တော်ကျေနပ်သွားတယ်။ ဒီ ဆွမ်းနဲ့ဟင်းနဲ့က
ပြဿနာမရှိပါ ဘူးတဲ့၊ ဒီလောက်ကြွေးလိုက်ကတည်းက သူတို့ပီတိတွေ အများကြီးစားပြီး
တော့ ကျေနပ်သွားပါပြီတဲ့ ဆိုပြီး ဖြေတယ်ဗျ” ဟု ပြောသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: