မန္တလေးတွင် သံဃာတော်များ မေတ္တာပို့သကာ ငြိမ်းချမ်းရေးတရားဟော

NEJ / ၂၄ စက်တင်ဘာ ၂၀၀၇-မန္တလေးမြို့ ၀ိသုဒ္ဓါရုံ၊ မစိုးရိမ်တိုက်ဟောင်းနှင့်၊ မြတောင်ကျောင်းတိုက်တို့မှ သံဃာ
တော်အပါး(၇၀၀) ခန့်သည် ယနေ့နံနက် (၉) နာရီခန့်တွင် မြို့တွင်းစီတန်းလှည့်လည်ကာမေတ္တာပို့သကြသည်။သံဃာ
တော်များသည် (၃၈) လမ်းမှ (၈၄) လမ်း၊ ထို့နောက် (၃၅) လမ်းမှ ဘူတာကြီးကုန်းကျော်၊ ကျုံးထောင့်၊ (၂၆) လမ်း
အတိုင်းနာရီစင်၊ ထိုမှ အိမ်တော်ရာဘုရားကို ပတ်ကာ မေတ္တာပို့ပြီး (၂၆) လမ်းမှပြန်ထွက်ကာ (၈၄) လမ်းအတိုင်း ဦး
ပေစိဘုရားသို့ ဦးတည်ကြွမြန်းကြသည်။

နံနက်ပိုင်း(၁၁) နာရီခွဲခန့်တွင် လူစုမခွဲသေးဘဲ သံဃာတော်များနှင့်လူထုတို့ဆုံစည်းကာ မေတ္တာပို့သရာတွင် ဦးဆောင်
ပါဝင်သည့် သံဃာတော်တပါးက ဦးပေစိဘုရားအုတ်ခုံပေါ်မှနေ၍ ပရိသတ်အား ငြိမ်းချမ်းရေးတရား ဟောကြားသည်။

ထိုသို့တရားဟောသည့် သံဃာတော်ဦးပဉ္စင်းက “ပခုက္ကူမြို့မှာ သံဃာတော်တွေအပေါ် တုံ့ပြန်ခံရတာကို ဦးပဉ္စင်းတို့
ဟာ စိတ်မဆိုးဒေါသမထွက်ဘဲနဲ့ မေတ္တာမပျက်ပါဘူးဆိုတာ လူထုရှေ့မှာ ပြခြင်း ဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေ
ဟာ ဒီမိုကရေစီ ဗိုက်နာနေကြတယ်။ ဒါဟာတိုင်းပြည်ရဲ့ စစ်မှန်တဲ့ဝေဒနာပါ။ ဒီစစ်မှန်တဲ့ဝေဒနာကို စစ်ဗိုလ်ချုပ်ကြီး
တွေဟာ ကုစားပေးဖို့၊ အဖြေရှာပေးဖို့ ဦးပဉ္စင်းတို့က မေတ္တာပို့ပါတယ်။ အဖြေရှာပေးကြဖို့ မေတ္တာပို့ဆုတောင်းတာဖြစ်
ပါတယ်” ဟု မိန့်ကြားသည်။

သံဃာတော်များသည် တိုင်းသူပြည်သားအားလုံး၏ ဆွမ်းကိုစားခြင်းဖြစ်သည့်အတွက် မင်္ဂလာ တရားတော်နဲ့အညီ ဘုရားဟောသည့်အတိုင်း သံဃာတော်များက ပြုမှုကျင့်ကြံကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်မိန့်ကြားသည်။

နေလယ်ပိုင်းတွင်လည်း ကျောင်းတိုက်အသီးသီးမှ သံဃာတော်များက ဆက်လက် စီတန်းလှည့်လည်မေတ္တာပို့သကြ
မည်ဟု သိရသည်။

ပြည်သူလူထုအနေဖြင့် ရဲ၊ စစ်သားတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရသည်ဖြစ်စေ၊ လမ်းဘေးတွင် ဖြတ်သွားသည်ဖြစ်စေ ငြိမ်း
ချမ်းစွာ စီတန်းလမ်းလျှောက်သည့် လူထုကြီးအနေဖြင့် “ပြည်သူ့တပ်မတော်သားတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြ
ပါစေ။ ပြည်သူ့ရဲတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ ပြည်သူ့ဝန်ထမ်းတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ”
ဆိုသည့် မေတ္တာပို့ချက်များကို အသံထွက်၍ ရွတ်ဆိုကြရန် ယနေ့နံနက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု
အဖွဲ့မှ ထုတ်ပြန်ချက်တရပ်ကို အတည်ပြုလိုက်ကြောင်း ယင်းအဖွဲ့၏ ပြောခွင့်ရသံဃာတော်တပါးမှ မိန့်ကြားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: