စစ်တွေလူထု သိန်းချီပြီး သပိတ်တိုက်ပွဲဝင်

ကျော်ထင်(ထိုင်း) / ၂၄ စက်တင်ဘာ ၂၀၀၇-ယနေ့နိုင်ငံတ၀န်းပြုလုပ်သည့်သပိတ်တိုက်ပွဲတွင် ရခိုင်ပြည်နယ် စစ်တွေ
မြို့တွင်လည်း လူဦးရေ တမြို့လုံးနီးပါး သိန်းချီ၍ ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူတဦးက ခန့်မှန်းသည်။ဆန္ဒပြသူများသည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုကြီးမှ သပိတ်မှောက်ရန် နှိုးဆော်ထားသည့် နေ့လယ် (၁) နာရီတွင် သာသနာ့
အလံများ၊ ကျောင်းသားသမဂ္ဂအလံများကို ကိုင်ဆောင်ကာ ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေးဟူသော ကြွေးကြော်သံ
ကို တိုင်ကာမြို့လယ်ရှိ ဦးဥတ္တမပန်းခြံသို့ စစ်ကြောင်း (၂) ကြောင်းခွဲ ချီတက်ကြကြောင်း သိရသည်။

“ဘုန်းကြီးကတော့ သောင်းချီရှိမယ်။ ရခိုင်ပြည်နယ်အနှံ့အပြားကလာကြတာ။ လူထုကတော့ တမြို့လုံး ပါဝင်တယ်လို့
ပြောလို့ရတယ်။ လမ်းမကြီးတလျှောက်ဖြစ်တဲ့ ဆေးရုံကြီးကနေ လမ်းမတော်ခွဆုံအထိ လူကအပြည့်ပဲ။ လမ်းလျှောက်
လို့တောင် မရတော့ဘူး။ သိန်းချီရှိမယ်။ အခု ဦးဥတ္တမပန်းခြံမှာ တရားဟောနေကြတယ်” ဟု မျက်မြင်တွေ့သူတဦးက
ပြောသည်။

“အခုဆိုရင် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းတွေ အားလုံးပိတ်ထားတယ်။ တက္ကသိုလ် စာမေးပွဲတွေကို
ဖြေတဲ့သူဖြေတယ်။ မဖြေတဲ့သူကများတယ်။ မြို့တွင်းက စစ်တွေတက္ကသိုလ်ကို ပို့ပေးတဲ့ ဖယ်ရီကားတွေက ၀န်ထမ်း
တွေလည်း သပိတ်မှောက်တဲ့အထဲပါလာတော့ ကျောင်းသွား ချင်တဲ့သူလည်း သွားလို့မရဘူး” ဟု ၎င်းက ပြောသည်။

ဆန္ဒပြပွဲကို ရဟန်းသံဃာများအပြင် စစ်တွေတက္ကသိုလ်ကျောင်းသားများက ဦးဆောင်လှုပ်ရှားခြင်း ဖြစ်ပြီး ယနေ့တွင် စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခဲ့ကြသည်။

စစ်တွေမြို့နယ်တ၀ိုက်ရှိ ဘုန်းကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်များ ဦးစီးသောဆန္ဒပြသံဃာများသည် ဆရာ
တော်ဦး ဥတ္တမရုပ်ထုတွင် ပန်းခွေချ ကန်တော့ခဲ့ကြသည်။

ပြီးခဲ့သည့်လ (၂၈) နှင့် ယခုလအတွင်းဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများတွင် အာဏာပိုင်များက သံဃာများအား ရိုက်နှက်
ခြင်း၊ ရေကပ်လှူသူများအား ဖမ်းဆီးခြင်းရှိခဲ့သော်လည်း ယနေ့ဆန္ဒပြပွဲကို တစုံတရာအနှောင့်အယှက်မပေးခဲ့ဟု သိရ
သည်။ ရဲစခန်းများတွင် ၀င်းတံခါးများပိတ်ထားကာ အဓိကရဲစခန်းဖြစ်သော အမှတ် (၁) ရဲစခန်းတွင် ရဲများက စခန်း
ခေါင်မိုးပေါ်တွင် နေရာယူထား သည်ဟု သိရသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: