ဗန်းမော်သံဃာတော်များ ပထမဆုံးအကြိမ် မြို့တွင်းလှည့်လည် ဆန္ဒပြ

NEJ / ၂၃ စက်တင်ဘာ၂၀၀၇-ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း အသီး
သီးမှသံဃာအပါး (၂၅၀) ကျော်သည် နိုင်ငံတ၀န်း ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းအမှုကို ထောက်ခံသည့်အနေဖြင့်မြို့တွင်း
စီတန်း လှည့်လည်ကာ ပရိတ်ရွတ် ဆန္ဒထုတ်ဖော်ကြသည်။

နံနက် (၅) နာရီခွဲကျော်မှစ၍ (၈) နာရီကျော်အထှိ ဗန်းမော်မြို့ကျောင်းတိုက်အားလုံးမှ သံဃာ အသီးသီးတို့ မြို့တွင်း
လှည့်လည် ပရိတ်ရွတ်ရာတွင် ပါဝင်သည့် နာသိန်ကျောင်းမှ ဦးပဉ္စင်းတပါးက“မေတ္တာသုတ်၊ မောရသုတ်၊ အရပ်ဆယ်
မျက်နှာ မေတ္တာပို့လုပ်ကြတယ်။ သိန်တော်ကြီးဘုရားကနေ စထွက်တာပဲ၊ အမှတ် (၁) ဈေးကို ပတ်တယ်၊ အဲဒီကမှ
ရေကြောင်းရုံး၊ ကမ်းနား၊ အဲဒီကမှ ကံဦး ကျောင်းနဲ့ ဆေးရုံကြီးဘက်ကြွတယ်” ဟု မိန့်ကြားသည်။

လူထုပရိသတ်များက လက်အုပ်ချီသည့်သူကချီ၊ ရေသန့်ဗူး လှူသည့်သူကလှူနှင့် လမ်းတလျောက် အားပေးကြသည်ဟု
မိန့်ကြားသည်။

ယခုကဲ့သို့ သံဃာတော်များ စီတန်းလှည့်လည်နေသည်ကို ဒေသခံအာဏာပိုင်များက ဓာတ်ပုံများ ရိုက်ယူခဲ့ကြောင်း ဗန်းမော်ဒေသခံတဦးက ပြောသည်။

၎င်းက “အခုလို ဖြစ်လာမယ်လို့ လူတော်တော်များများက မသိဘူး၊ အာဏာပိုင်တွေလည်းမသိကြဘူး။ ကျနော်လည်း
အသံကြားလို့ လိုက်သွားတာ၊ လမ်းမှာတော့ ဓာတ်ပုံတွေ ရိုက်ပြီး အတော်လေး အလုပ်ရှုတ်နေတာ၊ အဖမ်းအဆီးတွေ
တော့ ဘာမှမရှိဘူး။ ငြိမ်းငြိမ်းချမ်းချမ်းပဲပြီးသွားတယ်၊ ရဟန်း သံဃာတော်တွေပဲ လုပ်တာဆိုတော့ လူတွေဝင်ပြီး လမ်း
လျှောက်လို့တော့ မရဘူးး၊ ဘေးကနေပြီးရှိခိုး အားပေးပေါ့” ဟု ပြောသည်။

ဗန်းမော်မြို့ သိန်တော်ကြီးကျောင်းမှ သံဃာတော်အပါး (၁၀၀) ကျော်တို့ကလည်း စက်တင်ဘာ(၁၇) တွင်ကျောင်း
အတွင်း၌ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲပြုလုပ်ခဲ့သည်။

ယခု ဗန်းမော်မြို့မှ သံဃာတော်များ စီတန်းလမ်းလျှောက်ဆန္ဒပြမှုသည် ကချင်ပြည်နယ်အတွင်း ပထမဆုံး ပေါ်ပေါက်
ခြင်းဖြစ်သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: