YouTube အင်တာနက်စာမျက်နှာ ပြန်ပိတ်ခံရတော့မည်-NEJ / ၂၁ စက်တင်ဘာ ၂၀၀၇

ထိုင်းနိုင်ငံတွင် (၅) လတာပိတ်ထားရာမှ ပြန်လည်ဖွင့်ပေးခဲ့သည့် ဗွီဒီယိုရိုက်ချက်များ အခမဲ့ ကြည့်ရှုဖြန့်ဝေနိုင်သော YouTube အမည်ရှိ အင်တာနက်စာမျက်နှာအား ယခုပြန်လည်ပိတ် တော့မည်ဖြစ်သည်။

အဆိုပါ အင်တာနက်စာမျက်နှာတွင် ဘုရင့်အကြံပေးအရာရှိချုပ်အား ယခင်နှစ် စစ်တပ်အာဏာ သိမ်းမှုတွင် အဓိက ကြိုးကိုင်သူအဖြစ် စွပ်စွဲထားမှုကို ဖော်ပြခဲ့သောကြောင့် ထိုင်းနိုင်ငံမှ ဆက်သွယ် ကြည့်ရှုမရနိုင်ရန် ပိတ်ဆို့ရခြင်းဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ယနေ့ပြောသည်။

“ထိုင်းလူထုရဲ့အမြင်တွေကို ရှုပ်ထွေးစေပြီး နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေတဲ့ အဲဒီ အင်တာနက် အချိတ်အဆက်ကို ပိတ်မိန့်ထုတ်ဖို့အတွက် ကျနော်တို့အနေနဲ့ အခုလာမယ့် ရက် အနည်းငယ်အတွင်း တရားရုံးမှာ တင်ပြမှာ ဖြစ်ပါတယ်” ဟု တရားရေးဝန်ကြီးဌာနမှ အင်တာနက် မှုခင်းဆိုင်ရာဌာန အကြီးအကဲ ရနာဖွန်ယန်ယင်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

တရားရုံးမှ တရားဝင်အမိန့်မချမှတ်မီ ကြားကာလတွင် အဆိုပါ အင်တာနက်စာမျက်နှာအား ပိတ်ဆို့ ထားနိုင်ရန် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းရှင်များထံမှ ပူးပေါင်းဆောင်ရွက်မှု ရယူသွားမည်ဟု ၎င်းကပြောသည်။

(၁၀) မိနစ်ကျော်နှင့် (၆) မိနစ်ကျော်စီ ရှည်ကြာသော အတွဲနှစ်ခုပါဝင်ပြီး “The Crisis of Siam” ဟု အမည်ပေးထားသည့် ဗွီဒီယိုရိုက်ချက်၌ ၀န်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ ယခု တော်ဝင်အကြံပေးအရာရှိချုပ် ပရင်တင်လာဆူလာနွန်ကို ယခင်နှစ် စက်တင်ဘာအာဏာသိမ်းမှုကို အဓိကကြိုးကိုင်သူအဖြစ် စွပ်စွဲဖော်ပြထားခြင်းဖြစ်သည်။

အာဏာသိမ်းခံခဲ့ရသော ၀န်ကြီးချုပ်ဟောင်းတပ်ဆင်၏ နောက်လိုက်များကလည်း ပြီးခဲ့သော ဆန္ဒပြ ပွဲများတွင် YouTube အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် အဆိုပါစွပ်စွဲချက်နည်းတူ စွပ်စွဲခဲ့ ကြသော်လည်း ဗိုလ်ချုပ်ကြီးများနှင့် စစ်အစိုးရက အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။

ထိုင်းဘုရင် ဘူမိဘောအား သရော်ထားသည့် ဗွီဒီယိုရိုက်ချက် (၂) ခုကို ဖော်ပြခဲ့သဖြင့် (၅) လတာ ပိတ်ဆို့မှုခံခဲ့ရသော အဆိုပါ http://www.youtube.com အင်တာနက်စာမျက်နှာကို နောင်တွင် စိစစ်ဖော်ပြ ပေးပါမည်ဟု ပိုင်ရှင် Google ကုမ္ပဏီက သဘောတူခဲ့သဖြင့် ယခင်လတွင် ပြန်လည်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ယခုနောက်ဆုံး ပိတ်ဆို့ရန် ကြိုးပမ်းမှုနှင့်ပတ်သက်၍ YouTube စာမျက်နှာနှင့် ပိုင်ရှင် Google ကုမ္ပဏီတို့ကမူ ထင်မြင်ချက်တစုံတရာ မပေးသေးပေ။      ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: