ပြည်သူများ မေတ္တာပို့သကြရန် သံဃာ့တပ်ပေါင်းစုအဖွဲ့ချုပ် နှိုးဆော်

NEJ/ ၂၁ စက်တင်ဘာ ၂၀၀၇-ပြည်သူလူထုအား မေတ္တာပို့သကြပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့
ချုပ်က ယနေ့တိုက်တွန်းနှိုးဆော်လိုက်သည်။အချင်းချင်းမေတ္တာဓာတ်များ အားနည်းနေသော မြန်မာနိုင်ငံအား မေတ္တာ
ဓာတ်များ အားကောင်း လာစေပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ကြစေရန် လာမည့် (၂၃) ရက်နေ့မှစ၍ (၂၅) ရက်နေ့အထိ
မိမိတို့ အိမ်ပေါက်ဝ၊ ကျောင်းပေါက်ဝ၊ ၀ရန်တာများသို့ထွက်၍ မေတ္တာပို့သကြရန် တိုက်တွန်းသည်။

“လူလူချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ တို့မေတ္တာစွမ်းကမ္ဘာလွှမ်း အေးချမ်းကြပါစေ” ဟူသော မေတ္တာပို့စာနှစ်ပိုဒ်
ကို ည (၈) နာရီမှ စတင်ကာ (၁၅) မိနစ်တိတိ မိသားစုလိုက်၊ ကျောင်းတိုက်လိုက်၊ ညီညီညာညာ သံပြိုင်ရွတ်ဆိုရန် နှိုးဆော်ထားသည်။

ထို့ပြင် ပတ္တုနိက္ကုဇ္ဖနကံဆောင်ပွဲကြီးကို တပြည်လုံးသံဃာထုနှင့် နိုင်ငံတကာရှိ သံယာထုများမှဝိုင်းဝန်းကြိုးပမ်းအား
ထုတ်ပေးခဲ့ခြင်းအတွက် သံဃာထုတရပ်လုံးကိုယ်စား၊ ပြည်သူလုထုကိုယ်စား ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်
ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံအား မေတ္တာဓာတ်များအားကောင်းလာပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးများဖြစ်ပေါ်လာစေရန် ငြိမ်း
ချမ်းစွာစီတန်းလှည့်လည် မေတ္တာပို့ကြသော အနယ်နယ်အရပ်ရပ်သံဃာတော်တို့၏ ငြိမ်းငြိမ်းချမ်းချမ်း ငြိမ်သက်အေး
ဆေးစွာဗုဒ္ဓဘာသာများပီသအောင် ဆောင်ရွက်ခဲ့နိုင်ခြင်းအတွက်လည်း အထူးလေးစားချီးမွမ်းကြောင်းကြေညာချက်
တွင်ပြောသည်။

အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ စီတန်းလှည့်လှည်မေတ္တာပို့သကြစဉ် လိုက်ပါဝန်းရံ အားပေးကြသည့် လူထု
အများကို သံဃာထုတရပ်လုံးကိုယ်စား အထူးကျေးဇူးတင်ဝမ်းမြောက်ကြောင်းလည်း ဖော်ပြထားသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: