လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေး

AP/NEJ/ ၂၁ စက်တင်ဘာ ၂၀၀၇-ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ယမန်နေ့က တခါးပိတ်အ
စည်းအဝေးပွဲကျင်းပပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား
လှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအား ရှင်းလင်းတင်ပြသည်။မြန်မာနိုင်ငံ၌ လတ်တလော သံ
ဃာနှင့်လူထုဆန္ဒထုတ်ဖော်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို
နအဖစစ်အစိုးရက ဖမ်းဆီးထားမှု အခြေအနေများကြောင့်
အစည်းအဝေးခေါ်ယူကျင်းပခြင်းဖြစ်သည်။

မစ္စတာဂမ်ဘာရီက “ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ
နိုင်ငံတကာအသိုင်းအ၀န်းကို အလွန်အမင်းစိုးရိမ်ပူပန်မှုတွေ ဖြစ်စေတယ်ဆိုတာကတော့သေ
ချာပါတယ်။ မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို အဖြေရှာဖို့ ကျနော်တို့ရဲ့ အား
ထုတ်မှုကိုတိုးမြှင့်လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်နေပြီဆိုတာကို ထင်ထင်ရှားရှားထပ်ပြီးပြ
သလိုက်တာပဲ” ဟု ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နှင့် ဗြိတိန်နိုင်ငံ သံအမတ်ကြီးများက မြန်မာနိုင်ငံအခြေအနေကို
စိုးရိမ်ပူပန်မိကြောင်းနှင့်မစ္စတာဂမ်ဘာရီကို မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားစေလိုကြောင်း ဆွေး
နွေးပွဲ အပြီးထုတ်ဖော်ပြောကြားသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ဆန္ဒပြသူများအပေါ် စာနာမှုရှိပြီး ငြိမ်းချမ်းစွာဆန္ဒပြမှုကို
မြန်မာစစ်အစိုးရ၏ ကိုင်တွယ်ပုံနှင့် သဘောထားကွဲလွဲသူများအား နှိပ်ကွပ်မှုများကို စိတ်ပျက်
ကြသည်ဟု ကုလဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဂျွန်ဆောရာစ်က ပြောသည်။

အမေရိကန်သံအမတ်ကြီး ဇယ်လ်မေခါလီဇဒ်က “မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာဒေသတွင်း
ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့အရေးကြီးနေ
တဲ့ ခုလိုအခြေအနေပေါ်မှာ လုံခြုံရေးကောင်စီက သင့်တော်တဲ့ အရေးယူဆောင်ရွက်မှု လုပ်
ဆောင်သင့် တယ်” ဟု ပြောသည်။

ယခုကျင်းပပြီးစီးသွားသည့် အစည်းအဝေးနှင့်ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား
ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂတာဝန်ခံ ဒေါက်တာသောင်းထွန်းက “ဒီလုံခြုံရေးကောင်စီ အစည်း
အဝေးရဲ့ထူးခြားချက်က မစ္စတာဂမ်ဘာရီရဲ့ ခုသွားမယ့်ခရီးစဉ်မှာ ယူအန်က လုပ်မယ့်အကြံပြု
ချက်တွေနဲ့လုပ်ဆောင်ချက်တွေဟာ အတွင်းရေးမှူးချုပ်ရုံးတခုတည်းရဲ့သဘောထားတခုတည်း
မဟုတ်ဘူး၊ အဲဒီနောက်မှာ လုံခြုံရေးကောင်စီကရပ်တည်ထားတယ်၊ လုံခြုံရေးကောင်စီရဲ့သ
ဘော ထားတွေဖြစ်တယ်ဆိုတာ ပြသတာဖြစ်တယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက လက်ရှိဖြစ်ပွားနေသည့် သံဃာတော်များ၏လှုပ်ရှားမှုကို အကြမ်းဖက်နှိပ်ကွပ်
ခြင်း၊ သွေးထွက်သံယိုဖြစ်အောင်လုပ်ဆောင်ခြင်းတို့ပြုလုပ်လာပါက မစ္စတာဂမ်ဘာရီမြန်မာနိုင်ငံ
သွား မည့်အချိန်အထိ စောင့်မနေဘဲ လုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးခေါ်ယူကာ
လိုအပ်သည့် အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်လာအောင် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆက်
လက်ပြောသည်။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ သွားရောက်မည့်ရက် အတိအကျမသိရသေးသော်လည်းလာ
မည့် အောက်တိုဘာလလယ်၌ သွားမည်ဟု အတွင်းရေးမှူးချုပ်ရုံးက ထုတ်ဖော်ကြေညာထား
သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: