ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် သံဃာများ ဆက်လက်သပိတ်မှောက် သံဃာတလှည့် ကျောင်းသားတလှည့် ဟောပြော

NEJ / ၂၁ စက်တင်ဘာ ၂၀၀၇-နအဖစစ်အစိုးရကို သပိတ်မှောက်ကံဆောင်သည့်အနေဖြင့် ချီတက်လမ်းလျှောက်ဆန္ဒ
ပြပွဲများ ယနေ့ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ကြီးများတွင်ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ရန်ကုန်မြို့၌မိုးသည်းထန်စွာရွာနေသည့်ကြားမှ ရန်ကုန်မြို့နေရာပေါင်းစုံမှ သံဃာတော်အပါး (၁,၅၀၀) ခန့်ကရွှေတိဂုံ
နှင့်ဆူးလေဘုရားသို့ ချီတက်လမ်းလျှောက်ဆန္ဒပြကြပြီး ဆူးလေဘုရားလမ်း၌ သံဃာတော်များနှင့်ကျောင်းသားများက
တလှည့်စီ လူထုဟောပြောပွဲများ ကျင်းပကြသည်။

မြို့ခံတဦးက “အသက် (၂၀) ကျော်ဝန်းကျင်ကိုယ်တော်တွေဟာ အေးစက်နေတဲ့မိုးရေကြားမှာ(၂) ပါးစီတန်းပြီး
လျှောက်လာကြတယ်။ ဒီလောက်အေးစက်နေတဲ့ မိုးရေကို ဂရုမထားမိသယောင်နဲ့ သံဃာတော်တွေဟာ တိုင်းပြည်
ကြီး အေးချမ်းစေဖို့ ကြွချီနေကြတယ်။ သံဃာတော်တွေကို မိုးရေ ထဲမှာပဲကြည်ညိုစိတ်နဲ့ ကျနော် ထိုင်ကန်တော့ဖြစ်
တယ်။ သံဃာတော်တွေဟာ စိုနေတဲ့သင်္ကန်း ကိုယ်မှာကပ်နေပြီး လမ်းတောင်အနိုင်နိုင်လျှောက်နေရတယ် မြို့လယ်
ခေါင်ကြီးမှာ ပြန်ပြောရင် ငိုချင်တယ်ဗျ မမေးနဲ့တော့ဗျာ” ဟု ပြောသည်။

မန္တလေးတိုင်း အမရပူရမြို့၌လည်း သံဃာတော် အပါး (၇၀၀)ခန့် မြို့တွင်းစီးတန်းလှည့်လည်ဆန္ဒပြကြောင်း မျက်မြင်
တဦးက ပြောသည်။

၎င်းက “နေ့လယ် (၁၂) နာရီကနေ (၂) နာရီအတွင်းမှာ မဟာဂန္ဓာရုံက အပါး (၇၀၀) လောက်(၃) ပါးတတွဲသံဃာ့
အလံ (၃) ခု ထောင်ပြီးသွားတယ်။ အလယ်က သံဃာတပါးက သပိတ်ကို မှောက်ပြီး ကိုင်ထားတယ်။ မင်္ဂလာတိုက်
လမ်းကထွက်ပြီး လမ်းငါးခွ၊ ကွမ်းသီးတန်းပြီးတော့ ရွှေဂူကြီးဘုရားလမ်းက တက်ပြီးတောင် သမန်လမ်းတောက်
လျှောက်သွားကြတယ်” ဟု ပြောသည်။

ယမန်နေ့က ဆန္ဒပြသည့် စစ်ကိုင်းတိုင်း မုံရွာမြို့၌လည်း (၂) ရက်မြောက်နေအဖြစ် သံဃာတော်အပါး (၁) ထောင်
ခန့် မြို့တွင်းစီတန်းလှည့်လည်ကာ သာသနာအလံများကိုင်ဆောင်၍ ဆက်လက် ဆန္ဒပြကြောင်း မြို့ခံများထံမှ သိရ
သည်။

ယနေ့နံနက် (၁၀) နာရီခွဲခန့်မှ စတင်ကာ မုံရွာမြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်ရှိ ဘုန်းစိုး၊ ဇောတိက၊ မဏိရတနာပုံ၊
မဟာလယ်တီ၊ ဥက္ကံတောရ စသည့် ဘုန်းကြီးကျောင်းများမှ သံဃာတော်များ ဆုတောင်းပြည့်ဘုရားနှင့် ရွှေစည်းခုံ
ဘုရားတို့သို့ သွားရောက်ပြီး မြို့တွင်းလှည့်လည်ကြသည်ဟု မြို့ခံတဦးက ပြောသည်။

၎င်းက “ဒီနေ့ကတော့ ပိုများတယ်။ ဗိုလ်ချုပ်လမ်းနဲ့ ဈေးကိုဖြတ်လျှောက်။ ဆုတောင်းပြည့်နဲ့ရွှေစည်ခုံဘုရားတွေကို
သွားပြီးကျောင်းကိုပြန်ကြွသွားကြတယ်။ လူထုကတော့ ဘေးကလက်အုပ် ချီပြီး ရေသန့်နဲ့ဖျော်ရည်လှူတယ်။ အာဏာ
ပိုင်တွေက အရပ်ဝတ်တွေနဲ့စောင့်ကြည့်တယ်။ မြို့ခံတယောက်အနေနဲ့တော့ လုပ်သင့်လုပ်ထိုက်တာကို သံဃာတွေက
လုပ်တဲ့အတွက် ကျနော်တို့ ကြည်ညိုအားပေးပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်း မိုးကုတ်မြို့၌လည်း ယနေ့မွန်းလွဲ (၂)နာရီခန့်က သံဃာအပါး (၃၀၀) ကျော် မြို့တွင်းဖြတ်၍ စီတန်း
လှည့်လည်ကြွချီကြပြီး မြို့ခံ လူထုထောင်သောင်းချီကာ ဆိုင်ကယ်များနှင့်လိုက်လံ အားပေးကြသည်ဟု မြို့ခံတဦးက
ပြောသည်။

၎င်းက “ဖောင်တော်ဦးဘုရားက စထွက်ပြီးတော့ ချမ်းသာကြီးဘုရားမှာဂိတ်ဆုံးတာပေါ့။ (၂) ပါးတတွဲ မေတ္တာသုတ်
ရွတ်တယ်၊ သာသနအလံတွေ ကိုင်ပြီးကြွသွားတယ်။ တမြို့လုံးကလူထုက(၇) မိုင်လောက်ဝေးတဲ့ဟာကို လိုက်ပို့တယ်။
တာပွဲကွင်းလို လူစည်ကားတဲ့နေရာတွေသွားတယ်။ အဲ့ဒီကနေ မြို့လယ်ကိုဖြတ်ပြီးသွားတယ် လူထုပရိသတ်အနေနဲ့ မိုး
ကုတ်တမြို့လုံး ဆိုင်ကယ်တွေ ထောင်ချီ၊ သောင်းချီတယ်။ တမြို့လုံးနီးနီးထွက်တယ်” ဟု ပြောသည်။

အလားတူ ပဲခူးမြို့နှင့် ရွှေဘိုမြို့တို့တွင်လည်း သံဃာတော်များက စီတန်းလှည့်လည် ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်းသိရ
သည်။

နအဖစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြား၌ နေ့စဉ်ရက်ဆက်ဆိုသလို သံဃာသပိတ်
တိုက်ပွဲများဆင်နွဲနေခြင်းဖြစ်ပြီး အာဏာပိုင်များက စောင့်ကြည်နေရုံမှလွဲ၍ နှောင့်ယှက် ဟန့်တားမှုများ ပြုလုပ်ခြင်းမရှိ
သေးချေ။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: