ချမ်းလွန် / ၂၁ စက်တင်ဘာ ၂၀၀၇-သွေးကင်ဆာရောဂါခံစားနေရပြီး စင်ကာပူတွင် ဆေးကုသမှုခံယူနေရသည့် နအဖ
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းအား ရိုးတွင်းချဉ်ဆီ အစားထိုးပေးနေသည့် ညီဖြစ်သူ ဗိုလ်ချုပ်တင်ထွန်း သေဆုံးသွားပြီ
ဖြစ်သည်။
ဗိုလ်ချုပ်ကြီးစိုးဝင်းအား ရိုးတွင်းချဉ်ဆီအစားထိုးကုသရာတွင် ချဉ်ဆီထုတ်ပေးနေသည့် အမြွှာညီ အစ်ကိုဖြစ်သူ စစ်အင်
ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တင်ထွန်းအသက် (၅၉) နှစ်သည်ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း၌ စင်ကာပူ အ
ထွေထွေဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်။
စင်ကာပူတွင်နေထိုင်နေသည့် မြန်မာတဦးက “ဂျင်နရယ်လ်ဆေးရုံမှာ သေသွားတယ်။ မနက်ပိုင်း သေသွားတယ်လို့ပဲ
သိတယ်၊ အချိန်အတိအကျတော့မသိဘူး” ဟု ပြောသည်။
ယမန်နေ့ထုတ် နအဖစစ်အစိုးရရပိုင် သတင်းစာများတွင် ဗိုလ်ချုပ်တင်ထွန်း၏ နာရေးသတင်းကို ဖော်ပြထားပြီး ၎င်း၏
ရုပ်အလောင်းကို မင်္ဂလာဒုံစစ်သင်္ချိုင်း၌ ယနေ့မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်မည်ဖြစ် ကြောင်း ဖော်ပြထားသည်။
ယခုနှစ် မတ်လအစောပိုင်းမှစ၍ ဗိုလ်ချုပ်ကြီးစိုးဝင်းသည် စင်ကာပူအထွေထွေဆေးရုံသို့ သွား ရောက်ဆေးကုသမှုခံယူ
နေပြီး သွေးကင်ဆာရောဂါခံစားနေရသည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း ၎င်း၏ကျန်းမာရေးအခြေအနေနှင့်
ပတ်သက်၍ စစ်အစိုးရက သတင်းလျှို့ဝှက်ထားသည်။
၂၀၀၄ ခုတွင် ရာထူးမှဖယ်ရှားခံရသည့် ဗိုလ်ချုပ်ကြီးခင်ညွန့်နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရသူဗိုလ်ချုပ်ကြီးစိုးဝင်း
သည် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုတွင် ဆန္ဒပြတောင်းဆိုသူများအား ဖြိုခွဲခဲ့သူအဖြစ် နာမည်ကြီးသည်။
စစ်ကိုင်းတိုင်းမှူးအဖြစ် ၎င်းတာဝန်ယူခဲ့စဉ် ၂၀၀၃ ခု၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုး
သား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များအား ဒီပဲယင်းခရိုင်၌ တိုက်ခိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
ဝန်ကြီးချုပ်စိုးဝင်း၏ ရာထူးနေရာတွင် အတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်အား မြန်မာနိုင်ငံ၏ ခေတ္တ၀န်ကြီးချုပ်
အဖြစ် ခန့်အပ်ကြောင်း ပြီးခဲ့သည့် မေ (၁၈) တွင် စစ်အစိုးရထုတ်ပြန်သည့် သတင်း များတွင် ဖော်ပြခဲ့သည်။ ။
Filed under: သတင်း, မြန်မာသတင်း |
Leave a Reply