အင်္ဂါနေ့ဝတ်ပြုဆုတောင်းသူ နော်အုန်းလှ ခေတ္တဖမ်းဆီးခံရပြီး ပြန်လွတ်

ချမ်းလွန် / ၂၀ စက်တင်ဘာ ၂၀၀၇-ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ရွှေတိဂုံ
ဘုရားတွင် ၀တ်ပြုဆုတောင်းသူ နော်အုန်းလှအား အရပ်ဝတ်လူတစုက ပြီးခဲ့သည့်အင်္ဂါနေ့တွင်
နှောင့်ယှက်ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့သည်။ပြီးခဲ့သည့် အင်္ဂါနေ့ မနက် (၁၀) နာရီခန့်တွင် နော်
အုန်းလှက စမ်းချောင်း၊ ကွာဈေးတွင် ၀တ်ပြုဆုတောင်းရန်အတွက်ပန်းဝယ်နေစဉ် အရပ်ဝတ်လူ
တစုက ဒိုင်နာကားတစီးပေါ်သို့ အတင်းဆွဲခေါ်ကာ ကားပေါ်သို့တက်ရန်ပြောဆိုကြောင်း၊နော်
အုန်းလှက လက်မခံဘဲ ဖမ်းချင်လျှင် ၎င်း၏ နေအိမ်သို့ လာရောက်ဖမ်းဆီးရန် ပြောဆိုပြီး ပြန်
သွားခဲ့သည်။နေ့လယ် (၁၂) နာရီခန့်၌ ရွှေတိဂုံဘုရားသို့အသွားစမ်းချောင်းမြို့နယ်တရားရုံးရှေ့
အရောက်တွင် ၎င်းနှင့်အတူ ရွှေပြည်သာမြို့နယ် အန်အယ်လ်ဒီအမျိုးသမီးအဖွဲ့ဝင် ဒေါ်ထက်
ထက်ဦးဝေတို့အားအရပ်ဝတ်လူစုက ဖမ်းဆီးခဲ့ကြောင်း နော်အုန်းလှက ပြောသည်။

၎င်းက “နောက်ကနေ တဖြည်းတဖြည်းနဲ့ သူတို့ကားနဲ့ လိုက်လာတာကိုသိတယ်။ ပြီးတော့ကျမ
တို့ကိုဖမ်းတယ်။ အတင်းဝိုင်းဆွဲတယ်။ မထက်ထက်ဦးဝေရောပါတယ်။ ကားပေါ်ရောက်တော့
အတင်းမောင်းသွားတာ။ ကျမတို့နှစ်ယောက်ကအော်တော့ ကျမတို့ကိုအတင်းချုပ်ပြီးပါးစပ်ကို
အတင်းဖမ်းပိတ်တယ်” ဟု ပြောသည်။

ထိုသို့ ဖမ်းဆီးရန် စမ်းချောင်း မယကဥက္ကဋ္ဌက အမိန့်ပေးညွှန်ကြားခြင်းဖြစ်ကြောင်း၊ ၎င်းတို့
(၂) ဦးအား ကျိုက္ကဆံ ရဲတပ်ရင်း (၈) သို့ ခေါ်ဆောင်သွားကာ အခန်းတခန်းတွင် ထိန်းသိမ်း
ခဲ့ပြီး ညနေ (၅) နာရီ ကျော်ကျော်တွင် လွှတ်ပေးခဲ့ကြောင်း နော်အုန်းလှက ပြောသည်။

၎င်းက “ကောင်မလေး ငါးယောက်လာတယ်။ ဘုရားသွားမယ်တဲ့။ ညနေဘက်မှာဆိုရင် အေး
အေးဆေးဆေး ဘုရားဖူးရတာပေါ့၊ အဲလိုပြောတယ်။ ပြီးတော့ ဒိုင်နာကားတစီးနဲ့ ရွှေတိဂုံပို့
တယ်။ဘုရားမှာ အင်္ဂါထောင့်ကိုရောက်တော့ ကောင်မလေးတွေက ကျမတို့ကို အေးအေးဆေး
ဆေးရှိခိုးနော်လို့ ပြောပြီးတော့ ကျမ ဘုရားကို ရေသွားသပ္ပာယ်နေတဲ့အချိန်မှာ သူတို့တွေအ
ကုန်လုံး ကျမတို့ကို ထားခဲ့ပြီး ပြန်ပြေးကုန်တယ်။ အဲဒီမှာ ကျမတို့လည်း ဘုရားရှိခိုးပြီးပြန်လာ
ခဲ့တာ” ဟု ပြောသည်။

နော်အုန်းလှသည် ပါတီခွင့်ပြုချက်မယူဘဲ ယူအန်ဒီပီရုံးသို့ စာသွားရောက်ပေးပို့မှုနှင့်စပ်လျဉ်း၍
၂၀၀၅ ခု ဖေဖော်ဝါရီတွင် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံထားရပြီး
ရွှေတိဂုံဘုရားသို့ အပတ်စဉ် အင်္ဂါနေ့တိုင်း သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်
မြောက်ရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်နေသူဖြစ်သည်။

နအဖအာဏာပိုင်များဘက်မှ နှောင့်ယှက်မှုများမည်သို့ လုပ်ဆောင်စေကာမူ ဒေါ်အောင်ဆန်းစု
ကြည်မလွတ်မြောက်သရွေ့၎င်းအနေဖြင့် ဆုတောင်းပွဲကိုမပျက်မကွက်ဆက်လက်လုပ်ဆောင်
သွားမည်ဟု နော်အုန်းလှက ပြောသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: