ရန်ကုန်မြို့၌သံဃာတော်များ (၃) ရက်ဆက်တိုက် ဆန္ဒပြ

NEJ / ၂၀ စက်တင်ဘာ ၂၀၀၇-ရန်ကုန်မြို့၌ မိုးရွာနေသည့်ကြားမှ သံဃာတော်များက နအဖ
စစ်အစိုးကို သပိတ်မှောက်ကံဆောင်သည့်အနေဖြင့် ယနေ့မွန်းလွဲပိုင်း၌ တတိယနေ့အဖြစ် ဆက်
လက်ချီတက်ဆန္ဒပြကြသည်။

ယခင်နေ့များတွင် တက်ရောက်ခွင့်ပိတ်ထားသည့်ရွှေတိဂုံဘုရားပေါ်သို့ အာဏာပိုင်များကတက်
ခွင့်ပေးလိုက်သဖြင့်သံဃာတော်များက ရွှေတိဂုံဘုရားရင်ပြင်တော်ရှိ အောင်မြေ၌စုရုံးဆုတောင်း
ကြသည်။

လိုက်လံကြည့်ရှုသူ ရန်ကုန်သားတဦးက “ဒီနေ့ ရွှေတိဂုံတက်ခွင့်ရတယ်။ အရှေ့ဘက်မုခ်ကပဲ
ပြန်ဆင်းတယ်။ ကမ္ဘာအေးဘုရားလမ်းကို ပြန်တက်လာပြီးတော့ အလံပြဘုရားလမ်းကနေဆူး
လေဘုရားလမ်းအတိုင်းသွားတယ်။ ဆူးလေကိုညာဘက်က ပတ်ချိုးပြီးတော့ အမေရိကန်သံရုံး
အနောက်ဘက်ကလမ်းအတိုင်း ကမ်းနားဘက်ကိုပြန်ထွက်သွားတယ်။ ကမ်းနားကနေ ဗြိတိသျှ
သံရုံးရှေ့သွားပြီး မေတ္တာသုတ် ခေတ္တရွတ်တယ်။ ပိုစတာနှစ်ခု အင်္ဂလိပ်လိုတခုဗမာလိုတခုကိုင်
ထားတာတွေ့ရတယ်” ဟု ပြောသည်။

သံဃာတော်များသည်ကုန်သည်လမ်းပေါ်ရှိ အမေရိကန်သံရုံးနှင့်သိမ်ကြီးဈေးအနီး မဟာဗန္ဓုလ
လမ်းပေါ်ရှိ သိမ်တော်ကြီးသို့ ကြွချီကြပြီး ဆူးလေဘုရားပေါ်သို့တက်၍ တရားဟောပြီးနောက်
ညနေပိုင်းတွင် လူစုခွဲသွားကြသည်ဟု သိရသည်။

ဆန္ဒပြသည့် သံဃာအပါးအရေအတွက် (၁) ထောင်ကျော်ခန့်ရှိပြီး ပြည်သူလူထု (၂) ထောင်
ကျော် နောက်မှ လိုက်လံကြည့်ရှုကာ ကျောင်းသားနှင့်ပြည်သူအချို့က သံဃာတော်များကို
လက်ချင်းချိတ် ကာဘေးမှ ၀န်းရံပေးကြသည်ဟု သိရသည်။

အလားတူ ယနေ့နံနက်(၆) နာရီခန့်ကလည်း နိကယ်ငါးရပ်စာသင်တိုက်မှ သံဃာတော်အပါး
(၂၀၀)ကျော်တို့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုလှူထားသည့် ဒဂုံမြို့သစ်တောင်ပိုင်း(၂၀)
ရပ်ကွက်ရှိ အောင်ဗောဓိဘုရားသို့ သွားရောက်၍ သပိတ်မှောက်ကံဆောင်ကြသည်။

ရန်ကုန်တိုင်း ကွန်းခြံကုန်းမြို့၌ ယနေ့နံနက် (၇) နာရီခန့်က သံဃာတော်အပါး (၆၀) ခန့်
မဟာတိလောက မှန်ကူဘုရား၌လူစုကာ မြို့တွင်းစီတန်းလှည့်လည်ဆန္ဒပြသည်။

မြို့ခံသံဃာတော်တပါးက “မဟာတိလောက မှန်ကူသွန်းဘုရားကြီးမှာစုတယ်။ စုပြီးတော့
ဗိုလ်ချုပ်လမ်းမတလျှောက် အရှေ့ထိပ်ကနေ အနောက်ထိပ်ထိ ပရိတ်ရွတ်ပြီး လမ်းလျှောက်
တယ်။ ကွန်းခြံကုန်းမြို့ရဲ့ အရှေ့ အနောက်လမ်းမကြီးပေါ့။ ဘုရားကြီးကနေ မြို့တပါတ်ဈေး
ထဲကို တပတ်ပတ် ပြီးတော့ တောက်လျှောက်မြို့အရှေ့ထိပ်အနောက်ထိပ်ပေါ့” ဟု မိန့်ကြား
သည်။

ယနေ့ဆန္ဒပြပွဲများကို အာဏာပိုင်များ စောင့်ကြည့်ရုံမှလွဲ၍ အနှောင့်အယှက်ပေးခဲ့ခြင်းမရှိချေ။

သံဃာတော်များက စစ်အစိုးရကို သပိတ်မှောက်ကံဆောင်ခဲ့သည်မှာ (၄)ရက်တိုင်တိုင်ရှိပြီဖြစ်
ကြောင်း၊ ကျောင်းသားနှင့်ပြည်သူများအနေဖြင့် သံဃာများနှင့် ပူးပေါင်းပါဝင်ပြီး မိမိတို့ဆန္ဒ
အစစ်အမှန်ကို သတ္တိရှိရှိဖော်ထုတ်ပြသရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံး
ဆိုင်ရာ ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်က ယနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်
သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: