စက်တင်ဘာ (၁၉) ရန်ကုန်သံဃာဆန္ဒပြပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများ ပါဝင်

NEJ / ၂၀ စက်တင်ဘာ ၂၀၀၇-ယမန်နေ့က ရန်ကုန်မြို့တွင် ရွှေတိဂုံဘုရားမှ ဆူးလေဘုရား
အထိ သံဃာတော်များ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ရာတွင် လိုက်ပါကြည့်ရှုသူတဦး၏ ပြော
ပြချက်ကို တင်ပြထားပါသည်။

“ဒီနေ့ ဆန္ဒပြပွဲမှာတော့ သံဃာတော်တွေဟာ မနေ့ (၁၈) ရက်နေ့က စုတဲ့ ရွှေတိဂုံစေတီအရှေ့
ဘက်မုခ် ကြေးသွန်းဘုရားကြီးရှေ့မှာစုစည်းခဲ့ကြပါတယ်။ အဲဒီကမှတဆင့် ဆူးလေစေတီတော်
ဆီကို အလံပြဘုရားလမ်း ဆူးလေဘုရားလမ်းကနေတဆင့် လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။

ဒီနေ့ ထူးခြားတာက သံဃာတော်တွေနဲ့အတူ လမ်းဘေး ၀ဲဘက်ကနေ လိုက်ပါတဲ့ လူအုပ်ကြီး
ထဲမှာ ၈၈ မျိုးဆက်ကျောင်းသားများပါဝင်လာပြီး သံဃာတော်တွေရဲ့လိုအပ်ချက်တွေကို အကူ
အညီ ပေးနေကြခြင်းပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မနေ့ကနဲ့မတူ သံဃာတော်တွေက ဓာတ်ပုံ၊ ဗီဒီယို ရိုက်တာမကြိုက်ဘူးလို့ မိန့်ပါတယ်။
ဒါကြောင့် ဓာတ်ပုံ တဖျပ်ဖျပ်ရိုက်တာ မတွေ့ရပါ။

သံဃာတော်တွေ စီတန်းလမ်းလျှောက်ရာ အရှေ့ကနေ ကားတွေနဲ့ ကြိုတင်သွားကြတဲ့ အာဏာ
ပိုင်တွေကလည်း သိပ်နီးနီးကပ်ကပ်မနေပဲ ခပ်လှမ်းလှမ်းကသာနေပြီး ဓာတ်ပုံရိုက်တာကိုလည်း
ပေါ်ပေါ် ထင်ထင် လုပ်ရဲတာမတွေ့ရပါ။

သံဃာတွေ ချီတက်ပုံကတော့ ရှေ့ဆုံးက သံဃာ (၃) ပါးက သာသနာ့အလံကိုကိုင်ဆောင်သွား
ပါတယ်။ ရှေ့ဆုံးက သံဃာငယ်တပါးက သပိတ်တလုံးကို မှောက်ပြီး ကိုင်ဆောင်သွားပါတယ်။
(၅) ယောက်တတွဲ စနစ်တကျ စီတန်းပြီး မေတ္တာသုတ်ကို ရွတ်ဆိုလမ်းလျှောက်ပါတယ်။ စုစု
ပေါင်း သံဃာ (၈၀၀) ကနေ (၁,၀၀၀) ကြား ရှိနိုင်ပါတယ်။ ဆူးလေ ဘုရားပတ်ဝန်းကျင် မ
ရောက်ခင်ဘေးက တောက်လျှောက်လိုက်တဲ့ လူထုကတော့ (၁,၀၀၀) ပတ်ဝန်းကျင်လောက်
ပဲရှိပါတယ်။

အဆိုပါအချိန်က ရန်ကုန်မှာ မိုးရွာလိုက် တိတ်လိုက် ဖြစ်နေတဲ့အတွက် သံဃာတွေ သင်္ကန်းမှာ
မိုးစိုနေတာကိုလည်း တွေ့မြင်ရပါတယ်။ ယာဉ်ထိန်းရဲတွေ အားလုံးကလည်း လမ်းရှင်းပေးပါ
တယ်။

ဆူးလေဘုရားလမ်း ဗိုလ်ချုပ်လမ်းကို ကျော်လာတဲ့အခါ လမ်းဘေးက သစ်ပင်အောက် ထိုင်ခုံ
တွေမှာ ထိုင်နေတဲ့ လူတွေကို အတူပါလာတဲ့ ကျောင်းသားတွေက လက်အုပ်ချီဖို့ လှမ်းပြောတဲ့
အခါအားလုံး ထိုင်ရာထပြီး လက်အုပ်ချီကြတာ တွေ့ရပါတယ်။ ဒီအချိန်မှာတော့ လူထုပရိသတ်
(၃-၄) ထောင် လောက် စုမိနေပါပြီ။

လူထုတွေကြားထဲက ဓာတ်ပုံရိုက်သူတွေရှိရင်လည်း ကျောင်းသားတွေက မရိုက်ဖို့ တားမြစ်ပေး
ပါတယ်။ ဆူးလေဘုရား ခြေတော်ရင်းရောက်တဲ့အခါ မြို့တော်ခန်းမအပေါ်ကနေ ဗီဒီယို ကင်မ
ရာအကြီးနှစ်လုံးနဲ့ ရိုက်နေတာကို မြင်တဲ့အခါ ကျောင်းသားတွေက အော်ဟစ်တားမြစ်တာ
ကြောင့် ဗီဒီယိုကင်မရာကိုချပြီး အခန်းထဲ ပြန်လည် ပြေးဝင်သွားပါတယ်၊ ဆက်မရိုက်တော့ပါ။

ဆူးလေဘုရားမှာတော့ အာဏာပိုင်တွေက ဘုရားပေါ်တက်ခွင့်ပေးတဲ့အတွက် သံဃာတော်တွေ
ဘုရားပေါ်တက် ဘုရားဝတ်ပြု တရားဟော စတာတွေ လုပ်ပါတယ်။ ဆူးလေဘုရား ပတ်ဝန်း
ကျင် မြို့တော်ခန်းမရှေ့မှာတော့ သတင်းကြားလို့ ရောက်လာတဲ့ လူထုပရိသတ်တွေ အများအ
ပြားပြည့်နှက်သွားခဲ့ပါတယ်။

ဆူးလေဘုရားနဲ့ ဗိုလ်အောင်ကျော်လမ်းအကြား မဟာဗန္ဓုလလမ်းတလျှောက်မှာလည်း မနေ့က
လိုပဲ သံဃာတွေ ဗိုလ်တထောင်ဘုရားဘက်ဆက်သွားမလားဆိုပြီး လူထုပရိသတ်ရာပေါင်းများ
စွာ စောင့်ဆိုင်းနေကြတာ တွေ့မြင်ရပါတယ်။

(၄၅) မိနစ်လောက် အကြာမှာတော့ သံဃာတွေ ဆူးလေဘုရားပေါ်ကနေ လာရာလမ်းအတိုင်း
ဗိုလ်ချုပ်လမ်းဘက်ကို ပြန်လည် ထွက်ခွာပါတယ်။ ဒီအခါ ပရိသတ်တွေက တိုးမပေါက်အောင်
ပြည့်နှက်နေပါပြီ။ သံဃာတွေ လူစုခွဲချိန်ဖြစ်လို့ မေတ္တာသုတ်ရွတ်ဖတ်တာမျိုး စနစ်တကျစီတန်း
သွားတာမျိုးတော့ မရှိတော့ပါဘူး။

ဒီအခါမှ ဘေးပတ်ဝန်းကျင်က ပရိသတ်တွေက လက်ခုပ်တီး အားပေးကြပါတယ်။ လမ်းဘေး
တဘက်တချက် အဆောက်အဦတွေပေါ်မှာ အချို့ အစိုးရ၀န်ထမ်းရုံးတွေ ရှိနေပြီး ၀န်ထမ်း
အများ အပြား ထွက်ကြည့်နေကြပါတယ်။ အောက်ကကျောင်းသားတွေကအားပေးပါလို့ အော်
ပြောတဲ့အခါ ယူနီဖောင်းဝတ် စည်ပင်၊ ကျောင်းဆရာမ စတဲ့ ၀န်ထမ်းတွေက လက်ခုပ်တီးအား
ပေးကြပါတယ်။ သံဃာတွေ အသီးသီး အရပ် (၄) မျက်နှာ ပြန်ကြွသွားပြီး နောက်အကျဆုံး
သံဃာ (၃၀-၄၀)လောက် ဟာ ညနေ (၅း၀၀) နာရီလောက်ကျမှ ဆူးလေ- ဗိုလ်ချုပ်လမ်းအ
တိုင်း သိမ်ဖြူလမ်းကိုချိုးကွေ့ပြီး သက်ဆိုင်ရာကျောင်းတိုက်တွေဆီ စနစ်တကျစီတန်းပြန်သွား
တာ တွေ့မြင်ရ ပါတယ်”။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: