သံဃာ့သပိတ်မှောက်ကံဆောင်ပွဲများ နယ်မြို့များ၌ အရှိန်မြင့်မား

NEJ / ၁၉ စက်တင်ဘာ ၂၀၀၇-မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့၌ နအဖစစ်အစိုးရကို ဆန့်
ကျင်ဆန္ဒပြသည့် သံဃာတော်များသည် သပိတ်တိုက်ပွဲ ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း မြို့ခံများကပြောသည်။ယမန်
နေ့က လုံခြုံရေးရဲတပ်ဖွဲ့၏ မျက်ရည်ယိုဗုံးနှင့် သေနတ်သုံးကာ လူစုခွဲခံခဲ့ရသည့် စစ်တွေမြို့၌ သံဃာတော်များ ထပ်မံ၍
ဆန္ဒပြခဲ့ကြောင်း မြို့ခံတဦးက ပြောသည်။

၎င်းက “ရွှေစေတီကျောင်းရှေ့မှာ ရဟန်းသံဃာ (၇၀၀) လောက်က အဓိဌာန်ပြုကြတယ်။ အဓိဌာန်ပြုပြီးတော့ (၁) နာရီ
ခွဲမှာစပြီးထွက်ကြတယ်။ ပြည်သူတွေက လက်ခုတ်လက်ဝါးတီးပြီးတော့ ကြိုဆိုကြတယ်။ အခု မြို့ကိုပတ်ပြီးတော့လမ်းမ
ကြီး အတိုင်းတက်ပြီးတော့ ပယကရုံးရှေ့မှာ ရဟန်း (၇၀၀-၈၀၀) လောက်ရှိမယ် ပြည်သူကတော့ ၅ထောင်၊ ၆ ထောင်
လောက်ရှိမယ် တောင်းဆိုနေ ကြတယ်” ဟု ပြောသည်။

သံဃာတော်များက ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးသို့ ၀င်ရောက်ကာ ယခင်လ (၂၈) ရက်ဆန္ဒ
ပြပွဲ၌ သံဃာတော်များအား ရေသန့်ကပ်လှူသူ (၂) ဦးကို ဖမ်းဆီးကာ သံတွဲထောင်၌ ထောင်ချထားသည်ကို ပြန်လွှတ်
ပေးရန် သံဃာတော်များက တောင်းဆိုကြပြီး(၄) နာရီခန့်တွင် အာဏာပိုင်များက စနေနေ့နောက်ဆုံးထား၍ ပြန်လွှတ်
ပေးမည်ဟု ကတိပေးသဖြင့် သံဃာတော်များ လူစုခွဲသွားကြသည်ဟု သိရသည်။

မြို့ခံတဦးက “သံဃာတွေက ဆွေးနွေးတောင်းဆိုချက်တွေ အောင်မြင်တယ်လို့ ပြောပါတယ်။ သံသနာ့အောင်လံတွေ ထူပြီးပြန်ထွက်လာတယ်။ နောက်တော့ မေယုလမ်းအတိုင်း အနောက်ဘက် ချီတက်ပြီးသွားကြတယ်။ ပြည်သူတွေပြန်
နိုင်ကြပြီလို့ သံဃာတွေက ပြောလို့ လူစုခွဲပြန်သွားကြ တယ်” ဟု ပြောသည်။

အလားတူ ပဲခူးတိုင်း ပြည်မြို့၌လည်း ယနေ့နံနက်က သံဃာတော်အပါး (၅၀၀) ခန့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်းသာသ
နာ့အလံများကိုင်ဆောင်ကာ ချီတက်ဆန္ဒပြသည်ဟု လိုက်လံကြည့်ရှုသူတဦးက ပြောသည်။

၎င်းက “သံဃာတွေအုပ်လိုက်ကြီးပဲ၊ အပါး (၅၀၀) လောက် အုပ်လိုက်ကြီးပဲကြွတာ။ သာသနာ့ အလံတွေကိုင်ပြီး
လျှောက်တယ်။ ရှေ့ဆုံးက နှစ်ပါးသုံးပါး နောက်ကနှစ်ပါးသုံးပါး၊ အလံလေးငါးခု လောက်ကိုင်ပြီးလျှောက်တယ်။တမြို့
လုံး ပတ်လျှောက်တာ။ မေတ္တာသုတ်နဲ့ မောရသုတ်တွေ ရွတ်တယ်။ (၉) နာရီခွဲလောက်မှာ ရွှေဆံတော်ဘုရားပေါ်
တက်ပြီး သူတို့ကျောင်းကိုပြန်ကြတယ်” ဟု ပြောသည်။

ပြည်သူလူထုက သံဃာတော်များကို ရေသန့်ဘူးနှင့် ကွမ်းယာများကပ်လှူကြပြီး အာဏာပိုင်များက ဓာတ်ပုံရိုက်သည်
က လွဲ၍ အနှောင့်အယှက်ပေးခြင်း မရှိဟု သိရသည်။

ကြို့ပင်ကောက်မြို့၌ ယမန်နေ့ ညနေ (၄) နာရီတွင် သံဃာတော်အပါး (၂၀၀) ကျော် မြို့ထဲ လှည့်လည်မေတ္တာပို့ခဲ့
ကြပြီး တောင်တွင်းကြီးမြို့၌မူ သံဃာတော်အချို့ သပိတ်မှောက် ကံဆောင် သည့် အနေဖြင့် ပုံမှန်အာရုံဆွမ်းခံလေ့ရှိ
သည့် သာသနာ့ဗိမာန်ဓမ္မာရုံသို့ လာရောက်ဆွမ်းခံခြင်းမရှိဟု မြို့ခံတဦးက ပြောသည်

မန္တလေးမြို့၌လည်း ယနေ့နံနက်အစောပိုင်းက မဟာမြတ်မုနိဘုရားကြီး၌ သံဃာတော်အပါး (၅၀၀) ခန့်မေတ္တာသုတ်
ရွတ်ဆိုဆန္ဒပြကြပြီး နေ့လည်ပိုင်း၌အမရပူရမြို့လယ်ခေါင်၌ သံဃာတော် အပါး (၁၀၀) ခန့် စီတန်းလှည့်လည် ဆန္ဒ
ပြကြကြောင်း သိရသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: