ရန်ကုန်မြို့၌ သံဃာ့သပိတ်ဆက်လက်ဖြစ်ပွား ပြည်သူလူထု ထောင်ချီလိုက်ပါအားပေး

NEJ / ၁၉ စက်တင်ဘာ ၂၀၀၇- ရန်ကုန်မြို့၌ နအဖစစ်အစိုးရကို ဆန့်ကျင်ဆန္ဒြုပသည့် သံဃာတော် သပိတ်ပွဲ ယနေ့
ထပ်မံဖြစ်ပွားပြီး ရန်ကုန်မြို့ခံလူထု ထောင်နှင့်ချီကာ သံဃာတော်များကို လိုက်လံအားပေးကြသည်ဟုသိရသည်။ယနေ့
နံနက် စောစောပိုင်းကတည်းက စတင်ကာ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာပနှင့် ပုဇွန်တောင် စသည့် မြို့နယ်မှ သံဃာ
တော်များက ရွေတိဂုံဘုရားဆီသို့ စုရပ်အဖြစ် သွားရောက်ပြီးနောက် မွန်းလွဲပိုင်း၌ ဆူးလေဘုရားသို့ စီတန်းလှည့်လည်
သွားရောက်ကာ ဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြပွဲကို လိုက်လံကြည့်ရှုသည့် ရန်ကုန်မြို့ခံတဦးက “ဒီနေ့ ဘုန်းကြီးအပါး (၇၀၀) နီးပါးလောက် ရွှေတိဂုံဘုရားပေါ်
ကနေ ဆင်းလာတယ်။ တာမွေလမ်းကြောင်းအတိုင်း လျှောက်လာပြီး မင်္ဂလာ ဈေးဘက်ကို ဖောက်ထွက်လာတယ်။ ပြီးတော့ဒေါ်သိန်းတင်လမ်းထဲဝင်တယ်။ ပြီးတော့ ဆူးလေ ဘုရားထိ လမ်းလျှောက်လာတယ်” ဟု ပြောသည်။

ကျောက်မြောင်းဈေးမှစတင်ကာ ပြည်သူလူထုများက သံဃာတော်များနှင့်အတူလိုက်ပါသွားပြီး ဆူးလေဘုရားအရောက်
တွင် ပြည်သူလူထုအမြောက်အများ ဖြစ်သွားသည်ဟု ၎င်းက ဆက်လက် ပြောသည်။

“ကျောက်မြောင်းဈေးကနေ ပြည်သူတွေ စပါလာတယ်။ ဘုန်းကြီးတွေနဲ့တပါတည်း အနောက်ကနေ ဆူးလေဘုရား
အထိ လိုက်လာကြတယ်။ သမ္မတရုံကုန်းလည်းဆင်းရော ကြိုစောင့်နေတဲ့ ပြည်သူက (၅) ထောင်နီးပါးလောက် ရှိ
တယ်ခင်ဗျ။ ဆူးလေဘုရားပေါ်ကို သံဃာတွေက တက်လည်းတက်လိုက်ရော။ စောင့်နေတဲ့လူတွေအများကြီး ဖြစ်သွား
တယ်။ ပြန်ဆင်းလာတဲ့အချိန်မှာ ပန်းဆိုးတန်းကုန်းကျော်တံတားထိကို ဘုန်းဘုန်းတို့လမ်းမခွဲမချင်း အနောက်ကပြည်
သူလူထုက အားပေးပြီး တခဲနက် လိုက်ခဲ့ကြပါတယ်” ဟု ပြောသည်။

သံဃာတော်များက ဆူးလေဘုရား၌၀တ်ပြုဆုတောင်းအပြီး ညနေ (၄) နာရီခွဲခန့်တွင် ပန်းဆိုးတန်းလမ်း၌ ငြိမ်းချမ်းစွာ လူစုခွဲသွားကြကြောင်း သိရသည်။

ယမန်နေ့ကလည်း အလားတူဆန္ဒပြပွဲရန်ကုန်မြို့၌ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များက အနှောင့်အယှက် ပေးခဲ့ခြင်း မရှိ
ချေ။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: