မဲဆောက်တွင် တရားမ၀င်နေထိုင်သူများကို အထူးစီမံချက်ဖြင့် ရက်ဆက်ဖမ်းဆီး

NEJ / ၁၉ စက်တင်ဘာ ၂၀၀၇-ယခုလဆန်းမှစတင်၍ မဲဆောက်ဒေသအတွင်းဒေသခံ အာဏာ
ပိုင်များက အထူးစီမံချက်ဖြင့်တရားမ၀င်နေထိုင်သူများအား နေ့စဉ်ဖမ်းဆီး လျက်ရှိသည်။တနေ့
လျှင် မြန်မာပြည်သား (၃၀၀) ခန့်ကို ဒေသခံ အာဏာပိုင်များက ပုံမှန်ဖမ်းဆီးလျက်ရှိသဖြင့်
မြန်မာ ဘက်ကမ်း မြ၀တီမြို့နှင့် ဘေးလွတ်ရာနေရာဒေသ များတွင် တိမ်းရှောင်နေကြသည်။

ဖမ်းဆီးရာတွင်ပါဝင်သည့် မဲဆောက်ရဲစခန်းမှ ရဲအရာခံဗိုလ်တဦးက “အခုဖမ်းဆီးမှုဟာ မဲ
ဆောက်ဒေသအတွင်းမှာ တရားမ၀င်လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့လူတွေများ
ပြားတဲ့အတွက် အထူးစီမံချက်အနေနဲ့ အထက် ညွှန်ကြားချက်အရ ဖမ်းဆီးရတာဖြစ်တယ်” ဟု
ပြောသည်။ဖမ်းဆီခံရသူအချို့ကိုရုံးတင်ပြီး ထောင်ဒဏ် (၁၂)ရက်ချကာအချို့ကိုထိုင်းလ၀က
မှတဆင့် မြန်မာဘက်ခြမ်း မြ၀တီမြို့သို့ ပြန်ပို့လျက်ရှိသည်။

မဲဆောက်မြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးက “ရုံးတင်ထောင်ချတာ ဟုတ်တယ်။ ဒါပေမယ့်
သတ်မှတ် ချက်ဦးရေအရသာဖြစ်တယ်။ ကျန်တဲ့လူတွေကိုတော့ မြန်မာဘက်ကမ်းကို ပြန်ပို့
တယ်” ဟုပြောသည်။

ယနေ့နံနက်တွင် ဖမ်းဆီးခံရပြီးပြန်လွတ်လာသည့် မအေးက “ဒီမနက် အစောကြီး ဈေးထဲမှာ
အဖမ်းခံရတယ်။ ကျမက ဈေးဆိုင်ဖွင့်ထားတော့ ထောင်ကျနိုင်တယ်။ ရဲစခန်းခေါ်မသွားခင်
ကျမ ယောင်္ကျားလိုက်လာပြီး လာဖမ်းတဲ့လူနဲ့ ညှိလိုက်တာ ပြန်လွတ်လာတယ်၊ ဘတ်ငွေသုံး
ထောင် လောက်တော့ ဒါနပြုလိုက်ရတယ်” ဟု ပြောသည်။

မနက်ဖြန်တွင် စက်ရုံအလုပ်ရုံများအား ၀င်ရောက်စစ်ဆေးဖမ်းဆီးမည့် သတင်းများကြားသိရ
သဖြင့် စက်ရုံအလုပ်ရုံအချို့ပိတ်ထားပြီး အလုပ်ရှင်မှ အလုပ်သမားများအား မိမိတို့အစီအစဉ်
ဖြင့် တိမ်းရှောင်စေပြီး အခြေအနေကောင်းလျှင် ပြန်ခေါ်မည်ဟု ပြောကြောင်း မြ၀တီမြို့ဘုန်း
တော်ကြီးကျောင်းတွင်ခိုလှုံနေသူ မယ်တော်ရှိ သိုးမွေးအထည်ချုပ်စက်ရုံမှအလုပ်သမ မနီလာ
က ပြောသည်။

ယခုအခါ မြ၀တီမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်အသိမိတ်ဆွေများ၏ အိမ်များတွင်ထောင်
နှင့်ချီသည့် မြန်မာအလုပ်သမားများ သွားရောက်ရှောင်တိမ်းလျက်ရှိသည်ဟု မဲဆောက်အခြေ
စိုက်မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA အဖွဲ့၏ တာဝန်ခံ ကိုမိုးကြိုး
ကပြောသည်။

မြန်မာနိုင်ငံသားအများစု သွားလာစုဝေးရာ မဲဆောက်ဈေးတခွင်တွင် နေ့စဉ်နံနက်တိုင်း ခေါင်း
ရွက် ဗျပ်ထိုးဈေးသည်များနှင့် မြန်မာသူတောင်းစားများပါမကျန် ဖမ်းဆီးလျက်ရှိသည်။

မြ၀တီမှ မဲဆောက်သို့ ၀င်ရောက်မည့် မြန်မာနိုင်ငံသားများအား ထိုင်း လ၀ကမှ ချစ်ကြည်ရေး
တံတားဂိတ်အပါအ၀င် တံတား၏ ဘေးဝဲယာရှိ ဂိတ်ပေါင်း (၁၉) ခုမှ ၀င်ထွက်သွားလာခွင့်
ပြုထားခဲ့ရာမှ စက်တင်ဘာ (၂၀) မှ စတင်ကာ ချစ်ကြည်ရေးတံတားဂိတ်တခုသာ သွားလာ
ဖြတ်သန်းခွင့်ပြုမည်ဟု အသိပေး ကြေညာထားသည်။

အဖမ်းအဆီးများကြောင့် မဲဆောက်မြို့တခွင်တွင် လူသူသွားလာမှုနည်းပါးသွားပြီး မဲဆောက်
မြို့လယ် ဈေးကြီးနှင့် မြန်မာဈေးဆိုင်တန်းများတွင် ခြောက်ကပ်လျက်ရှိကာ “ဒီပုံအတိုင်းဆို
ရင်ရေရှည်မှာ ဗမာချည်းပဲမဟုတ်ဘူး။ ထိုင်းတွေပါ အခက်အခဲရှိလာနိုင်တယ်။ အခုတောင်
အရောင်းအ၀ယ်က မရှိသလောက်ပဲ” ဟု ဒေသခံ စားသောက်ကုန်ပိုင်ရှင်တဦးက ပြော
သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: