ဘန်ကောက်တွင် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း ထောက်ခံဆန္ဒပြဆန္ဒပြသူတဦးဖမ်းဆီးခံရ

ကျော်ထင်(ထိုင်း) / ၁၉ စက်တင်ဘာ ၂၀၀၇ – သံဃာထုမှ တနိုင်ငံလုံးအတိုင်းအတာဖြင့် ပတ္တနိက္ကုဇ္ဇနကံဆောင်
သပိတ်မှောက်ခြင်းကို ထောက်ခံသည့်အနေဖြင့် ယမန်နေ့နံနက် (၁၀) နာရီခန့်က ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံ
ရေးလှုပ်ရှား သူများ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြကြသည်။

ယခုလ (၅) ရက်က ပခုက္ကူမြို့တွင် ဖြစ်ပွားခဲ့သည့် သံဃာတော်များ လှည့်လည်စီတန်းမေတ္တာပို့သပွဲကို အာဏာပိုင်
များက အကြမ်းဖက်နှိမ်နင်းခဲ့မှုအပေါ် သံဃာတော်များမှ စက်တင်ဘာ (၁၇) ရက် နောက်ဆုံးထားပြီး ၀န်ချတောင်း
ပန်ရန်သတ်မှတ်ခဲ့ကာ ပျက်ကွက်ပါက စက်တင်ဘာ (၁၈) ရက်မှစ၍ သံဃာထုမှ တနိုင်ငံလုံးအတိုင်းအတာဖြင့် ပတ္တ
နိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု ထုတ်ပြန်ထားသည်။

လှုပ်ရှားတက်ကြွသူ (၇၀) ကျော်ခန့်က “ပတ္တနိက္ကုဇ္ဇနကံ တို့ထောက်ခံ၊ တို့ထောက်ခံ” ဟူသည့် ကြွေးကြော်သံများကို
တိုင်ပြီး မိနစ် (၂၀) ခန့် ဆန္ဒပြခဲ့သည်ဟု ဦးဆောင်လှုပ်ရှားသူတဦးဖြစ်သည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ဦး
ကျော်သောင်းက ပြောသည်။

ဆန္ဒပြနေချိန်အတွင်း ရဲများကနှောင့်ယှက်တားဆီးခြင်းမပြုခဲ့သော်လည်း ဆန္ဒပြအပြီး လူစုခွဲသွားချိန်တွင် ကင်းလှည့်
ရဲများက ကားစီးရန်စောင့်နေသော ဆန္ဒပြသူများကို စစ်ဆေးခဲ့ရာ အထောက် အထားမရှိသူတဦး အဖမ်းခံရကြောင်း
သိရသည်။

ဦးကျော်သောင်းက “ကျနော်တို့ဆန္ဒပြလို့အပြီး အသီးသီးပြန်ကြမယ်လို့ သံရုံးနားက ကားဂိတ်မှာ ရှိနေချိန်မှာ ပတ္တ
ရောင်ကားက စစ်ဆေးပြီးဖမ်းသွားတာ။ ကျနော်တို့မှာက လက်မှတ်တွေရှိနေလို့” ဟု ပြောသည်။

ဆန္ဒပြမှုကို ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၊ ပြည်ပရောက်မြန်မာအမျိုးသား ကျောင်းသားအဖွဲ့၊ ရခိုင်ဝံသာနုစာပေအသင်း၊ ဇိုမီးလူငယ်ကွန်ဂရက်နှင့် ပြည်ပရောက်နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တို့မှလုပ်
ဆောင် ကြခြင်းဖြစ်သည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီမှ စတင်
လိုက်ပြီဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် သံဃာ့တပ်ပေါင်းစုမှ ပြန်ကြားရေး တာဝန်ခံ ဆရာတော်တပါးက မိန့်ကြား
သည်။

ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းဆိုသည်မှာ သံဃာကိုစော်ကားသူ၏ မိသားစု၊ အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်း စသည်တို့နှင့်ပတ်သက်သည့် သာရေး၊ နာရေးကိစ္စဟူသမျှကို လိုက်လံတရား ဟောခြင်း၊ အလှူခံခြင်း စသည်တို့ကို
မပြုလုပ်ဘဲ ကြဉ်ဖယ်ကာ လုံးဝကင်းရှင်းစွာနေခြင်းဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: