တရုတ်အရှေ့ဘက်ကမ်းရိုးတန်းပြည်နယ်များတွင် တိုင်ဖုန်းဝိဖာတိုက်ခတ်သွား -NEJ / ၁၉ စက်တင်ဘာ ၂၀၀၇

တရုတ်နိုင်ငံအရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းပြည်နယ်များသို့ ယနေ့နံနက်တွင် အင်အားပြင်းသည့် တိုင်ဖုန်းဝိဖာ ၀င်ရောက်တိုက်ခတ်သွားသဖြင့် လျှပ်စစ်ဆက်သွယ်ရေးလိုင်းများနှင့် လူထောင်ပေါင်း များစွာအတွက် ရေဖြန့်ဝေရေးစနစ်တို့ ပြတ်တောက်သွားသည်။ဇီဂျန်းနှင့် ဖူဂျီယံပြည်နယ်နှစ်ခုအကြားသို့ ယနေ့နံနက် ဒေသစံတော်ချိန် နှစ်နာရီခွဲခန့်တွင် တနာရီ ကီလိုမီတာ (၁၆၀) နှုန်းဖြင့် မုန်တိုင်းတိုက်ခတ်သွားခဲ့သည်။

ဝမ်ဂျုံးပြည်နယ်အတွင်းတိုက်ခတ်သွားသော အဆိုပါမုန်တိုင်းကြောင့် အိမ်ခြေ (၆၆၉) အိမ် ပျက်စီး သွားပြီး လျှပ်စစ်လိုင်းများပြတ်တောက်သွားခဲ့သည်။ အဆိုပါဒေသတွင် လူပေါင်း (၅) သန်းခန့် မုန်တိုင်းဒဏ်ခံရပြီး အမေရိကန်ဒေါ်လာ (၃၈) သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေ (၃) ဘီလီယံနီးပါး ထိခိုက်သွားခဲ့သည်။

ဇီဂျင်းပြည်နယ်ထဲတွင်လည်း မုန်တိုင်းကြောင့် ဒေသခံတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

မုန်တိုင်းဒဏ်မှ လွတ်မြောက်စေရန် ပင်လယ်ကမ်းရိုးတန်းပြည်နယ်များဖြစ်သော ဇီဂျန်း၊ ဖူဂျီယံနှင့် ရှန်ဟိုင်းတို့မှ လူပေါင်း (၂) သန်းကျော်ကို ကုန်မြင့်ပိုင်းဒေသများသို့ တာဝန်ရှိသူများက ယမန်နေ့က ရွှေ့ပြောင်းပေးခဲ့ရသည်။

ဝမ်ဂျုံးမြို့လေဆိပ်တွင်လည်း လေယာဉ်ပျံသန်းမှုများကိုမူ ယမန်နေ့ကတည်းက ရွှေ့ဆိုင်းထားခဲ့ပြီး ဖြစ်သည်။

ယခုအခါ စာသင်ကျောင်းများနှင့် အခြားနေရာများတွင် ယာယီခိုလှုံနေသူများသည် မိမိတို့နေအိမ် များသို့ ပြန်သွားနိုင်ပြီဖြစ်သည်။

ယင်းမုန်တိုင်းကြောင့် ထိုင်ဝမ်ကျွန်းမြောက်ပိုင်းတွင်လည်း လူတဦးပျောက်ဆုံးနေပြီး နှစ်ဦး ဒဏ်ရာရ သွားကြောင်း Bloomberg သတင်းတပုဒ်တွင် ဖော်ပြသည်။ လျှပ်စစ်မီးများပြတ်တောက်ခဲ့ပြီး မိုဘိုင်း ဖုန်းဌာန (၁၂၄) ကျော် ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

အဆိုပါ ၀ိဖာမုန်တိုင်းသည် ရှန်ဟိုင်းမြို့ဘက်သို့ ဦးတည်သွားနေသဖြင့် ရေကြောင်းလမ်းများ၊ ကျောင်းများကို ပိတ်ထားရန်နှင့် အကယ်၍ ရာသီဥတုပိုမိုဆိုးရွားလာပါက ငွေကြေးဈေးကွက်ကို ပိတ်ထားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက အမိန့်ထုတ်ခဲ့သည်။

ယခုအခါ ရှန်ဟိုင်းတွင် အနိမ့်ပိုင်းနေ လူပေါင်း (၂၉၀,၀၀၀) ကျော်ကို စာသင်ကျောင်းများ၊ ရုပ်ရှင်ရုံ
များအပါအ၀င် ဘေးလွတ်ရာနေရာများသို့ သက်ဆိုင်ရာက ပြောင်းရွှေ့ပေးခဲ့ပြီး သင်္ဘောများနှင့် မော်တော်များကိုလည်း ဆိပ်ကမ်းများသို့ ပြန်လည်ဆိုက်ကပ်ထားကြရန် သတိပေးကြေညာထား ကြောင်း ရှန်ဟိုင်းနေ့စဉ်သတင်းတွင် ဖော်ပြသည်။

ရှန်ဟိုင်းရှိ ဆေးရုံများတွင်လည်း တိုင်ဖုန်းကျရောက်လာပါက ဖြစ်ပေါ်လာနိုင်သော အရေးပေါ် ထိခိုက်မှုနှင့် ကူးဆက်ရောဂါများ ကာကွယ်ကုသနိုင်ရေးတို့အတွက် လိုအပ်သော ဆေးဝါး
ကိရိယာများကို အသင့်ပြင်ထားသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: