ဝိဖာတိုင်ဖုန်းမုန်တိုင်း သတိပေးနှိုးဆော်ထား -NEJ / ၁၈ စက်တင်ဘာ ၂၀၀၇

တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းပြည်နယ်များတွင် ၀ိဖာတိုင်ဖုန်းမုန်တိုင်း တိုက်ခတ်လာနိုင်ဖွယ် ရှိသောကြောင့် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်မှုများပြုလုပ်နေသည်။

အဆိုပါ ၀ိဖာမုန်တိုင်းဒဏ်ကို ရှန်ဟိုင်းမြို့၊ ဇီဂျင်းနှင့် ဖူဂျီယံပြည်နယ်များတွင် တိုက်ရိုက်ခံကြရမည် ဖြစ်ပြီး ယခုနှစ်များအတွင်း အဆိုးရွားဆုံးဖြစ်နိုင်ကြောင်း ရှန်ဟိုင်းမိုးလေ၀သလေ့လာရေးဌာနက သတိပေးထားသည်။

ဝိဖာမုန်တိုင်းသည် ယမန်နေ့မွန်းလွဲပိုင်းမှစတင်၍ ပုံမှန်အနေအထားမှ အန္တရာယ်ကြီးမားသည့်
အဆင့်သို့ ကူးပြောင်းခဲ့ကြောင်း ဆင်ဟွာသတင်းတပုဒ်တွင် ဖော်ပြသည်။

တနာရီလျှင် (၁၈၃) ကီလိုမီတာနှုန်းကျော် တိုက်အားရှိသည့် အဆိုပါမုန်တိုင်း၏ဗဟိုသည် ယနေ့ နံနက်ပိုင်းတွင် ထိုင်ဝမ်ကျွန်းမြောက်ဘက် မြို့တော်တိုင်ပေ၏ အရှေ့ဘက် (၁၃၇) မိုင်တွင် တည်ရှိ နေပြီး ယနေ့ညဥ့်နက်ပိုင်း (သို့) မနက်ဖြန်အစောပိုင်းတွင် ဇီဂျင်းပြည်နယ်အတွင်းရှိ Cangnan နှင့် Xiangshan ဒေသများသို့ ၀င်ရောက်လာနိုင်ကြောင်း ဇီဂျင်းမိုးလေ၀သလေ့လာရေးဌာနက
ပြောသည်။

ယခုတိုက်ခတ်မှုသည် ယခင်လကတိုက်ခဲ့သော ဆီးပက်မုန်တိုင်းကဲ့သို့ ထိုင်ဝမ်ကိုဖြတ်တိုက်ပြီးမှ ရောက်လာမည်မဟုတ်ဘဲ တိုက်ရိုက်တိုက်ခတ်ခြင်းဖြစ်သောကြောင့် မုန်တိုင်းဒဏ်ကို ပိုမိုဆိုးရွား ပြင်းထန်စွာ ခံကြရမည်ဖြစ်ကြောင်း ဇီဂျင်းပင်လယ်ပြင် လုံခြုံမှုဆိုင်ရာစီမံအုပ်ချုပ်ရေးမှ တာဝန်
ရှိသူတဦးက ပြောသည်။

ဇီဂျင်းနှင့် ဖူဂျီယံပြည်နယ်များမှ တာဝန်ရှိသူများက ဒေသခံများကို နေရာရွှေ့ပြောင်းရေးနှင့် အစား အစာ စုဆောင်းရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး ပင်လယ်ငါးဖမ်းလှေများ ကိုလည်း ကမ်းများသို့ ပြန်ဆိုက်ကပ်ရန် သတိပေးခဲ့သောကြောင့် ယမန်နေ့မွန်းလွဲတွင် ငါးဖမ်းလှေ အစင်း (၃၀,၀၀၀) ခန့်ပြန်လည်ဆိုက်ကပ်လာပြီးဖြစ်သည်။

တရုတ်နိုင်ငံ၏ အထူးစီးပွားရေးဇုန်မြို့ကြီးဖြစ်သည့် ရှန်ဟိုင်းတွင်လည်း လူပေါင်း (၂၀၀,၀၀၀)
ခန့်ကို နေရာပြောင်းရွှေ့မှုများ ယနေ့စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အေပီသတင်းတွင်
ဖော်ပြသည်။

အဆိုပါ ၀ိဖာမုန်တိုင်းသည် ထိုင်ဝမ်ကျွန်းမြောက်ဘက် ပင်လယ်ပြင်အား ဖြတ်တိုက်သွားဖွယ်ရှိပြီး အဖျားရိုက်ခတ်နိုင်သောကြောင့် ထိုင်ဝမ်မြောက်ပိုင်းဒေသများရှိ ကျောင်း၊ ရုံးများနှင့် ငွေဈေးကွက် တို့အား ပိတ်ထားရန် တာဝန်ရှိသူများက အမိန့်ထုတ်ပြန်ထားသည်။

ဇီဂျင်းနှင့် ဖူဂျီယံပြည်နယ်တို့တွင် ယခင်လကလည်း ဆီးပက်အမည်ရှိမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

ယခုနှစ်များအတွင်း တရုတ်နိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသတွင် တိုက်ခတ်ခဲ့သော မုန်တိုင်းများ
ထဲမှ လူအသေအပျောက်အများဆုံးမှာ ၁၉၉၇ ခုက တိုက်ခတ်ခဲ့သော တိုင်ဖုန်းဝင်နီဖြစ်ပြီး လူပေါင်း (၂၃၆) ဦး အသက်ဆုံးခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: