မြန်မာနိုင်ငံအနှံ့အပြား၌ နအဖစစ်အစိုးရကို သံဃာတော်များ ကန့်ကွက်ဆန္ဒပြ

NEJ / ၁၈ စက်တင်ဘာ ၂၀၀၇-နအဖ စစ်အစိုးရကို ဆန့်ကျင်သပိတ်မှောက်သည့်အနေဖြင့် မြန်မာနိုင်ငံပြည်နယ်နှင့်
တိုင်းအချို့၌ သံဃာတော်များက စီတန်းလှည့်လည် ဆန္ဒပြလျက်ရှိသည်။ယနေ့မွန်းလွဲပိုင်း (၁) နာရီခန့်က ရခိုင်ပြည်
နယ် စစ်တွေမြို့၌ သံဃာတော်အပါး (၃၀၀) ကျော်မြို့တွင်း စီတန်းလှည့်လည်ဆန္ဒပြသည်ဟု စစ်တွေမြို့ခံတဦးက
ပြောသည်။

၎င်းက “သံဃာတွေက ကုန်ဈေးနှုန်းကျဆင်းရေး၊ ပြည်သူတွေငတ်နေကြပြီလို့ရေးထားတဲ့ ပိုစတာတွေ ကိုင်ဆောင်
ထားတယ်။ နောက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာသုတ်ပရိတ်တွေ ရွတ်ကြ တယ်။ ပြည်သူတွေ ကျန်းမာကြပါ
စေ၊ ချမ်းသာကြပါစေ၊ အငတ်ဘေးက လွတ်မြောက်ကြပါစေဆိုပြီး အကုန်စီတန်းလှည့်လည်ပြီးတော့ မေတ္တာသုတ်
တွေ ရွတ်နေကြတယ်” ဟု ပြောသည်။

ပြည်လုံးချမ်းသာဘုရားကြီးသို့ သံဃာတော်များကအသွား ရဲတပ်ဖွဲ့က တားဆီးသည့်အတွက် မြို့တော်ခန်းမအနီးသို့
လျှောက်သွားရာ ပြည်သူလူထုထောင်နှင့်ချီကာ လိုက်ပါအားပေးကြသဖြင့် အာဏာပိုင်များက မျက်ရည်ယိုဗုံးဖြင့် နှိမ်
နင်းခဲ့သည်ဟု မြို့ခံတဦးက ပြောသည်။

၎င်းက “ရဟန်းသံဃာက (၃၀၀) လောက်ရှိတယ်။ ပြည်သူက (၁,၀၀၀) လောက်ရှိတယ်။အခုအကုန်ရောသွားပြီး
ဆန္ဒပြနေကြတယ်။ မြို့လယ်လမ်းမကြီးအတိုင်း လျှောက်နေကြတယ်။အခု လုံထိန်းနဲ့ရဲတွေက မျက်ရည်ယိုဗုံးတွေ
အလုံး (၂၀) လောက်ပစ်နေတယ်။ ပြည်သူတွေနဲ့ သံဃာတွေကတော့ ရှေ့တိုးသွားနေကြတယ်။ ကြံ့ခိုင်ရေးရုံးရှေ့မှာ
ပစ်နေတာ” ဟု ပြောသည်။

ပဲခူးတိုင်း ပဲခူးမြို့၌လည်း ယနေ့နေ့လယ်ပိုင်းက မဏ္ဍိုင်ကျောင်းအပါအ၀င် ရွှေမော်ဓောဘုရားတ၀ိုက်ရှိ ဘုန်းကြီး
ကျောင်းများမှ သံဃာတော်အပါး (၁,၀၀၀) ကျော် မြို့တွင်းလှည့်လည်ဆန္ဒပြကြသည်ဟု သိရသည်။

ပဲခူးမြို့ခံတဦးက “အပါး (၇၀၀) လောက် စထွက်တယ်၊ နောက်တော့ တစတစနဲ့ ကျောင်းတွေကိုဝင်ခေါ်လာလိုက်
တာ (၁,၅၀၀၊ ၁,၆၀၀) လောက်ရှိတယ်။ ကြခတ်ဝိုင်းကျောင်းကိုသွားကြတယ်။ ကြခတ်ဝိုင်းကမထွက်ဘူး။ ဆရာ
တော်ကြီးက မပါရဘူးဆိုလို့ မပါကြဘူး။ ခုနောက်ဆုံး အဲဒီကနေ ပြန်လာကြတယ်။ လမ်းမှာ ဓာတ်ပုံရိုက်တဲ့လူ (၃)
ယောက်လောက်ကို ဘုန်းကြီးတွေက တုတ်စာ ကြွေးလိုက်တယ်။ (၂) နာရီလောက်မှာ ပွဲပြီးသွားတယ်” ဟု ပြော
သည်။

ကျောက်ပန်းတောင်းမြို့၌လည်း မြို့နှင့် (၃) မိုင်အကွာရှိ စိတ္တပါလဂူကျောင်းတိုက်မှ သံဃာတော်အပါး (၁၀၀) ခန့်က ကျောက်ပန်းတောင်းမြို့ပေါ်သို့ လာရောက်၍ မေတ္တာသုတ်များရွတ်ဖတ်ကာ စီတန်းလှည့်လည် ဆန္ဒပြသည်ဟု ကျောက်
ပန်းတောင်းမြို့ခံများက ပြောပြသည်။

အလားတူ မကွေးတိုင်း၊ ချောက်မြို့နှင့် အောင်လံမြို့တို့၌လည်း သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံ ဆောင်သည့်အနေ
ဖြင့် မြို့တွင်းစီတန်းလှည့်လည်သပိတ်မှောက်ခဲ့ကြသည်ဟု မြို့ခံများကပြောသည်။

အောင်လံမြို့ခံတဦးက “ရဟန်းသံဃာတွေအပါး (၉၀) ကျော်ပေါ့။ တာဝတိံသာကျောင်းတိုက် စမ်းချောင်းရပ်ကွက်က
နေပြီး စထွက်တယ်။ ထိပ်ဆုံးမှာ ရဟန်းသံဃာတပါးက သပိတ်ကို မှောက်လိုက်တယ်။ (၃) ပါးတန်း (၃၁) တန်းလို့
ကျနော်တွေ့ရတယ်။ နောက်က သံဃာတပါးက ပိတ်ပြီးလိုက်တယ်။ စမ်းချောင်းရပ်ကွက်ကနေပြီး ရန်ကုန်-မန္တလေးလမ်း
မကြီးအတိုင်း မေတ္တာသုတ်ရွတ်ပြီး သံဃာတွေသွားကြတယ်” ဟု ပြောသည်။

ယခုလအစောပိုင်းက ပခုက္ကူမြို့၌ ဆန္ဒပြသည့် သံဃာတော်များကို အာဏာပိုင်တို့က ရိုက်နှက် ဖမ်းဆီးခဲ့မှုကိုယမန်နေ့
နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန် သံဃာတော်များက တောင်းဆိုထား သော်လည်း စစ်အစိုးရက တောင်းပန်ခြင်း
မပြုသဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ သံဃာတော်များက ဆန္ဒပြနေခြင်းဖြစ်သည်။

နအဖစစ်အစိုးရက သံဃာတော်များ ကျေနပ်အောင်တောင်းပန်ခြင်းမရှိပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်သည့် အနေဖြင့်
အာဏာပိုင်များ၏ အလှူကိုလက်မခံခြင်း၊ သာရေး၊ နာရေးကိစ္စများ၌ မဆက်ဆံဘဲထားခြင်းတို့ ယနေ့စတင်ပြုလုပ်မည်
ဟု သံဃအဖွဲ့အစည်းများက ကြေညာထားသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: