နအဖတပ်က စစ်သားစုဆောင်းနေသဖြင့် ကချင်ကျောင်းသားများထွက်ပြေးနေရ

ချမ်းလွန် / ၁၈ စက်တင်ဘာ ၂၀၀၇-ကချင်ပြည်နယ်တွင် နအဖစစ်အစိုးရတပ်များက ယခုလအစောပိုင်းမှစ၍ အလယ်
တန်းကျောင်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသားလူငယ်များကို စစ်တပ်ထဲသို့အတင်းအကျပ်သွင်းနေသဖြင့် ကျောင်းတက်သည့် လူငယ်များ လျော့နည်းသွားကြောင်း ကချင်သတင်းအဖွဲ့ (KNG) က သတင်း ထုတ်ပြန်သည်။

နအဖစစ်တပ်က အထူးသဖြင့် ကချင်ပြည်နယ် မချမ်းဘောမြို့နယ်ရှိ ကျေးရွာစာသင်ကျောင်းမှ ကျောင်းသားများကို စစ်တပ်တွင်းသို့ဝင်ရန် ဖမ်းဆီးစုဆောင်းနေပြီး ပူတာအိုမြို့နယ်တွင်လည်း ပြီးခဲ့သည့်သီတင်းပတ်မှ စတင်ပြုလုပ်နေပြီ
ဖြစ်ကြောင်း၊ စစ်သားများက ကျောင်းအထိ ၀င်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ကချင်သတင်းအဖွဲ့ အယ်ဒီတာ
ကိုနော်ဒင်က ပြောသည်။

၎င်းက “မချမ်းဘောဘက်က အထက်တန်းကျောင်းတွေမှာဆိုရင် ကလေးအရွယ်တွေလောက်ပဲ ရှိတော့တယ်။ ကျောင်း
သားကြီးတွေက ကျောင်းကိုမလာကြတော့ဘူး။ အလယ်တန်းကနေ အထက်တန်းပေါ့နော်၊ ကျောင်းကိုလည်းမလာကြ
ဘူး၊ အိမ်မှာလည်း မရှိကြဘူး။ ရွာထဲမှာလည်း စုဆောင်းမှုတွေလုပ်နေလို့ တောထဲကိုထွက်ပြေးကြတယ်။ မိဘတွေက
တောထဲကို အစားအစာတွေ သွားပေးကြရတယ်” ဟု ပြောသည်။

ယခုလ (၃) ရက်တွင် မချမ်းဘောမြို့နယ် အထက်တန်းကျောင်းမှ အသက် (၁၈) နှစ် နှင့်(၂၂) နှစ်ကြားရှိ ကျောင်း
သား (၃) ဦးသည် မချမ်းဘောမြို့နယ်နှင့် အလန်ဂါကျေးရွာကြားရှိ လမ်းပေါ်တွင်အဖမ်းခံရပြီး နေပြည်တော်ရှိ စစ်
သင်တန်းကျောင်းသို့ပို့ ဆောင်ခံခဲ့ရကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ကိုနော်ဒင်က “ကျနော်တို့ အတည်ပြုလို့ရတာကတော့ ဒီလဆန်းမှာပဲ စစ်တပ် စစ်လေယာဉ်နှစ်စင်းနဲ့ သူတို့က ပူတာ
အိုလေဆိပ်မှာ လျှို့ဝှက်ဆင်းပြီးတော့ စုဆောင်းထားတဲ့ လူ (၂၀၀) ကျော်ကျော်ကို နေပြည်တော်ကို ခေါ်သွားတယ်
လို့ကြားတယ်။ ပူတာအိုက မျက်မြင်သက်သေ တွေကလည်း ပြောကြတယ်” ဟု ပြောသည်။

နအဖစစ်တပ်အနေဖြင့် သတ်မှတ်ထားသည့် တပ်အင်အားပြည့်ရန် ကြိုးစားနေချိန်တွင် စစ်ဆင် ရေးကာလ (၄) လ
သို့မဟုတ် (၆) လတပတ်တွင် တပ်မှထွက်ပြေးခြင်း၊ သေဆုံးခြင်းတို့ကြောင့် တပ်သား (၉,၀၀၀) ခန့် လျော့နည်း
သွားသဖြင့် ယင်းအင်အားများ ပြန်လည်ဖြည့်ဆည်းရန်အတွက် တပ်သားများကို စုဆောင်းနေခြင်းဖြစ်ကြောင်း ဒီမိုက
ရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန ကြီးကြပ်ရေးမှူး ဦးဌေးအောင်က ပြောသည်။

၎င်းက “သက်ဆိုင်ရာ ကိုယ့်တပ်နဲ့ကိုယ် စစ်သားစုဆောင်းခိုင်းထားတာရှိတယ်။ ကိုယ့်တပ်နဲ့ကိုယ်က (၄၀) ရာခိုင်နှုန်း
ရအောင်စုရမယ်။ စစ်သားစုဆောင်းရေးတပ်တွေက (၆၀) ရာခိုင်နှုန်းရအောင် စုဆောင်းရမယ်ဆိုပြီး ညွှန်ကြားထားတာ
ရှိတယ်။ အဲဒီတော့ နယ်မြေခံတပ်တွေက သူတို့စုရမယ့် (၄၀) ရာခိုင်နှုန်းရအောင် အတင်းအကျပ်စုနေတယ်လို့ပြောလို့
ရပါတယ်” ဟု ရှင်းပြသည်။

ယင်းကဲ့သို့ တပ်အင်အားများ ဖြည့်တင်းရန် နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၆ ခု အောက်တို ဘာ လေးလပတ် အစည်းအဝေးပွဲတွင် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: