မြန်မာနှင့်မြောက်ကိုရီးယားတို့ သဘောတူညီချက် လက်မှတ်ရေးထိုး-NEJ / ၁၇ စက်တင်ဘာ ၂၀၀၇

မြန်မာနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများကြား ပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက်ကို ပြီးခဲ့သည့်သောကြာနေ့တွင် လက်မှတ်ရေးထိုးကြသည်။ယင်းသဘောတူညီချက်ကို မြန်မာနအဖ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် မြောက်ကိုရီးယား
ဒု-နိုင်ငံခြားရေးဝန်ကြီး ကင်ယုံအီးတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရပိုင်သတင်းအဖွဲ့ (KCNA) တွင် ဖော်ပြထားသည်။ သဘောတူ လက်မှတ်ရေးထိုးသည့် အကြောင်းအရာအသေးစိပ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

နှစ်ပေါင်းများစွာ သံတမန်အဆက်အသွယ် ပြတ်တောက်နေသည့် မြန်မာနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံမှု တိုးမြှင့်လုပ်ဆောင်ရေးအတွက် နအဖ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူက မြောက်ကိုရီးယားနိုင်ငံသို့ ပြီးခဲ့သည့် သီတင်းပတ်တွင် သွားရောက်ခဲ့သည်။

၁၉၈၃ ခု အောက်တိုဘာ၌ ရန်ကုန်သို့သွားရောက်သည့် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှန်နှင့် အစိုးရအဖွဲ့ကို မြောက်ကိုရီးယား သူလျှိုတို့က ဗုံးခွဲတိုက်ခိုက်၍ သမ္မတလွတ်မြောက်ခဲ့သော်လည်း အစိုးရအဖွဲ့ဝင်အများအပြား သေဆုံးဒဏ်ရာရပြီးနောက် မြန်မာက မြောက်ကိုရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ပြန်လည်ထူထောင်ရန် နအဖ ဒု-နိုင်ငံခြားရေး
ဝန်ကြီး ဦးကျော်သူနှင့် မြောက်ကိုရီးယား ဒု-နိုင်ငံခြားရေးဝန်ကြီး ကင်ယုံအီးတို့ တွေ့ဆုံဆွေးနွေးပြီး လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် မြောက်ကိုရီးယားမှ တာဝန်ရှိသူများက မြန်မာနိုင်ငံအတွင်း သံရုံးဖွင့်လှစ်မည့်နေရာအတွက် မကြာခင်က လာရောက်လေ့လာခဲ့ပြီးဖြစ်သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: