ဖူးခက်လေဆိပ်အဆင်းတွင် လေယာဉ်မီးလောင်သဖြင့် လူ (၉၀) ခန့်သေဆုံး-NEJ / ၁၇ စက်တင်ဘာ ၂၀၀၇

17-9-07_plain.gifယမန်နေ့၌ ဘန်ကောက်မြို့မှလာသော လေယာဉ် တစင်း ထိုင်းနိုင်ငံ ဖူးခက်နိုင်ငံတကာလေဆိပ်သို့ ဆင်းသက်စဉ် မီးလောင်ပျက်စီးသဖြင့် လေယာဉ် မောင်းနှစ်ဦးအပါအ၀င် (၉၀) ဦးခန့် အသက်
ဆုံးရှုံးပြီး (၄၀) ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိ သွားကြောင်း ဒေသတွင်းသတင်းများတွင်
ဖော်ပြသည်။ယမန်နေ့ညနေတွင် လေယာဉ်ဝန်ထမ်း (၇) ဦး
အပါအ၀င် လူပေါင်း (၁၃၀) တင်ဆောင်လာသောOne-Two-Go Airways မှ McDonnell Douglas MD-82 လေယာဉ်သည် မိုးသည်းထန်စွာ ရွာသွန်းနေသည့် ဖူးခက်လေဆိပ်သို့အဆင်း ပြေးလမ်းချော်၍ လေယာဉ်နှစ်ပိုင်းကျိုးသွားပြီး မီးလောင်သွားခြင်းဖြစ်ကြောင်း အသက်ရှင်ကျန်သူများက ပြောသည်။မီးလောင်သည့်ဒဏ်ကြောင့် ဆေးကုသမှုခံယူနေရသူ အိုင်ယာလန်နိုင်ငံသား ဂျွန်အိုဒေါ်နယ်က “လေယာဉ်က ပထမတကြိမ် ဆင်းမိပြီး နောက်တကြိမ်ပြန်မြောက်တက်သွားတယ်။ အဲဒီနောက်တော့ လေယာဉ်က တခုခုနဲ့ တိုက်မိပြီး မီးလောင်တော့တာပဲ။ ကျနော့် မျက်နှာ၊ ခြေထောက်နဲ့ လက်တွေမှာ မီးလောင်ဒဏ်တော်တော်ပြင်းတယ်” ဟု ဂါးဒီးယန်းသတင်းစာသို့ ပြောသည်။

လေယာဉ်ပေါ်ပါလာသော ခရီးသည် (၁၂၃) ဦးတွင် ထိုင်းလူမျိုး (၄၄) ဦးသာပါဝင်ပြီး ကျန် (၇၉) ဦး မှာနိုင်ငံခြားသားခရီးသည်များဖြစ်ကြောင်း ထိုင်းသတင်းအေဂျင်စီက ယနေ့ဖော်ပြသည်။

ဒဏ်ရာရသူများမှာ ထိုင်း၊ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီရန်နှင့် ဆွီဒင်နိုင်ငံသားများဖြစ်ကြပြီး ဖူးခက်ရှိဆေးရုံများတွင် ကုသပေးလျှက်ရှိရာ ၎င်းတို့ထဲမှ (၅) ဦးသည် မီးလောင်မှု ပြင်းထန်စွာ ခံထားရကြောင်း ‘ဘန်ကောက်ဖူးခက်’ ဆေးရုံတာဝန်ရှိသူတဦးက ရိုက်တာ သတင်းဌာနသို့ ပြောသည်။

အဆိုပါ လေယာဉ်မီးလောင်ပျက်စီးမှုအတွက် သက်ဆိုင်ရာရဲများက စုံစမ်းစစ်ဆေးရေး ကော်မတီ တခုဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း One-Two-Go လေကြောင်း၏ ပင်မကုမ္ပဏီဖြစ်သော Orient Thai Airlines ဥက္ကဋ္ဌ ဥဒုမ် ထန်ထိပရာဆွန်ချိုင်းက ပြောသည်။

၂၀၀၃ နှစ်ကုန်ပိုင်းတွင် ဈေးနှုန်းချိုသာစွာဖြင့် စတင်ပြေးဆွဲခဲ့သည့် One-Two-Go လေကြောင်း လိုင်းတွင် ယခုပျက်ကျသည့် လေယာဉ်အမျိုးအစား (၇) စင်းရှိပြီး ဘန်ကောက်-ဖူးခက် အသွား
အပြန် တနေ့ (၆) ကြိမ်အပါအ၀င် နိုင်ငံအနှံ့ ပြေးဆွဲနေသည်။

ယခုလေယာဉ်ခရီးစဉ် အမှတ် OG269 မီးလောင်ပျက်စီးမှုကြောင့် အသက်ဆုံးရသူများနှင့် ဒဏ်ရာ ရသူများအတွက် လျော်ကြေးငွေနှင့် ကုသမှုစရိတ်များအား Orient Thai Airlines ကပေးချေရန်
တာဝန်ရှိသည်ဟု ထိုင်းနိုင်ငံ အာမခံဌာနဒါရိုက်တာက ရေဒီယိုထိုင်းလန်းသို့ ပြောသည်။

မိုးပြင်းထန်စွာရွာနေစဉ် ဆူရတ်ဌာနီလေဆိပ်သို့ ဆင်းသက်ခဲ့ရာမှ လူပေါင်း (၁၀၀) ကျော် အသက် ဆုံးခဲ့ရသော ၁၉၉၈ ခု၌ ဖြစ်ပွားခဲ့သည့် Thai Airways လေယာဉ်ပျက်စီးမှုအပြီး ယခု လေယာဉ် ပျက်စီးမှုသည် အဆိုးရွားဆုံး ဖြစ်သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: