အာဆီယံ အမျိုးသမီးဘောလုံးပွဲ မြန်မာနှင့်ထိုင်း ဗိုလ်လုပွဲတက်

NEJ / ၁၄ စက်တင်ဘာ ၂၀၀၇-ရန်ကုန်မြို့သုဝဏ္ဏကွင်း၌ ယမန်နေ့ညနေက ကျင်းပသည့် တတိယအကြိမ် အာဆီယံ
အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက မလေးရှားဘောလုံးအသင်းကို
(၅-၀) ဂိုးဖြင့် အနိုင်ရရှိပြီး နောက်ဆုံးဗိုလ်လုပွဲသို့တက်သွားသည်။မြန်မာအသင်းအတွက် ပထမဂိုးကို မိနစ် (၂၀) ၌ မလေးရှားဂိုးသမားဖမ်းရာမှ ပြန်လွတ်ကျလာသည့် ဘောလုံးကို တိုက်စစ်မှူး ဇင်မာဝမ်းက ခေါင်းတိုက်သွင်းယူပြီး ဒုတိ
ယဂိုးကို မိနစ် (၃၀) ၌ အလယ်တန်းလူ စုစုဝေက အဝေးမှကန်သွင်းသည်။ ပထမပိုင်းပြီးခါနီး၌ မြန်မာနောက်တန်း
လူ မိုးမိုးဝါက အလွတ်တည်ကန်ဘောမှတဆင့် တတိယဂိုးကို သွင်းယူသဖြင့် ပထမပိုင်းအပြီးတွင် မြန်မာအသင်း (၃) ဂိုးပြတ်ဖြင့်အနိုင်ရသည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းအတွက် စတုတ္ထဂိုးကို ဇင်မာဝမ်းကသွင်းလိုက်ပြီး ပဉ္စမဂိုးဖြစ်သည့် နောက်ဆုံးပွဲသိမ်းဂိုး
ကို အေးနန္ဒလှိုင်အစားဝင်လာသည့် ခင်မိုးဝေက သွင်းယူလိုက်သဖြင့် မြန်မာ အသင်း (၅) ဂိုးပြတ်ဖြင့် အနိုင်ရသည်။

မြန်မာအသင်းတွင် ဂိုး-မေခင်ယမင်း၊ နောက်တန်း-မိုးမိုးဝါ (ရွှေဇင်အောင်)၊ စန်းစန်းမော်၊ စန်းစန်းသိန်း၊ စုစုဝေ၊ အလယ်တန်း-သန်းသန်းထွေး၊ စန်းယုနိုင်၊ ခင်မာလာထွန်း၊ အေးနန္ဒာလှိုင် (ခင်မိုးဝေ)၊ရှေ့တန်း-ဇင်မာဝမ်း၊ မိုင်နီ
လာထွေး (ငြိမ်းငြိမ်းအိ) တို့ ပါဝင်ကြသည်။

အုပ်စုပွဲစဉ်များ၌ မြန်မာအသင်းသည် စင်ကာပူကို (၃-၀) ဂိုး၊ လာအိုကို (၇-၀) ဂိုး၊ ထိုင်းကို (၁-၀) ဂိုး ဖြင့်အနိုင်ရ
ကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ (၁၅) တွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် လက်ရှိချန်ပီယံ ဗီယက်နမ် အသင်းကို (၃-၀)
ဂိုးဖြင့် အနိုင်ရခဲ့သည့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗီယက်နမ်နှင့် မလေးရှားတို့က တတိယနေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: