လူ့အခွင့်အရေးကို လေးစားလိုက်နာရန် နအဖအား ကုလလူ့အခွင့်အရေးပညာရှင်များ တိုက်တွန်း

AFP/NEJ / ၁၄ စက်တင်ဘာ ၂၀၀၇-မြန်မာစစ်အစိုးရအနေဖြင့် ဖမ်းဆီးထားသည့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ချက်
ချင်းပြန်လွှတ်ပေး ရမည်ဖြစ်ပြီး ဖမ်းဆီးချုပ်နှောင်ထားသူများ၏ လူ့အခွင့်အရေးကိုလေးစားလိုက်နာရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးပညာရှင်များက ယမန်နေ့က တောင်းဆိုသည်။ကုသမဂ္ဂလူ့အခွင့်အရေးကော်မရှင်၏ အကြီး
အကဲ လူးဝစ်အာဘာက “မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူတွေ အဖိနှိပ်ခံနေရတဲ့အပေါ်မှာ ကျမရဲ့ စိုးရိမ်ပူပန်မှု
တွေ တိုးပွားလာနေတယ်။ ဆန္ဒပြလို့အဖမ်းခံထားရတဲ့လူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အခြေခံလူ့
အခွင့် အရေးကိုလည်း လေးစားလိုက်နာဖို့ မြန်မာအာဏာပိုင်တွေကို ကျမအနေနဲ့ တိုက်တွန်းပါတယ်” ဟု ပြောသည်။

လူးဝစ်အာဘာအနေဖြင့် ဂျနီဗာမြို့တွင်ကျင်းပနေသည့် ကုသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏(၆) ကြိမ်မြောက်အစည်းအ
ဝေးတွင် ပြောခြင်းဖြစ်သည်။

ထို့ပြင် လောင်စာဆီဈေးနှုန်းလျော့ကျရေးအတွက် ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားသူ များအား ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကျွမ်းကျင်သူ ပေါ်လိုဆာဂျီယို ပီညဲရိုးနှင့်အတူ လူ့အခွင့်အရေးပညာရှင်နှစ်ဦးက
လည်း ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး စစ်အစိုးရ အား တောင်းဆိုသည်။

မစ္စတာပီညဲရိုးက “ဆန္ဒပြသူ (၁၅၀) ကျော်ကို ရက်စက်စွာဖမ်းဆီးတာဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းကို ချိုးဖောက်ရာရောက်ပြီးတော့ ဒီလုပ်ရပ်တွေကို နိုင်ငံတကာအသိုင်းအ၀န်း အနေနဲ့ သည်းမခံသင့်တော့ဘူး” ဟု ပြော
သည်။

မြန်မာအာဏာပိုင်များအနေဖြင့် ဆန္ဒပြလှုပ်ရှားသူများကို နှိမ်နင်းမည့်အစား ၎င်းတို့သည် တက်ကြွ သည့်ပြည်သူလူထု
အတွက် ဂုဏ်ယူသင့်ကြောင်း၊ ပါတီအဖွဲ့အစည်းအားလုံးနှင့် အပြုသဘော ဆောင်ပြီး ပွင့်လင်းသည့် ဆွေးနွေးမှုကို အမြန်လုပ်ဆောင်သင့်ကြောင်း ပေါ်လိုဆာဂျီယိုပီညဲရိုး အပါအ၀င် လူ့အခွင့်အရေးပညာရှင်သုံးဦးက တောင်းဆိုသည်။

ပြီးခဲ့သည့်လ၌ နအဖစစ်အစိုးရက ကြိုတင်အသိပေးခြင်းမရှိပဲ လောင်စာဆီဈေးနှုန်းကို ရုတ်တရက် မြှင့်တင်လိုက်သဖြင့်
မြန်မာနိုင်ငံရှိ ဒေသအများအပြားတွင် လောင်စာဆီဈေးနှုန်းကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြမှုများ
ဖြစ်ပွားခဲ့သည်။

ထိုသို့ ဆန္ဒပြလှုပ်ရှားခဲ့ကြသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် လူပေါင်း (၁၉၃) ဦးခန့်ကို နအဖအာဏာပိုင်များက ဖမ်းဆီးချုပ်နှောင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-
မြန်မာနိုင်ငံ (အေအေပီပီ-ဘီ) က စာရင်းထုတ်ပြန်ထားသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: