ခရီးစရိတ်သက်သာသည့် မြို့ပတ်ရထား စီးသူပိုများပြား

ပီတာအောင် / ၁၄ စက်တင်ဘာ ၂၀၀၇-ရန်ကုန်မြို့တွင်းဘတ်စ်ကားခများ မြင့်တက်လာမှု
ကြောင့် မြို့ပတ်ရထားစီးသူအရေအတွက် ပိုမိုများပြားလာသည်ဟု ရန်ကုန်ဘူတာကြီးမှတာဝန်
ရှိသူတဦးက ပြောသည်။ပြီးခဲ့သည့် သြဂုတ် (၁၅) ၌ နအဖစစ်အစိုးရက လောင်စာဆီဈေးနှုန်း
များကို တိုးမြင့်လိုက်ရာဘတ်စ်ကားခများ ဈေးတက်သွားသော်လည်း ရထားခမှာဈေးတက်ခြင်း
မရှိဘဲ ကျပ် (၁၀) မှ(၂၀) သာ ကုန်ကျသဖြင့် ရထားစီးသူ များလာခြင်းဖြစ်သည်။

ရန်ကုန်ဘူတာကြီးမှ ၀န်ထမ်းတဦးက “ခုဆို ရထားစီးတဲ့လူတွေ အရမ်းပဲများလာတယ်။ အရေ
အတွက် ဘယ်လောက်ထိရှိလဲတော့ အတိအကျမသိဘူး။ အရင်ထက်စာရင် နှစ်ဆလောက်
ပိုများ လာတယ်။ ဥပမာ အရင်ကလူငါးရာစီးတယ်ဆိုရင် ခုဆိုတထောင်လောက်ထိ ရှိလာတာ
ပေါ့” ဟု ပြောသည်။

ရထားခမှာ ဘတ်စ်ကားခနှင့် နှိုင်းယှဉ်ပါက ယခင်ကတည်းက ဈေးနှုန်းချိုသာသော်လည်း ရ
ထား အချိန်မမှန်ခြင်း၊ ဘူတာရုံနှင့် ရထားတွဲများ သန့်ရှင်းမှုမရှိခြင်း၊ ခရီးသည်များအတွက်
လုံခြုံမှု မရှိခြင်းနှင့် လိုရာမရောက်ခြင်းတို့ကြောင့် ရထားစီးသူအရေအတွက် နည်းပါးရခြင်းဖြစ်
သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင်းဘတ်စ်ကားခများမှာ အနည်းဆုံးကျပ် (၁၀၀) ဖြစ်ပြီး စီးနင်းသည့်ခရီး
အကွာအဝေးအပေါ်လိုက်၍ ကားခ ထပ်မံပေးရကြောင်းသိရသည်။

ရန်ကုန်မြို့၌ မြို့ပတ်ရထားစင်းရေ (၁၉၁) စင်း ပြေးဆွဲပေးလျက်ရှိကြောင်း နေ့စဉ် နံနက်ခင်း
ရုံးတက်ချိန်၌ ရန်ကုန်သို့ အ၀င်ရထား (၁၀) စင်းနှင့် ညနေ ရုံးဆင်းချိန်၌ ရန်ကုန်မှအထွက်
ရထား (၁၀) စင်း ပြေးဆွဲပေးနေကြောင်း မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: