လူထုတိုက်ပွဲ အရှိန်မြင့်ဆောင်ရွက်မည်ဟု မဒမခ ညီလာခံမှဆုံးဖြတ်

NEJ / ၁၂ စက်တင်ဘာလ၂၀၀၇-နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းမှုကို နအဖစစ်အစိုးရကလက်ခံ
နိုင်သည့်အနေအထားမရှိသည့်အတွက် လူထုနည်းအပါအ၀င်စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး
နည်းလမ်းပေါင်းစုံဖြင့် နအဖ စစ်အစိုးရကို ဖိအားပေးသွားမည်ဟု မြန်မာပြည်ဒီမိုကရက်တစ်
မဟာမိတ်အဖွဲ့ချုပ် (မဒမခ) ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာကျော်ညွန့်က ပြောသည်။
စက်တင်ဘာ (၁၀-၁၂) အထိ (၃) ရက်ကြာကျင်းပသည့်မဒမခ၏ ပဉ္စမအကြိမ်မြောက် ညီလာ
ခံအပြီးတွင် ပြောကြားခြင်း ဖြစ်သည်။

၎င်းက “ကျနော်တို့အနေနဲ့ကတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ နအဖကို
တိုက်တွန်းချင်တယ်။ ဒီလိုမှမဟုတ်ဘဲ ပြည်သူလူထုကို ဆက်လက်ဖိနှိပ်နေမယ်ဆိုရင်တော့
ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေအတွက် နအဖမှာပဲတာဝန်ရှိတာဖြစ်တယ်။ ကျနော်တို့အနေနဲ့
ကတော့ လုံလောက်တဲ့ဖိအားတွေနဲ့ ဆောင်ရွက်ဖို့အတွက် အရန်သင့်ရှိနေပြီဖြစ်တယ်” ဟု
ပြောသည်။

ယခုကျင်းပသည့် ပဉ္စမအကြိမ်ညီလာခံတွင် မဒမခ၏အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း (၂၂) ဖွဲ့မှ
ကိုယ်စား လှယ် (၄၆) ဦးနှင့် လေ့လာသူများအပါအ၀င် (၅၄) ဦး တက်ရောက်ကြသည်။

ကရင်နီအမျိုးတိုးတက်ရေးပါတီ (KNPP) နှင့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူလွတ်မြောက်
ရေးအဖွဲ့ (SNPLO) တို့လည်း အထူးဖိတ်ကြားထားသူများအဖြစ် တက်ရောက့်ကြသည်။

ညီလာခံအပြီး ယနေ့ထုတ်ပြန်သည့် မဒမခ၏ကြေညာချက်တွင် မြန်မာပြည်သူတရပ်လုံး၊ပြည်
တွင်း ပြည်ပအင်အားစုအသီးသီးတို့နှင့်အတူ ဖြစ်ပေါ်နေသော နိုင်ငံရေးအခွင့်အခါကောင်းများ
ကိုအမိအရ ဆုပ်ကိုင်ကာ အထွေထွေ လူထုတိုက်ပွဲကြီးဖြစ်ပေါ်လာရေးအတွက် ဘက်ပေါင်းစုံ
အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုညီလာခံမှ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးတာမလာဘော၊ ဒု-ဥက္ကဋ္ဌ (၁) ဦးကျော်လှ၊ ဒု-ဥက္ကဋ္ဌ (၂)
ဦးမျိုးဝင်းနှင့် အထွေအထွေအတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်ညွန့်တို့အား ရွေးချယ်တင်
မြှောက်ခဲ့သည်။

လွတ်မြောက်နယ်မြေတနေရာ၌ ကျင်းပသည့် မဒမခညီလာခံကို (၃) နှစ်တကြိမ် ပြုလုပ်ခြင်း
ဖြစ်သည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: