မလေးရှား၌ မြန်မာများအား တင်လာသည့်ကားမှောက် မြန်မာ (၅) ဦးသေဆုံး၊ (၁၁) ဦး ပြင်းထန်စွာဒဏ်ရာရ

NEJ / ၁၂ စက်တင်ဘာ ၂၀၀၇-မလေးရှားနိုင်ငံ၌ တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးထားသည့်
မြန်မာနိုင်ငံသားများကို တင်ဆောင်လာသည့် ဘတ်စ်ကားတစီးလျှိုထဲသို့ ထိုးကျသွားပြီး မြန်မာ
နိုင်ငံသား(၅) ဦးအပါအ၀င် လူ (၆) ဦးသေဆုံးကြောင်း မလေးရှားသတင်းဌာန The Star တွင်
ဖော်ပြသည်။ယမန်နေ့ ညနေ (၄) နာရီခွဲက ခဒတ်ရှ်ပြည်နယ်၊ ဘာလင်းမြို့အနီး ဘာလင်း-
ကလန်တန် အဝေးပြေးလမ်းမပေါ်၌ တရားမ၀င် မြန်မာနိုင်ငံသား(၄၆) ဦးကို ဘလန်တစ် ထိန်း
သိမ်းရေးစခန်းမှ ရန်တူပန်ဂျန်း ထိန်းသိမ်းရေးစခန်းသို့ ပြောင်းရွှေ့ရန် ကျောင်းဘတ်စ်ကားဖြင့်
ခေါ်ဆောင်အသွား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား (၅) ဦးနှင့် မလေးရှားနိုင်ငံသား နောက်လိုက်ယာဉ်မောင်း(၁) ဦးတို့ ပွဲချင်းပြီး
သေဆုံး၍ မြန်မာ (၁၁) ဦးနှင့် မလေးရှားယာဉ်မောင်း (၁) ဦးတို့ ဒဏ်ရာပြင်းထန်စွာရရှိကာ
မလေးရှားလူဝင်မှုကြီးကြပ်ရေး အရာရှိတဦးနှင့် ကားပေါ်ပါလာသည့် အခြားလူများလည်း
ဒဏ်ရာအနည်းငယ်ရသွားကြသည်။

ယာဉ်မောင်းက ကားကို ရုတ်တရက် ချိုးအကွေ့တွင် မထိန်းနိုင်ဘဲ လျှိုထဲထိုးကျသွားခြင်း
ဖြစ်ကြောင်း ဘာလင်းမြို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ မြန်မာသံရုံးကို အကြောင်းကြားထားသည်ဟုလည်း
မလေးရှား ရဲက ပြောသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: