ဖိလစ်ပိုင်သမ္မတဟောင်း အက်စ်ထရာဒါ ထောင်ဒဏ်တသက်ကျ -NEJ / ၁၂ စက်တင်ဘာ ၂၀၀၇

12-9-07_phi.gifဖိလစ်ပိုင်သမ္မတဟောင်း ဂျိုးဆက်အက်စ်ထရာဒါအား အဂတိ လိုက်စားမှုဖြင့် ထောင်ဒဏ်တသက် ပြစ်ဒဏ်စီရင်ချက်ချ လိုက်သည်။သမ္မတဟောင်းသည် အမေရိကန်ဒေါ်လာ သန်း (၈၀) ကျော်နှင့် ညီမျှသည့် ဖိလစ်ပိုင်သုံးငွေ ပီဆို (၄) ဘီလီယံကို ဥပဒေနှင့် ဆန့်ကျင်ပြီး ရယူခဲ့ခြင်းဖြစ်ကြောင်း မြို့တော်မနီလာရှိ ဆန်ဒီဂန် ဘာယန်း အဂတိမှုတိုက်ဖျက်ရေးတရားရုံး၏ ဆုံးဖြတ်ချက်တွင် ဖော်ပြသည်။

၁၉၉၈ ခု၌ ဖိလစ်ပိုင်သမိုင်းတွင် ထူးခြားစွာ မဲအများစုဖြင့် ရွေးကောက်ပွဲအနိုင်ရခဲ့သူ သမ္မတဟောင်းသည် ၂၀၀၁ ခု နှစ်ဆန်းပိုင်းတွင် ၎င်းအား ငြိမ်းချမ်းစွာ ဆန့်ကျင်ပြုလုပ်ခဲ့သည့် လူထုလှုပ်ရှားမှုကြောင့် သမ္မတရာထူးမှ ပြုတ်ကျခဲ့ပြီးနောက် (၆) နှစ်ကြာ အမှုရင်ဆိုင်နေရာမှ အပြစ်ရှိကြောင်း ယနေ့ ဆုံးဖြတ်ခံရခြင်းဖြစ်သည်။

၎င်းအာဏာရှိစဉ်က တရားမ၀င် ရယူထားသည်ဟု သံသယရှိနေသော သမ္မတဟောင်း မစ္စတာ အက်စ်ထရာဒါပိုင်ငွေ အမေရိကန်ဒေါ်လာ သန်း (၂၀) ခန့်နှင့် ညီမျှသော ပီဆိုငွေ သန်း (၉၃၀) ကျော်ကို ထိန်းချုပ်ရန်လည်း တရားရုံးက အမိန့်ထုတ်ခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများက ဖော်ပြသည်။

အသက် (၇၀) ရှိပြီဖြစ်သော သမ္မတဟောင်းကို နောက်ထပ်အမိန့်များမချမှတ်မီ ကာလအတွင်း ရီဇောခရိုင်၊ တာနေးမြို့ရှိ ၎င်း၏နေအိမ်၌ပင် ထိန်းသိမ်းထားမည်ဖြစ်ကြောင်း တရားသူကြီး တရီဆီတာလီယိုနာဒိုက ပြောသည်။

စီရင်ချက်ချခံရသော သမ္မတဟောင်း၏ သားဖြစ်သူ စီနီယာ ဂျင်ဂျွိုင်း အက်စ်ထရာဒါနှင့် ရှေ့နေ အတ်ဒူရာဒို ဆီရာပီအိုတို့သည် အမှုတွဲတွင် ပါဝင်ခဲ့သော်လည်း အဂတိမှု ကျူးလွန်ခြင်းမရှိကြောင်း တရားရုံးက ဆုံးဖြတ်သည်။

မစ္စတာအက်စ်ထရာဒါကမူ လက်ရှိသမ္မတ အာရိုယိုသည် မိမိအား နိုင်ငံရေးလောကမှ ဖယ်ရှားနိုင်ရန် ရိုမန်ကက်သလစ်ဘာသာရေးဂိုဏ်းအပါအ၀င် စစ်တပ်မှထိပ်တန်းအရာရှိများနှင့် ပူးပေါင်းကြံစည်ခဲ့ သည်ဟု စွပ်စွဲပြောဆိုလိုက်ပြီး တရားရုံး၏စီရင်ချက်ကို ငြင်းပယ်ခဲ့သည်။ ယခုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အယူခံတင်မည်ဖြစ်ကြောင်း ၎င်းက သတင်းထောက်များကို ပြောသော်လည်း အယူခံ တင်ခွင့်ရှိမရှိဆိုသည်မှာ မသေချာသေးပေ။

ယခုစီရင်ချက်ချခဲ့သော ဆန်ဒီဂန်ဘာယန်း အဂတိမှုတိုက်ဖျက်ရေး တရားရုံးအနီးသို့ သမ္မတ ဟောင်းအား ထောက်ခံသူများ မလာရောက်နိုင်စေရန် အထိကရုဏ်းနှိမ်နင်းရေးရဲများနှင့် စစ်သားများက အတားအဆီးများဖြင့် ပိတ်ဆို့ခဲ့သည်။

ယခုဆုံးဖြတ်ချက်ကြောင့် မစ္စတာအက်စ်ထရာဒါအား ဖမ်းဆီးခဲ့စဉ် ၂၀၀၁ ခုကဲ့သို့ အကြမ်းဖက် ဆန္ဒပြမှုများဖြစ်ပေါ်လာမည်ကို လက်ရှိသမ္မတအာရိုယိုက စိုးရိမ်သဖြင့် သမ္မတအိမ်တော်အနီး
တ၀ိုက်တွင် လုံခြုံရေးတင်းကျပ်စွာချထားသည်။    ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: