ဖမ်းဆီးထားသူများကို နိုင်ငံတကာအဖွဲ့များနှင့်တွေ့ခွင့်ပေးရန် အမေရိကန်တောင်းဆို

AFP / NEJ ၁၂ စက်တင်ဘာ ၂၀၀၇-ဖမ်းဆီးထားသည့် ဆန္ဒပြလှုပ်ရှားသူများကို နအဖစစ်အစိုးရက ရက်စက်စွာရိုက်
နှက်စစ်ဆေးနေသည့် သတင်းများထွက်ပေါ်နေမှုကြောင့် အဖမ်းဆီးခံရသူများကို နိုင်ငံတကာ လူသားချင်းစာနာသည့်
အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ပေးရန် အမေရိကန်နိုင်ငံက တောင်းဆိုလိုက်သည်။

အမေရိကန်နိုင်ငံအနေဖြင့် နအဖစစ်အစိုးရက ဖမ်းဆီးထားသူများကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ကဲ့သို့ လူ
သားချင်းစာနာသည့်အကူအညီများပေးနေသော နိုင်ငံတကာအဖွဲ့အစည်းများနှင့်တွေ့ဆုံခွင့်ပေးရန် တောင်းဆိုကြောင်း
ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရှောင်မက်ကောမက်ခ်က “ဆန္ဒပြသူအများ အပြားဟာ ရက်ရက်
စက်စက် အရိုက်ခံရပြီး အစစ်ဆေးခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေ ပါတယ်” ဟု ပြောကြားပြီးဖမ်းဆီးထိန်း
သိမ်းခံနေရသူများ၏ အခြေအနေနှင့် ပတ်သက်၍ အမေရိကန်အစိုးရအနေဖြင့် စိုးရိမ်ပူပန်ကြောင်း ပြောသည်။.

ထို့ပြင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်လည်း အမေရိကန်နိုင်ငံက တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့်လ၌ နအဖစစ်အစိုးရက လောင်စာဆီဈေးနှုန်းကို ရုတ်တရက်မြှင့်တင်လိုက်သဖြင့် မြန်မာနိုင်ငံရှိ ဒေသအများ
အပြားတွင် လောင်စာဆီဈေးနှုန်းကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ထိုသို့ဆန္ဒပြလှုပ်ရှားခဲ့ကြသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် လူပေါင်း (၁၉၃) ဦးခန့်ကိုနအဖ
အာဏာပိုင်များက ဖမ်းဆီးချုပ်နှောင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ
နိုင်ငံ (အေအေပီပီ-ဘီ) က စာရင်းထုတ်ပြန်ထားသည်။

လွတ်လပ်မှုအတွက် ချီတက်တောင်းဆို ဆန္ဒပြသူများအား စစ်အစိုးရက နှိပ်ကွပ်နေခြင်းသည် ခွင့်မလွှတ်နိုင်စရာဖြစ်
ကြောင်း အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်ကလည်း ယခုလ (၅) ရက်၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင်ကျင်း
ပသည့် အာရှပစိဖိတ် စီးပွားရေးဆိုင်ရာထိပ်သီးညီလာခံ သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားခဲ့သည်။

လောင်စာဆီဈေးနှုန်းကျဆင်းရေး တောင်းဆိုဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်း
ဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးအပါအ၀င် (၁၃) ဦးကို အင်းစိန်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ထား
ကြောင်း သတင်းများထွက်ပေါ်နေသည်။

နအဖစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားပေါင်း (၁,၁၅၈) ဦးရှိကြောင်း အေအေပီပီ-
ဘီ၏ ယခုလ (၅) ရက် ထုတ်ပြန်သည့်စာရင်းတွင် ဖော်ပြထားသည်။ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: