ဂျပန်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်- DPA / ၁၂ စက်တင်ဘာ ၂၀၀၇

12-9-07_japanese.gifဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ရာထူးမှနုတ်ထွက်ကြောင်း တိုကျိုမြို့တွင် ယနေ့ကြေညာသည်။အာဖဂန်နိုင်ငံရှိ အမေရိကန်ဦးဆောင်သော စစ်ဆင်ရေးများ အတွက် အထောက်အကူလုပ်ငန်းများ ဆက်လက်ပေးသွား လိုသည့် ၎င်း၏လုပ်ငန်းစဉ် မအောင်မမြင်ဖြစ်ပြီးနောက် ယင်းသို့ ကြေညာခြင်းဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မဟာမိတ်တပ်များ၏ စစ်သင်္ဘော များကို ဂျပန်နိုင်ငံက လောင်စာဆီ ဆက်လက်ဖြည့်တင်း ပေးရေးကိစ္စနှင့်ပတ်သက်၍ ဂျပန်ဒီမိုကရက်တစ်ပါတီ (ဒီပီဂျေ) က ဦးဆောင်ဆန့်ကျင်ခဲ့သောကြောင့် မစ္စတာအာဘေးက ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မစ္စတာအာဘေးက လာမည့်နိုဝင်ဘာတွင် သက်တမ်းထပ်တိုးရန်ရှိသော အဆိုပါလောင်စာဆီ အထောက်အကူလုပ်ငန်းစဉ်များကို အထက်လွှတ်တော်တွင် နေရာအများစုရထားသည့် ဒီပီဂျေ ပါတီခေါင်းဆောင် အီချီအို အိုဇာဝါက ဦးဆောင်ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ၏ အဆိုပါ အထောက်အကူများသည် အာဖဂန်နိုင်ငံတွင် အမေရိကန်က ဦးဆောင်ပြုလုပ် နေသော စစ်ဆင်ရေးများအတွက် အလွန်အရေးကြီးသည့် အနေအထားဖြစ်သည်။

မစ္စတာအာဘေးက ၎င်းတွင် လူထုယုံကြည်မှုရရှိစေရန် ဆောင်ရွက်ပေးနိုင်မည့် ညီညွတ်သော အင်အားစုများ မရှိတော့ကြောင်း၊ လက်ရှိအခြေအနေတွင် လူထုယုံကြည်မှုနှင့် ထောက်ခံမှုမပါဘဲ လုပ်ငန်းစဉ်တခုအား ချမှတ်တင်သွင်းရန် ပို၍ခက်ခဲလာပြီဖြစ်ကြောင်း နုတ်ထွက်ကြောင်း ကြေညာ သည့် တိုကျိုသတင်းစာရှင်းပွဲ၌ ပြောသည်။

မစ္စတာအာဘေး ၀န်ကြီးချုပ်ဖြစ်လာသော ပြီးခဲ့သည့် တနှစ်မှစတင်၍ ၎င်း၏ ၀န်ကြီးအဖွဲ့ဝင် အများ အပြားသည် စုံစမ်းစစ်ဆေးမှုများခံခဲ့ရသည်။ ၎င်း၏အစိုးရအဖွဲ့မှ ၀န်ကြီး (၅) ဦး နုတ်ထွက်ခဲ့ပြီး တဦး မိမိကိုယ်မိမိသတ်သေသွားခဲ့သည်။

မစ္စတာအာဘေးက ပြီးခဲ့သည့်လကုန်ပိုင်းတွင် ဆန္ဒမဲပေးသူများ၏ ယုံကြည်မှုပြန်ရရှိစေရန်
ရည်ရွယ်၍ ၀န်ကြီးအပြောင်းအလဲပြုလုပ်ကာ အသစ်ခန့်အပ်ခဲ့သည့် စိုက်ပျိုးရေးဝန်ကြီးမှာလည်း ငွေကြေးဆိုင်ရာ အရှုပ်အထွေးများဖြင့် နုတ်ထွက်ခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင်က ကျင်းပခဲ့သော အထက်လွှတ်တော်ရွေးကောက်ပွဲတွင် နေရာအများစုကို စွန့်လွှတ် လိုက်ရပြီးနောက် မစ္စတာအာဘေးအား တာဝန်မှနုတ်ထွက်ပေးရန် မိခင်ပါတီဖြစ်သည့် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) အပါအ၀င် အတိုက်အခံတို့က ပိုမိုတောင်းဆိုလာခဲ့သည်။

အသက် (၅၂) နှစ်ရှိ မစ္စတာရှင်ဇိုအာဘေးသည် ယမန်နှစ် စက်တင်ဘာတွင် ၀န်ကြီးချုပ်အဖြစ် အရွေးခံခဲ့ရပြီး ၁၉၄၁ ခု နောက်ပိုင်း အသက်အငယ်ဆုံး ဂျပန်ဝန်ကြီးချုပ်ဖြစ်သည်။      ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: